Sport

ယူနိုက်တက်အသင်း ရလဒ်တွေကောင်းလာအောင် ဘာတွေပြုပြင်ပြောင်းလဲခဲ့ရလဲဆိုတာ ပြောပြလိုက်တဲ့ လီဆန်ဒရိုမာတီနက်ဇ်

အာဂျင်တီးနားလက်ရွေးစင်ကစားသမားဖြစ်သူ လီဆန်ဒရိုမာတီနက်ဇ်က အဖွင့်ပွဲစဉ်တွေမှာ ရလဒ်ပိုင်း မကောင်းမွန်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ကစားပုံရော ရလဒ်ပါ ကောင်းမွန်လာခဲ့တဲ့ အကြောင်းအရင်းက စိတ်ဓာတ်ပိုင်းပြောင်းလဲခဲ့လို့သာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ (၁) ပွဲလျော့ကစားထားပြီး အမှတ်ပေးဇယားထိပ်က အာဆင်နယ်ထက် (၆) မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ အောက်တိုဘာလအစမှာ မန်ချက်စတာဒါဘီပွဲကို ကစားရမှာဖြစ်ပြီး အနိုင်ရရှိပါက ဇယားထိပ်ကအသင်းတွေနဲ့ အမှတ်ကွာဟမှုနည်းပါးသွားမှာဖြစ်ပါတယ်။

သရဲနီတို့ဟာ ရာသီအစမှာ ဘရိုက်တန်အသင်းကို (၂-၁)၊ ဘရတ်ဖိုဒ့်အသင်းကို (၄-၀) ရလဒ်တို့နဲ့ (၂) ပွဲရှုံးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းတွေပွဲစဉ်တွေမှာ လီဗာပူးလ်၊ ဆောက်သမ်တန်၊ လက်စတာနဲ့ အာဆင်နယ်အသင်းတို့ကို ဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်က – “ ရာသီအစရလဒ်တွေက တော်တော်လေးဆိုးပါတယ် ကျနော်တို့ မလိုချင်ခဲ့တဲ့ရလဒ်တွေပါပဲ ဒါပေမယ့် ဘရတ်ဖိုဒ့်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ကျနော်တို့ ပြောင်းလဲနိုင်ခဲ့ပါတယ် စိတ်ဓာတ်နဲ့ ခွန်အားကို တိုးမြှင့်နိုင်ခဲ့ပါတယ် ဒါကြောင့် လီဗာပူးလ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့တာပါ

ပွဲစဉ်တွေကို တိုက်ပွဲဝင်လိုစိတ် အသင်းဖော်တွေနဲ့ နားလည်မှုရှိရှိကစားခဲ့ပါတယ် လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ပွဲစဉ်တွေမှာ ကျနော်တို့ တော်တော်ကောင်းခဲ့ပါတယ်

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ်ဆိုရင် ပြိုင်ဘက်အသင်းတွေဟာ ခက်ခဲတဲ့ ခံစားချက်ကြီးတစ်ခုကို ခံစားနေရပါပြီ” လို့ ပြောကြားခဲ့ပါတယ်

Zawggyi
ယူနိုက်တက်အသင်း ရလဒ်တွေကောင်းလာအောင် ဘာတွေပြုပြင်ပြောင်းလဲခဲ့ရလဲဆိုတာ ပြောပြလိုက်တဲ့ လီဆန်ဒရိုမာတီနက်ဇ်

အာဂျင်တီးနားလက်ရွေးစင်ကစားသမားဖြစ်သူ လီဆန်ဒရိုမာတီနက်ဇ်က အဖွင့်ပွဲစဉ်တွေမှာ ရလဒ်ပိုင်း မကောင်းမွန်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ကစားပုံရော ရလဒ်ပါ ကောင်းမွန်လာခဲ့တဲ့ အကြောင်းအရင်းက စိတ်ဓာတ်ပိုင်းပြောင်းလဲခဲ့လို့သာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ (၁) ပွဲလျော့ကစားထားပြီး အမှတ်ပေးဇယားထိပ်က အာဆင်နယ်ထက် (၆) မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ အောက်တိုဘာလအစမှာ မန်ချက်စတာဒါဘီပွဲကို ကစားရမှာဖြစ်ပြီး အနိုင်ရရှိပါက ဇယားထိပ်ကအသင်းတွေနဲ့ အမှတ်ကွာဟမှုနည်းပါးသွားမှာဖြစ်ပါတယ်။

သရဲနီတို့ဟာ ရာသီအစမှာ ဘရိုက်တန်အသင်းကို (၂-၁)၊ ဘရတ်ဖိုဒ့်အသင်းကို (၄-၀) ရလဒ်တို့နဲ့ (၂) ပွဲရှုံးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းတွေပွဲစဉ်တွေမှာ လီဗာပူးလ်၊ ဆောက်သမ်တန်၊ လက်စတာနဲ့ အာဆင်နယ်အသင်းတို့ကို ဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်က – “ ရာသီအစရလဒ်တွေက တော်တော်လေးဆိုးပါတယ် ကျနော်တို့ မလိုချင်ခဲ့တဲ့ရလဒ်တွေပါပဲ ဒါပေမယ့် ဘရတ်ဖိုဒ့်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ကျနော်တို့ ပြောင်းလဲနိုင်ခဲ့ပါတယ် စိတ်ဓာတ်နဲ့ ခွန်အားကို တိုးမြှင့်နိုင်ခဲ့ပါတယ် ဒါကြောင့် လီဗာပူးလ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့တာပါ

ပွဲစဉ်တွေကို တိုက်ပွဲဝင်လိုစိတ် အသင်းဖော်တွေနဲ့ နားလည်မှုရှိရှိကစားခဲ့ပါတယ် လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ပွဲစဉ်တွေမှာ ကျနော်တို့ တော်တော်ကောင်းခဲ့ပါတယ်

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ်ဆိုရင် ပြိုင်ဘက်အသင်းတွေဟာ ခက်ခဲတဲ့ ခံစားချက်ကြီးတစ်ခုကို ခံစားနေရပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

Credit