Sport

ယူနိုက်တက်ကစားသမား(၂) ဦးဟာ လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့ မထိုက်တန်ဘူးလို့ ဝေဖန်လိုက်တဲ့ ပေါလ်မာဆန်

မန်ချက်စတာယူနိုက်တက်ကစားသမားအများစုဟာ လာမယ့် ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ သက်ဆိုင်ရာ နိုင်ငံအသင်းတွေနဲ့ အတူ သွားရောက်ကစားကြရမှာဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမား (၂) ဦးဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ဟာ လက်ရှိမှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နေရှင်းလိဂ်ပွဲစဉ်တွေအတွက် ရွေးချယ်ခြင်းခံထားရတာဖြစ်ပါတယ်။ အဆိုပါ ကစားသမားနှစ်ဦးဟာ ယူနိုက်တက်အသင်းမှာ အရန်ခုံထိုင်နေရတဲ့ ကစားသမားတွေဖြစ်ပြီး ပွဲထွက်ခွင့်မရထားကြတာပါ။

မာဆွန်ကတော့ အကယ်၍ သူတို့ (၂) ဦးဟာ လာမယ့် လတွေမှာ ကလပ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမကစားရရင် အင်္ဂလန်လက်ရွေးစင်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ မပါဝင်သင့်ဘူးလို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

မာဆန်က “ ဂါးရက်ဆောက်ဂိတ်က ခန့်မှန်းရလွယ်တဲ့ သူတစ်ယောက်ပါ ဟယ်ရီမက်ဂွိုင်းယားကို လက်ရှိမှာ အင်္ဂလန်အတွက်ရွေးထားတာက အဆင်ပြေပါသေးတယ် ဘာလို့လဲဆိုရင် ကမ္ဘာ့ဖလားက ကစားရမှာ (၂) လ လောက်ကျန်သေးလို့ပါ ဒါပေမယ့် အကယ်၍ သူသာ လာမယ့်လတွေမှာ ယူရိုပါလိဂ်ပြိုင်ပွဲတစ်ခုပဲ ကစားထားရတယ်ဆိုရင် ကာတာမှာ သူ့ကို သုံးလို့မဖြစ်တော့ပါဘူး

ဒါက ဆောက်ဂိတ်ရဲ့ ပြဿနာပါပဲ သူက သစ္စာရှိလွန်းပါတယ် သူ မက်ဂွိုင်းယားနဲ့ လုခ်ရှောကို အခု အင်္ဂလန်အတွက်ရွေးလိုက်တယ်ဆိုတာ သူတို့ကို ပွဲတွေကစားစေချင်လို့ပါပဲ ဒါကြောင့် အဲ့ဒီနှစ်ယောက်စလုံး အီတလီနဲ့ ပွဲရော ဂျာမနီနဲ့ပွဲမှာပါ ကစားပါလိမ့်မယ်

လုခ်ရှောဟာ ကမ္ဘာ့ဖလားဝင်ရောက်ကစားခွင့်ရမယ်လို့ မထင်ပါဘူး သူ့အနေနဲ့ အပတ်တိုင်း ကလပ်အသင်းမှာ ကစားနေရဖို့လိုပါတယ် အခုတော့ သူက အရန်ခုံထိုင်နေရပါတယ် ပြီးတော့ အင်္ဂလန်မှာ အစွန်နောက်ခံလူကောင်းများစွာရှိပါတယ် သူ့အနေနဲ့ အရွေးခံရမှာမဟုတ်ပါဘူး

ကျနော်တို့မှာ ကိုင်းလ်ဝေါကာ၊ ရိစ်ဂျိမ်းစ်၊ ထရန့် အလက်ဆန်းဒါး အာနိုးလ်၊ ဘန်ချေဝဲလ်နဲ့ ကီရာရန် ထရစ်ပီယာတို့လို ကစားသမားမျိုးတွေရှိပါတယ် သူ့ကို မလိုအပ်ပါဘူး” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Zawggyi

Credit