Sport

အရံခုံတင်မက အသင်းကနေပါ ထွက်ခွာသွားနိုင်ခြေရှိတဲ့ မန်ယူအသင်းခေါင်းဆောင် ‌မက်ကွိုင်းယား

ရလဒ်မကောင်းခဲ့လို့ အပြစ်ရခံနေရတဲ့အထဲ မက်ကွိုင်းယားဟာ လူကြမ်းကြီး ဖြစ်ခဲ့ရတာပါ။ နည်းပြ အဆက်ဆက် သူ့ကို ဦးစားပေးသုံးခဲ့ပေမယ့် သူရဲ့ ခံစစ်ဟာ အားရဖွယ် မဖြစ်လာခဲ့ပါ။ဘောလုံးဝေဖန်သုံးသပ်သူအပါဝင် တခြားသတင်းမီဒီယာတွေကပါ Official တက်ပြီး မက်ဂွိုင်းယားရဲ့ခြေစွမ်းအပေါ် ဝေဖန်လာကြတာကိုတွေ့လာရပါတယ်။

ဂျူဗင်တပ်နဲ့ အီတလီ လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ချီလီနီကတော့ လတ်တလောမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲထွက် လူစာရင်း ကနေပါ ဖယ်ရှားခံထားရတဲ့ ယူနိုက်တက် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားဟာ ခံစစ်မှူးကောင်း တဦး ဖြစ်ပြီး မက်ဂွိုင်းယားဟာ မမျှတတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုသွားပါတယ်။

ဒါကမှားတယ်လို့မဆိုလိုပါဘူး။ သူ့အနေနဲ့ သူစွမ်းဆောင်ခဲ့တဲ့ပုံစံအတိုင်း လိုအပ်ချက်တွေအရ အတိကျပြန်ခံရတာပါ။ ယူနိုက်တက်မှာ မက်ဂွိုင်းယားတယောက်တည်းလားဆိုတော့ မဟုတ်ပါဘူး။ တခြားကစားသမားအချို့လဲပါဝင်ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယား‌ကတော့ ဆိုးဆိုးဝါးဝါးပါဘဲ။

သူကိုယ်တိုင်က ဒါတွေကဖြတ်ကျော် ချင်ပေမယ့် အခြေနေတွေက ဆက်တိုင်းဆိုသလို ခက်ခက်ခဲခဲရင်ဆိုင်နေရပြီး ကွင်းတွင်းစွမ်းဆောင်ရည်တွေကိုပါ အများကြီးထိခိုက်မူတွေရှိလာတယ်ဆိုတာကို Whoscore ကအချက်ကျ ကျထောက်ပြသွားပါတယ်။

ကျနော်တို့အသိုင်းဝိုင်းကတော့ ရှင်းပါတယ်။ ကို့ကစားသမားကောင်းရင်ကောင်းတယ်ပြောမယ်။ မကောင်းရင်ဆဲမယ်။ အတိုင်းထက်ပိုပြီးလွန်လာရင် ကာကွယ်မယ်။ ဒီလောက်ပါဘဲ။ တခြားအသုတ်စုံတွေကတော့ မန်ယူသတင်းနဲ့ ယူနိုက်တက်ကစားသမားအကြောင်းကို ရေးလိုက်ရမှအားရှိသွားတာမျိုးတွေပါ။

အခုလောလောဆယ်မှာ မက်ဂွိုင်းယားအနေနဲ့ အားပေးမူတွေတကယ်လိုအပ်နေတယ်ဆိုတာ အသိသာကြီးပါ။ အသင်းကိုစရောက်ရောက်ချင်းနှစ်မှာ အသင်းတွက် အများကြီးအထောက်ကူပြုခဲ့သလို ဒဏ်ရာရပြီးနောက်ပိုင်းခြေစွမ်းပြဖို့ရုန်းကန်လာရကနေ၊ ဝေဖန်မူ၊ ပြောင်းရွေ့ကြေးဖိအား၊ အသင်းကစားသမားတွေကြားတာဝန်သိစိတ်ကင်းမဲ့လာမူကနေ သူရဲ့ခြေစွမ်းကလဲ တစတစ ဆိုးဝါးလာတော့တာပါဘဲ။ Troll ဖို့သပ်သပ် ပေါင် သန်း(80)ပေးပြီးခေါ်လိုက်သလိုဖြစ်သွားပြီလို့တောင် ပြောရတော့မယ့်အခြေနေပါ။

နိုင်ငံအသင်းနည်းပြ၊ ဝီလီယမ်၊ လက်ချိုးရေလို့ရတဲ့တခြားပုဂ္ဂိုလ်တချို့ကသာ ကာကွယ်ပြီးပြောဆိုလာကြပေမယ့် ယခုအချိန်ထိမက်ဂွိုင်းယားအတွက် အားပေးမူတွေ ကင်းမယ့်နေပါသေးတယ်။ အသင်းကနေထွက်ခွာဖို့စာရင်းထဲမှာလဲ မက်ဂွိုင်းယားက ဦးဆောင်လျှက်ရှိပါတယ်။ အကောင်းဆုံးခြေစွမ်းနဲ့ပြန်လာနိုင်ပါစေ ကပ်ပတိန်ရယ်..။

Zawggyi

Credit