Sport

ခရိုအေးရှားအသင်းဘက်ကိုအံဩဖွယ်ဂိုးသွင်းခဲ့တဲ့ အဲရစ်ဆင်

ခရိုအေးရှားအသင်းဘက်ကိုအံဩဖွယ်ဂိုးသွင်းခဲ့တဲ့ အဲရစ်ဆင်

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ခရစ်စတီယာနိုအဲရစ်ဆင်ဟာကြာသပတေးနေ့ညကခရိုအေးရှားအသင်းနဲ့ဒိန်းမတ်အသင်းအတွက်ပါဝင်ကစားခဲ့ပါတယ်။

ဒိန်းမတ်အတွက်အဲရစ်ဆင်ရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီးမန်ချက်စတာယူနိုက်တက်ပရိသတ်တွေကအမွှမ်းတင်ချီးကျူးပြောဆိုနေကြပါတယ်။

ဒီနှစ်ရာသီရဲ့ပထမဆုံးနိုင်ငံဘောလုံးပြိုင်ပွဲများကြောင့် ပရီးမီးယာစလိဂ်စတဲ့လိဂ်အသင်းများအတွက်ပထမဆုံး အားလပ်ရက်ချိန်ခါလို့ဆိုရမှာပါ။ဒီနိုင်ငံတကာဘောလုံးပွဲတွေကတော့ ကာတာမဗာ ကျင်းပမည့်နိုဝင်ဘာလကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ နောက်ဆုံးအဆင့်ပွဲစဉ်များကိုကစားကြ‌ေနတာဖြစ်ပါတယ်။

တချို့အသင်းတွေခြေစမ်းပွဲများကစားနေချိန်တွင်ဥရောပနိုင်ငံအသင်းများကNations League ပုံစံဖြင့်ယှဉ်ပြိုင်ကစားနေကြတာဖြစ်ပါတယ်။

ယူနိုက်တက်ကြယ်ပွင့်ဟယ်ရီမက်ဂွိုင်းယားနှင့်လုခ်ရှောတို့က အင်္ဂလန်အသင်းကိုယ်စားပြုတဲ့ကစားသမားများအဖြစ် သောကြာနေ့ယနေ့မှာအီတလီနဲ့ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။

အဲရစ်ဆင်သာကြာသပတေးနေ့ကဒိန်းမတ်အသင်းအတွက်ခရိုအေးရှားနှင့်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။အလွန်လှပတဲ့သွင်းဂိုးကိုအဲ့ရစ်ဆန်ကသွင်းပြခဲ့တာကြောင့်ဒိန်းမတ်တို့ရဲ့

အရှုံးကသတင်းစာခေါင်းကြီးပိုင်းအဖြစ်မရောက်ခဲ့ကြောင်းမန်ချက်စတာယူနိုက်တတ်ညနေခင်းသတင်းစာကရှင်းပြပါတယ်။ကိုက်၃၀အကွာမှရလာတဲ့ဘောလုံးကိုလှည့်ကာအရှေ့ကိုအနည်းဆွဲကာဒိန်းမတ်အသင်းအတွက်ကန်သွင်းယူခဲ့တာပါ။

ဇော်ဂျီဖြင့်ဖတ်ရန်









Credit