Sport

ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှာလို့ ရဲရဲကြီးပြောချလိုက်တဲ့ အီလန်ဂါ

အန်တိုနီ အီလန်ဂါက လက်ရှိခြေစွမ်းကိုသာ ဆက်လက်ထိန်းသိမ်းထားနိုင်ရင် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ (၁) ပွဲလျော့ကစားထားပြီး အမှတ်ပေးဇယားထိပ်က အာဆင်နယ်ထက် (၆) မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ အောက်တိုဘာလအစမှာ မန်ချက်စတာဒါဘီပွဲကို ကစားရမှာဖြစ်ပြီး အနိုင်ရရှိပါက ဇယားထိပ်ကအသင်းတွေနဲ့ အမှတ်ကွာဟမှုနည်းပါးသွားမှာဖြစ်ပါတယ်။

သရဲနီတို့ဟာ ရာသီအစ (၂) ပွဲရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံး (၄) ပွဲဆက်ကို အနိုင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ အီလန်ဂါက ဆွီဒင်သတင်းဌာနနဲ့ အင်တာဗျူးမှာ ယူနိုက်တက်အနေနဲ့ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်စွမ်းရှိကြောင်း ပြောကြားသွားလိုက်တာဖြစ်ပါတယ်။

အီလန်ဂါက “ ဒီကိစ္စအကြောင်း ပြောဖို့ဆိုရင်တော့ နည်းနည်းလေး စောနေပါသေးတယ် ဒါပေမယ့် ကျနော်တို့ နောက်ဆုံးလေးပွဲကို အနိုင်ကစားခဲ့တဲ့ ခြေစွမ်းနဲ့ ဆက်လက်ကစားပြီး နိုင်ပွဲတွေရမယ်ဆိုရင်တော့ ရနိုင်ပါတယ်

အသင်းတိုင်းဟာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိပါတယ် ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး ပြိုင်ပွဲပါ အသင်းတိုင်းက အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်းရှိပါတယ် ဒါကြောင့် ကျနော်တို့ ဆက်လက် စောင့်ကြည့်ရမှာပါ”

အီလန်ဂါဟာ ဒီရာသီ ပရီးမီးယားလိဂ် (၆) ပွဲမှာ (၅)ပွဲကစားခွင့်ရထားပြီး (၂) ပွဲကတော့ လူစားဝင်အနေနဲ့ ကစားထားတာပါ။ ယူရိုပါလိဂ် (၂) ပွဲမှာလည်း (၁) ပွဲ ပွဲထွက်ခွင့်ရထားကာ (၁) ပွဲ လူစားဝင်ကစားထားတာဖြစ်ပါတယ်။ သူ့ရဲ့ ပွဲကစားချိန်တွေနဲ့ ပတ်သက်ပြီးတော့လည်း –

“ ဒီရာသီမှာ ကျနော်တို့ ပွဲအများကြီး မကစားရသေးပါဘူး ကစားသမျှ ပွဲတိုင်းနီးပါးတော့ ကျနော် ဝင်ကစားခွင့်ရထားပါတယ် ဒီအတွက် ကျနော် ပျော်ပါတယ် နည်းပြကလည်း ကျနော်နဲ့ အရမ်းအဆင်ပြေပါတယ် ကျနော်တို့အသင်းသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတည်ဆောက်ထားနိုင်ကြပါပြီ ဒီအတိုင်းရှေ့ဆက်သွားဖို့ပဲ လိုပါတယ်” ဆိုပြီး ပြောခဲ့လိုက်တာဖြစ်ပါတယ်။

Zawggyi
ဒီရာသီ ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တယ်လို့ ရဲရဲကြီးပြောချလိုက်တဲ့ အီလန်ဂါ

Credit