Sport

ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုကို ချက်ခြင်းအဖြေပြန်ပေးလိုက်တဲ့ ဒီပိုင်း

ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုကို ချက်ခြင်းအဖြေပြန်ပေးလိုက်တဲ့ ဒီပိုင်း

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ချက်စတာ ယူနိုက်တက်အသင်းသို့တစ်ဖန်ပြန်လည်ပြောင်းရွှေ့တော့မည့်ဟု သတင်းတွေထွက်ပေါ်ခဲ့သော်လည်း Memphis Depay ကဘာစီလိုနာမှာဆက်နေဖို့ဆုံးဖြတ်ခဲ့ပြီး ယခုအချိန်တွင် သူ့ရဲ့အနာဂတ်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Memphis Depay သည်ဘာစီလိုနာတွင်ကစားချိန်နည်းပါးသည့်အတွက် မပျော်မရွှင်ဖြစ်‌နေသော်လည်းပွဲထွက်ခွင့်တစ်နေရာအတွက် ဆက်လက်တိုက်ပွဲဝင်ရန်ဆန္ဒရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါသည်။

နယ်သာလန်လက်ရွေးစင်သည်ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် အီတလီကလပ်ဂျူဗင်တပ်သို့ပြောင်းရွှေ့ရန် အတော်လေးနီးစပ်ခဲ့သော်လည်းအပြောင်းအရွှေ့ပျက်ပျယ်သွားခဲ့ရတာ ဖြစ်ပါတယ်။ယူနိုက်တက်နည်းပြဟောင်းများဖြစ်သည့် လူးဝစ်ဗန်ဟားလ်နှင့်ဂျို့စ်မော်ရင်ညိုလက်ထက်၁၈လကြာ အိုးလ်ထရက်ဖို့ဒ်တွင်ကစားခဲ့ဖူးသောမန်း‌ဖစ်ဒီပေးကိုပြန်လည်ခေါ်ယူဖို့ ယခုနွေရာသီတွင် မန်ယူအသင်းအပြင်ချယ်လ်ဆီးအသင်းကလည်း ချိတ်ဆက်ခဲ့ပါသည်။

ဒါပေမယ့် သူဟာ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ Pierre-Emerick Aubameyangဟာ ​နောက်ဆုံးရက်မှာ ချဲလ်ဆီးကို ထွက်ခွာသွားခဲ့တာကြောင့်အသင်းမှာဆက်လက်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုငြင်းဆိုခဲ့ကြောင်းသတင်းတွေအရသိရသည်။သူဟာယခုအချိန်ထိဘာစီလိုနာအသင်းမှာ3ပွဲသာပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီးသွင်းဂိုး ၁ ဂိုးသွင်းယူထားနိုင်သော်လည်းမိနစ် 90 ပြည့်အောင်ကစားခွင့်မရသေးပေ။

နိုင်ငံတကာတာဝန်များထမ်းဆောင်နေစဉ် ESPN နှင့် Marca တို့နှင့်စကားပြောဆိုရာတွင် Depay ကလာလီဂါမှာပြီးခဲ့တဲ့ နှစ်ပတ်လောက်ကကျွန်တော်ဟာ နှစ်ပွဲကစားခွင့်ရခဲ့ပါတယ်။ဒါကမလုံလောက်ဘူး။မိနစ် 60 အပြီးမှာထွက်သွားပေမယ့်ကျွန်တော်ဒီထက်ကစားချိန်ပိုလိုချင်ပါတယ်။

ပွဲရဲ့နောက်ဆုံး25မိနစ်မှာနေရာလွတ်တွေပိုများလာပြီးအဲဒါကိုအခွင့်ကောင်းယူဖို့အမြဲတမ်းအခွင့်အရေးရှိပါတယ်။ကျွန်တော်ကပြိုင်ဆိုင်မှုကိုနှစ်သက်ပြီးပြိုင်ပွဲကနေမထွက်ချင်ပါဘူး။ဘာစီလိုနာမှာနေရတာကြိုက်ပါတယ်။

တခြားအသင်းတွေကိုကျွန်တော့်ကိုခေါ်ယူဖို့ကြိုးစားခဲ့ပြီး စာချုပ်တွေကမ်းလှမ်းခဲ့ပေမယ့်ကျွန်တော်ဘာစီလိုနာမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ယူနိုက်တက်မှာကျွန်တော့်ရဲ့ဇာတ်လမ်းအချို့ အဆုံးသတ်ဖို့ကျန်ရှိနေသေးပေမယ့်ဒီရွေးချယ်မှုအပေါ်နောင်တမရပါဘူး။

ဇော်ဂျီဖြင့်ဖတ်ရန်






