Sport

လက်ရွေးစင်လေကျင်းရေးကွင်းမှာ အချိတ်ဆက်မိမိကစားနေကြတဲ့ ကတ်စမဲရိုးနဲ့ အန်ထော်နီ

လက်ရွေးစင်လေကျင်းရေးကွင်းမှာ အချိတ်ဆက်မိမိကစားနေကြတဲ့ ကတ်စမဲရိုးနဲ့ အန်ထော်နီ

ယူနိုက်တက်ကစားသမားတွေဖြစ်ကြတဲ့အန်တိုနီနှင့်ကာစီမီရိုတို့ နှစ်ဦးစလုံးဟာနိုင့်ငံလက်ရွေးစင်အသင်းမှာပါဝင်ခွင့်ရရှိခဲ့ပါတယ်။

ခြေစွမ်းပွဲတွေဖြစ်ကြတဲ့ဂါနာနှင့်တူနီးရှားအသင်းတို့နှင့်ကစားရမည့်ပွဲစဉ်တွေအတွက်ဘရာဇီးလ်အသင်းနဲ့အတူလေကျင့်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။

အဲရစ်တန်ဟတ်ရဲ့ခေါ်ယူမှုတွေဖြစ်ကြတဲ့မန်ယူကစားသမားသစ် ကာစီမီရိုနှင့်အန်ထော်နီတို့ကတော့လာမည့်နှစ်များအတွင်း၎င်းတို့နှစ်ဦးထံမှ မျှော်လင့်နိုင်သည့်အရာများကိုယူနိုက်တက်ပရိသတ်တွေထံ အရိပ်အမြွက်ပြသလိုက်ပါတယ်။

ဒါကတော့ ဘရာဇီးလေ့ကျင့်ရေးကွင်းမှာ ယူနိုက်တက်ကစားသမားနှစ်ယောက် ကောင်းမွန်စွာချိတ်ဆက်ကစားခဲ့ကြတာပဲဖြစ်ပါတယ်။အဆိုပါဗွီဒီယိုဖိုင်ကို ဘရာဇီးလက်ရွေးစင်အသင်း၏ Instagram မှာတင်ထားတာဖြစ်ပြီး

ကတ်စမဲရိုးနဲ့ ပေးပို့မှုကနေတစ်ဆင့်အန်ထော်နီက ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။အဆိုပါဗွီဒီယိုဖိုင်ကိုကြည့်ရှုခဲ့တဲ့ ယူနိုက်တက်ပရိတ်သတ်တွေကတော့ကစားသမားနှစ်ယောက်စလုံးကို ကောင်းမွန်တဲ့ရေးသားမှုတွေပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိအချိနိမှာတော့ကတ်စမဲရိုးဟာယူနိုက်တက်အသင်းအတွက်ပုံမှန်ပွဲထွက်ခွင့်တော့မရရှိသေးဘဲအဲရစ်တန်ဟတ်အနေနဲ့ တိုမီနေးကိုသာပွဲထွက်ခွင့်ပေးထားတာပဲဖြစ်ပါတယ်။အဲရစ်တန်ဟတ်ကကတ်စမဲရိုးအနေနဲ့ပွဲထွက်ခွင့်အတွက်ကစားပုံချိတ်ဆက်မှုတွေလိုအပ်နေသေးတယ်လို့ဆိုထားပါတယ်။

အန်ထော်နီကတော့ သူ့ရဲ့ပွဲဦးထွက်ဖြစ်တဲ့အာဆင်နဲ့ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပြီးယူနိုက်တက်အသင်းနဲ့အတွက် ၃ပွဲကစားပေးထားပါတယ်။နိုင်ငံအသင်းအတွက်ကစားပေးရင်း ယူနိုက်တက်အသင်းအတွက်ကတ်စမဲရိုးနဲ့အန်တိုနီတို့ ဘယ်လိုတွေ အချိတ်အဆက်မိမိကစားလာနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဇော်ဂျီဖြင့်ဖတ်ရန်








Credit