Sport

ယူနိုက်တက်နဲ့ပတ်သတ်ပြီးဝန်ခံမှုတစ်ခု ပြုလုပ်ခဲ့တဲ့ ရာဖေးလ် ဗာရန်း

ယူနိုက်တက်နဲ့ပတ်သတ်ပြီးဝန်ခံမှုတစ်ခု ပြုလုပ်ခဲ့တဲ့ ရာဖေးလ် ဗာရန်း

ရီရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း Raphael Varane သည် ပြီးခဲ့တဲ့နွေရာသီတွင် မန်ချက်စတာ ယူနိုက်တက် အသင်း သို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၎င်းအတွက် သရဲနီကစားသမားဘဝ ပထမရာသီက ဆိုးရွားနေခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်

မန်ယူနောက်ခံလူ Raphael Varane သည် ပြီးခဲ့သည့်ရာသီက ၎င်း၏ရုန်းကန်ခဲ့ရမှုများနှင့် Erik ten Hag လက်ထက်တွင် ၎င်းတို့အားလုံး မည်ကဲ့သို့တိုးတက်စေခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ Varane သည် ယခုရာသီတွင် သရဲနီများအနိုင်ရရှိထားသည့် ပရီးမီးယားလိဂ် လေးပွဲစလုံးကို ပွဲထွက်ပါဝင်ခွင့် ရရှိထားသူဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့်ဟာ အင်္ဂလန်ဘောလုံးလောကရဲ့ ပထမဆုံးရာသီမှာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာများစွာရှိခဲ့ပြီး သူ့အတွက် ယူနိုက်တက်ကစားသမားဘဝ ပထမရာသီက လက်ခဲခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှ ပြောင်းရွှေ့လာပြီးနောက် သူဟာ ပြီးခဲ့တဲ့ရာသီကလိဂ်ပွဲ 22 ပွဲသာ ကစားခွင့်ရခဲ့သည်။

သို့သော်လည်း သူသည် ယခုရာသီသစ်မှာတော့ အသစ်ခေါ်ယူထားသော Lisandro Martinez ၊ Tyrell Malacia တို့နှင့်အတူ Erik Ten Hag လက်အောက်တွင် အဓိကကစားသမားတစ်ဦးအဖြစ် ပွဲထွက်ပါဝင်ခွင့်ရရှ်ိနေပြီဖြစ်သည်။

Varane သည် ပြင်သစ်၏ Nations League ပြိုင်ဘက်များဖြစ်သည့် Austria နှင့် Denmark ပွဲစဉ်များမတိုင်မီ မီဒီယာများနှင့် စကားပြောဆိုခဲ့ရာတွင် အိုးထရက်ဖိုဒ့်ကလပ်မှာ သူ့ရဲ့ကစားသမားဘဝအစနဲ့ ပတ်သက်ပြီးမေးမြန်းခံခဲ့ရပါတယ်။

ဟုတ်ပါတယ်။ကျွန်တော့်ရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမရာသီကခက်ခဲခဲ့ပါတယ်။ဒဏ်ရာပြဿနာနဲ့ ကြံ့ခိုင်မှုအားနည်းတာကြောင့် ပြီးခဲ့တဲ့ရာသီကအတော်လေးအဆင်မပြေဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်ဒီနှစ်ကတော့မနှစ်ကထက်အများကြီးပိုကောင်းပြီး မနှစ်ကထက်ကစားရတာပိုပျော်နေတယ်ဆိုတာဝန်ခံပါတယ်။ဟု ဗာရန်းကထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

ဇော်ဂျီဖြင့်ဖတ်ရန်








Credit