Knowledge

အိပ်နေတုန်းမှာ ရုတ်တရက် သိမ့်ခနဲ တုန်ရခြင်းရဲ့ အကြောင်းရင်း

အိပ်နေစဉ်အတွင်းအမြင့်တစ်ခုခုပေါ်ကပြုတ်ကျသလို၊ချော်လဲသလိုမျိုးကြောင့်ခန္ဓာကိုယ်ဆတ်ခနဲတုန်တက်လာရတဲ့၊ခံစားချက်မျိုးကို ကျွန်တော်တို့အားလုံး ကြုံဖူးကြပါလိမ့်မယ်။ဒီလိုမျိုးတွေခဏ၊ခဏဖြစ်တာဘာကြောင့်လဲဆိုတဲ့အဖြေကို၊

ဒီဆောင်းပါးလေးကနေတစ်ဆင့် စဖတ်ပရိတ်တို့နားလည်သိရှိရအောင်ရှင်းပြပေးသွားပါ့မယ်။တော်တော်များများက၊

တစ်ခုခုနဲ့တိုက်မိသလို၊တစ်စုံတစ်ယောက်ကရိုက်လိုက်သလိုမျိုးနဲ့တစ်နေရာရာက ပြုတ်ကျသလိုမျိုးကြောင့်အိပ်နေရင်းဆတ်ခနဲ တုန်သွားတတ်ကြပေမဲ့၊တချို့တလေကတော့တစ်ယောက်ယောက်က တက်ဖိထားသလို၊ညှစ်ထားသလိုမျိုးကြောင့် တုန်တတ်ကြပါတယ်။

သင်ဟာ ဒီလိုမျိုးမကြာခဏဖြစ်တတ်သူဆိုရင်တော့ကဖင်းဓာတ်နဲ့ ဆေးလိပ်တွေသုံးစွဲခြင်းကိုအမှန်တကယ်ကို လျော့ချသင့်ပါပြီ။

ဒါ့အပြင် ၎င်းဓာတ်နှစ်မျိုးဟာသင့်ရဲ့အိပ်စက်မှုတွေကိုပါထိခိုက်လာစေနိုင်ပါတယ်။အိုခေ ဒီလိုဆိုရင်ဘာကြောင့်အိပ်နေရင်းနဲ့၊အမြင့်တစ်နေရာပေါ်ကနေပြုတ်ကျသလိုခံစားရတာလဲဆိုတဲ့ခေါင်းစဉ်ဆီကို ပြန်သွားလိုက်ကြရအောင်ပါ။

ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊စိုးရိမ်ကြောင့်ကြမှုတွေနဲ့အိပ်စက်လိုက်တဲ့အခါခန္ဓာကိုယ်ကအိပ်စက်သွားပေမဲ့၊

ဦးနှောက်ကတော့ တကယ်တမ်းမအိပ်စက်သေးပါဘူး။ဒီအချိန်မျိုးမှာ ဦးနှောက်ကအိပ်စက်နေတဲ့ခန္ဓာကိုယ်ကိုနိုးထဖို့ အချက်ပြသတိပေးခြင်းပဲ ဖြစ်ပါတယ်။ဦးနှောက်က ခန္ဓာကိုယ်ကိုမြန်မြန်နိုးထစေဖို့ရာ အိမ်မက်အနေနဲ့ဖန်တီးသတိပေးလိုက်တာမျိုးလည်း ဖြစ်ပါတယ်။

Credit

Unicode