Knowledge

ယောကျာ်းတစ်ယောက်ရဲ့ကစားတာကို မခံရဖို့ မိန်းကလေးတိုင်း သိထားသင့်တဲ့အချက်များ

“ေယာက်ာ္းတစ္ေယာက္ရဲ႕ကစားတာကို မခံရဖို႔ မိန္းကေလးတိုင္း သိထားသင့္တဲ့အခ်က္မ်ား”

မိန္းကေလးေတြအေနနဲ႔ ေယာက်ာ္းေလးတစ္ေယာက္က ကိုယ့္ကိုခ်ဥ္းကပ္လာတဲ့အခါ သူဟာ ကိုယ့္ကိုခ်စ္လို႔ခ်ဥ္းကပ္လာတာလား၊ ကိုယ့္ကိုအေပ်ာ္တြဲခ်င္တာလား၊ဘာရည္႐ြယ္ခ်က္နဲ႔ ကိုယ့္အနားေရာက္လာလဲ ဆိုတာကို ရွင္းရွင္းလင္းလင္းသိနားလည္ဖို႔လိုပါတယ္။

ဒါေတြကို ေသခ်ာနားမလည္ဘူးဆိုရင္ေတာ့ ေယာက်ာ္းတစ္ေယာက္ရဲ႕ကစားတာကိုခံရႏိုင္ၿပီး ကိုယ့္ဘဝမွာ ကေမာက္ကမေတြ ျဖစ္တတ္ပါတယ္။

ဒီေတာ့ ေယာက်ာ္းတစ္ေယာက္ရဲ႕ ကစားတာမခံရေအာင္ သူကိုယ့္အနားေရာက္လာတာဟာ ဘာရည္႐ြယ္ခ်က္နဲ႔ခ်ဥ္းကပ္လာသလဲဆိုတာကို သိေအာင္လုပ္ပါ။

(၁) လက္ရွိအခ်ိန္ကိုပဲ အာ႐ုံစိုက္တာလား၊ အနာဂတ္အတြက္ အစီအစဥ္ရွိသူလားေယာက်ာ္းတစ္ေယာက္က ကိုယ့္ကိုခ်ဥ္းကပ္လာၿပီဆိုရင္ သူဟာ ကိုယ့္အေပၚဘယ္လိုသေဘာထားလဲဆိုတာ ရွင္းရွင္းလင္းလင္း သိနားလည္ဖို႔လိုပါတယ္။

ခ်စ္သူရည္းစားေတြ အဆင့္ေရာက္ဖို႔ ႀကိဳးစားလာၿပီဆိုရင္ေတာ့ သူရဲ႕အျပဳအမူတခ်ိဳ႕ကို ေလ့လာဖို႔လိုပါတယ္။

သူဟာ သင္နဲ႔အတူရွိတဲ့ အခ်ိန္ေတြမွာ ေပ်ာ္႐ႊင္ေနတယ္၊ သူနဲ႔ေတြ႕တဲ့အခ်ိန္ေတြမွာ သင့္ကိုေပ်ာ္ေအာင္ထားတယ္ ဒါေပမယ့္ အနာဂတ္အတြက္ေတာ့ ဘာမွ စဥ္းစားထားျခင္း မရွိဘူး၊

သူ႔ရဲ႕အနာဂတ္အစီအစဥ္ေတြနဲ႔ ပတ္သက္လို႔ သင္နဲ႔မေဆြးေႏြးဘူးဆိုရင္ေတာ့ သင့္ကို အေပ်ာ္သေဘာနဲ႔ ပတ္သက္တာျဖစ္ဖို႔မ်ားပါတယ္။(၂) ကိုယ္အဆင္ေျပတဲ့အခ်ိန္မွ ကိုယ့္အနားရွိတာလား၊ အခ်ိန္တိုင္းကိုယ့္အတြက္ရွိေနတာလား

သူဟာ ဘယ္လိုအခ်ိန္ေတြမွာ သင့္အနားရွိတတ္သလဲဆိုတာ ၾကည့္ပါ။

သင္အဆင္ေျပေနတဲ့အခ်ိန္၊ ဘာျပႆနာမွ မရွိတဲ့အခ်ိန္ေတြမွာ သင့္အနားရွိေနတတ္ၿပီး အခက္အခဲေတြျဖစ္ေနတဲ့အခ်ိန္၊

ၿပိဳလဲေနတဲ့အခ်ိန္မွာ ေပၚမလာဘူးဆိုရင္ေတာ့ အဲ့ဒီလိုလူမ်ိဳးအတြက္ အခ်ိန္ေပးၿပီး စဥ္းစားေနစရာမလိုပါဘူး။

သင္ေပ်ာ္႐ႊင္တဲ့အခ်ိန္၊ ဝမ္းနည္းတဲ့အခ်ိန္ ၊ အခ်ိန္ေတြတိုင္းသင့္အနားရွိတဲ့သူမ်ိဳးကိုသာ ေ႐ြးခ်ယ္ဖို႔စဥ္းစားသင့္ပါတယ္။

(၃) ကိုယ့္ကိုေျပာင္းလဲခ်င္သလား၊ ကိုယ့္ရဲ႕အရွိအတိုင္းလက္ခံသလားသင့္ရဲ႕နဂိုပုံစံကိုလက္ခံၿပီးခ်စ္တဲ့သူက သင့္ကိုတကယ္ခ်စ္တဲ့သူျဖစ္ၿပီး သင့္ရဲ႕နဂိုပုံစံကို ေျပာင္းလဲဖို႔ ႀကိဳးစားတတ္တဲ့သူက သင့္ကို ထိန္းခ်ဳပ္ခ်င္သူ၊ သင့္ဘဝကို ႀကိဳးကိုင္ခ်င္တဲ့သူ ျဖစ္ပါတယ္။

သင့္ရဲ႕အမွားကိုေထာက္ျပတာကို လက္ခံသင့္ေပမယ့္ သင့္ရဲ႕နဂိုပုံစံကိုေျပာင္းလဲဖို႔ ႀကိဳးစားလာရင္ေတာ့ လက္မခံသင့္ပါဘူး။

(၄) ကိုယ့္ခႏၶာကိုယ္ကို ခ်စ္တာလား၊ ကိုယ့္ရဲ႕အရာအားလုံးကို ခ်စ္တာလား

ခႏၶာကိုယ္နဲ႔ အခ်စ္ကိုသက္ေသျပခိုင္းတဲ့သူဟာ သင့္ကိုခ်စ္တာထက္၊ အေပ်ာ္တြဲတဲ့သူပဲ ျဖစ္ဖို႔မ်ားပါတယ္။လက္မထပ္ရေသးခင္မွာ ႏွစ္ဦးသေဘာတူအတူတူေနတာ အျပစ္လို႔ မဆိုႏိုင္ေပမယ့္ ဒီလိုနည္းနဲ႔ သက္ေသျပဖို႔ မျဖစ္မေနတြန္းအားေပးလာၿပီ ဆိုရင္ေတာ့ ဒီလိုလူကို ဆက္ၿပီး လက္မခံသင့္ပါဘူး။

ကိုယ့္ရဲ႕အရာအားလုံးကို ဆက္ခံႏိုင္တဲ့သူကမွ ကိုယ့္ရဲ႕တစ္ဘဝစာအတြက္သင့္ေတာ္တဲ့သူပါ။

Credit

Unicode

“ယောကျာ်းတစ်ယောက်ရဲ့ကစားတာကို မခံရဖို့ မိန်းကလေးတိုင်း သိထားသင့်တဲ့အချက်များမိန်းကလေးတွေအနေနဲ့ ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်လာတဲ့အခါ သူဟာ ကိုယ့်ကိုချစ်လို့ချဉ်းကပ်လာတာလား၊ ကိုယ့်ကိုအပျော်တွဲချင်တာလား၊

ဘာရည်ရွယ်ချက်နဲ့ ကိုယ့်အနားရောက်လာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းသိနားလည်ဖို့လိုပါတယ်။

ဒါတွေကို သေချာနားမလည်ဘူးဆိုရင်တော့ ယောကျာ်းတစ်ယောက်ရဲ့ကစားတာကိုခံရနိုင်ပြီး ကိုယ့်ဘဝမှာ ကမောက်ကမတွေ ဖြစ်တတ်ပါတယ်။

ဒီတော့ ယောကျာ်းတစ်ယောက်ရဲ့ ကစားတာမခံရအောင် သူကိုယ့်အနားရောက်လာတာဟာ ဘာရည်ရွယ်ချက်နဲ့ချဉ်းကပ်လာသလဲဆိုတာကို သိအောင်လုပ်ပါ။(၁) လက်ရှိအချိန်ကိုပဲ အာရုံစိုက်တာလား၊ အနာဂတ်အတွက် အစီအစဉ်ရှိသူလား

ယောကျာ်းတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်လာပြီဆိုရင် သူဟာ ကိုယ့်အပေါ်ဘယ်လိုသဘောထားလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနားလည်ဖို့လိုပါတယ်။

ချစ်သူရည်းစားတွေ အဆင့်ရောက်ဖို့ ကြိုးစားလာပြီဆိုရင်တော့ သူရဲ့အပြုအမူတချို့ကို လေ့လာဖို့လိုပါတယ်။

သူဟာ သင်နဲ့အတူရှိတဲ့ အချိန်တွေမှာ ပျော်ရွှင်နေတယ်၊ သူနဲ့တွေ့တဲ့အချိန်တွေမှာ သင့်ကိုပျော်အောင်ထားတယ် ဒါပေမယ့် အနာဂတ်အတွက်တော့ ဘာမှ စဉ်းစားထားခြင်း မရှိဘူး၊သူ့ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်လို့ သင်နဲ့မဆွေးနွေးဘူးဆိုရင်တော့ သင့်ကို အပျော်သဘောနဲ့ ပတ်သက်တာဖြစ်ဖို့များပါတယ်။

(၂) ကိုယ်အဆင်ပြေတဲ့အချိန်မှ ကိုယ့်အနားရှိတာလား၊ အချိန်တိုင်းကိုယ့်အတွက်ရှိနေတာလား

သူဟာ ဘယ်လိုအချိန်တွေမှာ သင့်အနားရှိတတ်သလဲဆိုတာ ကြည့်ပါ။

သင်အဆင်ပြေနေတဲ့အချိန်၊ ဘာပြဿနာမှ မရှိတဲ့အချိန်တွေမှာ သင့်အနားရှိနေတတ်ပြီး အခက်အခဲတွေဖြစ်နေတဲ့အချိန်၊

ပြိုလဲနေတဲ့အချိန်မှာ ပေါ်မလာဘူးဆိုရင်တော့ အဲ့ဒီလိုလူမျိုးအတွက် အချိန်ပေးပြီး စဉ်းစားနေစရာမလိုပါဘူး။သင်ပျော်ရွှင်တဲ့အချိန်၊ ဝမ်းနည်းတဲ့အချိန် ၊ အချိန်တွေတိုင်းသင့်အနားရှိတဲ့သူမျိုးကိုသာ ရွေးချယ်ဖို့စဉ်းစားသင့်ပါတယ်။

(၃) ကိုယ့်ကိုပြောင်းလဲချင်သလား၊ ကိုယ့်ရဲ့အရှိအတိုင်းလက်ခံသလား

သင့်ရဲ့နဂိုပုံစံကိုလက်ခံပြီးချစ်တဲ့သူက သင့်ကိုတကယ်ချစ်တဲ့သူဖြစ်ပြီး သင့်ရဲ့နဂိုပုံစံကို ပြောင်းလဲဖို့၊

ကြိုးစားတတ်တဲ့သူက သင့်ကို ထိန်းချုပ်ချင်သူ၊ သင့်ဘဝကို ကြိုးကိုင်ချင်တဲ့သူ ဖြစ်ပါတယ်။

သင့်ရဲ့အမှားကိုထောက်ပြတာကို လက်ခံသင့်ပေမယ့် သင့်ရဲ့နဂိုပုံစံကိုပြောင်းလဲဖို့ ကြိုးစားလာရင်တော့ လက်မခံသင့်ပါဘူး။(၄) ကိုယ့်ခန္ဓာကိုယ်ကို ချစ်တာလား၊ ကိုယ့်ရဲ့အရာအားလုံးကို ချစ်တာလား

ခန္ဓာကိုယ်နဲ့ အချစ်ကိုသက်သေပြခိုင်းတဲ့သူဟာ သင့်ကိုချစ်တာထက်၊ အပျော်တွဲတဲ့သူပဲ ဖြစ်ဖို့များပါတယ်။

လက်မထပ်ရသေးခင်မှာ နှစ်ဦးသဘောတူအတူတူနေတာ အပြစ်လို့ မဆိုနိုင်ပေမယ့် ဒီလိုနည်းနဲ့ သက်သေပြဖို့ မဖြစ်မနေတွန်းအားပေးလာပြီ ဆိုရင်တော့ ဒီလိုလူကို ဆက်ပြီး လက်မခံသင့်ပါဘူး။

ကိုယ့်ရဲ့အရာအားလုံးကို ဆက်ခံနိုင်တဲ့သူကမှ ကိုယ့်ရဲ့တစ်ဘဝစာအတွက်သင့်တော်တဲ့သူပါ။

Credit