Knowledge

ယောကျ်ားလေးတွေ လက်မလွှတ်နိုင်တဲ့ မိန်းကလေးဆိုတာ

ယောကျ်ားလေးတွေ လက်မလွှတ်နိုင်တဲ့ မိန်းကလေးဆိုတာ

ယောင်္ကျားလေးတွေ လက်မလွှတ် နိုင်သော မိန်းကလေး ဆိုတာ လောကကြီးမှာ ရှိပါတယ်။ ဒီစာလေးကို ယောင်္ကျားလေးတွေရော၊ မိန်းကလေးတွေ ကိုရော ဖတ်စေချင် ပါတယ်။(1) ဉာဏ်ထက်ပြီး သူနဲ့နေရင် ဉာဏ်ရည် တက်လာ တယ်လို့ ခံစား ရတယ်။

ဉာဏ်ကောင်းတဲ့ မိန်းကလေး ဆိုတာ စိတ်ဝင်စား စရာကောင်း ပါတယ်။ ကိုယ့်ထက်ဉာဏ်ကောင်းလို့ မနာလို မဖြစ် ပါနဲ့။

လူတစ်ယောက် နဲ့တစ်ယောက်ဟာ အားသာချက်တွေ တူညီမှု မရှိပါ။ ကိုယ့်ကို တိုးတက်စေမဲ့ သူက ဘေးနားမှာ ရှိတယ် ဆိုတာ ဝမ်းသာစရာပါ။(2) ကိုယ့်ရဲ့ အားသာချက် ဆိုတာ ဘာလဲဆိုတာကို ရှင်းပြပေးသူ-

အမှားလုပ်မိချိန်၊ အလုပ်က အဆင်မပြေဖြစ်ချိန်၊ အလုပ်သစ်ကို ကြိုးပမ်းနေချိန်၊ သူကကိုယ့်ကို အမြဲ အားပေးနေ တယ်။

အားပေးတာ တစ်ခုထဲ မဟုတ်ပဲ ကိုယ့်ရဲ့အားသာချက်က ဘာလဲ ဆိုတာကိုပါ သင်ပြပေး သူပါ။ ကမ္ဘာပေါ်မှာ မင်းက အတော်ဆုံးပဲ လို့ သူကပြောနေမှ ာပါ။(3) ဘယ်အချိန်မဆို ဘေးမှာရှိပြီး အားပေးနေသူ

ဘယ်အချိန် မှာမဆို ဘေးနားကနေ အားပေးနေပြီး သူရှိတော့ စိတ်ထဲမှာ တကယ်ကိုအေးချမ်းစေပါ တယ်။

(4) ဘယ်နေရာမှာ မဆို ကူညီ၊ အားပေးဖို့ရန် အသင့်ရှိနေသူ

စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်း ဆိုင်ရာ ဘယ်လို ပြသာနာတွေ ကြုံကြုံ သူက အနားမှာ အမြဲရှိနေ တတ်တယ်။ ကိုယ့်ရဲ့ရည်မှန်းချက် အိမ်မက်တွေ အတွက် သူကဖြည့်စီးပေးရန် အသင့် ရှိနေမှာပါ။(5) အထက်တန်း ကျသော အလှဖန်တီးရှင်

ပွဲလမ်းသွားစရာ ရှိနေချိန်မှာ ဘာမှ ကိုပြောစရာမလို အချိန်ရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သန့်ရှင်း သပ်ရပ်သော အလှ တရားကို ချက်ချင်း ဆိုသလို ဖန်တီး ဝတ်စား တတ်သူပါ။

(6) ပြန်ရဖို့ကို မတွေးသူ

လူများက ကိုယ့်ဘက် ကိုကြည့်ပြီး အကူအညီပေး တတ်သူက များပါ တယ်။ သူကတော့ ကူညီချင်လို့ကိုသာ ကူညီနေ သူဖြစ်ပြီး ၊

ဘာမှပြန်မရလဲ ပြသနာမ ရှိသူပါ။ စိတ်ရင်းနဲ့ ကူညီနေသူ တစ်ယောက်ပါ။(7) ပတ်ဝန်းကျင်ကို ပျော်ရွှင် တိုးတက်စေရန် စွမ်းဆောင်နိုင်သူ

ဘာတွေပဲဖြစ်ဖြစ် အကောင်းဘက် ကတွေးပြီး အားလုံးကိုလည်း အကောင်းဘက်က မြင်တတ်အောင်ပြသ နိုင်သူပါ။

(8) ပေါင်းသင်းဆက်ဆံရေး ကောင်းသူ

ဘယ်သူ့ကိုမဆို တည့်အောင်ပေါင်းသင်း ဆက်ဆံ တတ်သူပါ။ လူတန်းစားမခွဲ ယဉ်ယဉ်ကျေးကျေး ပြောဆို တတ်သူပါ။(9) အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်သူအလုပ်အတွက် အချိန်၊ မိသားစု အတွက် အချိန်ကို ကောင်းကောင်း ဇယားချပြီး အသုံးချတတ်သူပါ။

(10) မမောက်မာပဲ တည်ငြိမ်နေသောသူ

 

ကိုယ့်ရဲ့အကြောင်းကို ကိုယ်အသိဆုံး ဖြစ်ပြီး ဘယ်လိုပေါင်းသင်း ဆက်ဆံနေထိုင်သင့်တယ်ဆိုတာကို နားလည်နေ သူပါ။

Credit