Knowledge

ကောင်လေးတစ်ယောက် ကိုယ့်ကိုစိတ်ဝင်စားလာဖို့ ကြူနည်းများ

ကောင်လေးတစ်ယောက် ကိုယ့်ကိုစိတ်ဝင်စားလာဖို့ ကြူနည်းများ

၁။ သူနဲ့ စကားပြောတဲ့အချိန်သူနဲ့ စကားများများ ပြောဖြစ်တဲ့ ရက်တွေဆိုရင် အကြာကြီး စာမပြန်ဘဲ ချေထားတာမျိုး မလုပ်သင့်ပါဘူး။ ဒီလို ချေနေတာကြောင့် ကြူရတဲ့၊

အဓိက လိုရင်းကို မရောက်တော့ပါဘူး။ Message ကို အကြာကြီး Seen မပြဘဲ Deliver အခြေအနေနဲ့ ထားမယ် ဆိုရင်တောင် အများဆုံး ၁၀ မိနစ်ပဲ ထားသင့်ပါတယ်။

၂။ ညဘက်မှာ ပြောပါ

ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်နဲ့ ညဘက်မှာ Chat ရတာကို သဘောကျကြပါတယ်။ သူတို့က ညဘက်မှာ စိတ်ပိုအေးဆေးပြီး၊

သဘောကောင်းတတ်ကြပါတယ်။ သင်က သူ့စိတ်ဝင်စားမှု လိုချင်ရင် ညဘက်မှာ စကားများများ ပြောသင့်ပါတယ်။၃။ သူ့ဓာတ်ပုံ သင့်ဆီ ပို့လာခဲ့ရင်

သင့်ကို သူ့ဓာတ်ပုံ ပို့ပေးလာခဲ့ရင် သူကြည့်ကောင်းတယ်၊ သူချောတယ်လို့ ပြောပေးပါ။ သူ့ဘက်က ဒီလိုပြောလိုက်တဲ့အချိန်၊

ဘယ်လိုပြန်ပြောမလဲ စောင့်ကြည့်ပါ။ သင့်ကိုလည်း ချောတယ်လို့ ပြန်ပြောမလား ဒါမှမဟုတ် စကားလမ်းကြောင်း လွှဲမလား ကြည့်သင့်ပါတယ်။

၄။ သင် ဝတ်မယ့် ဝတ်စုံ

သင့်အဝတ်အစားတွေကို သူ့ရှေ့ ရောက်ရင် ဒါမှမဟုတ် သင်သူ့ကိုမြင်နိုင်တဲ့ အခြေအနေတိုင်းမှာ အနက်ရောင်နဲ့ အနီရောင်ကို ရွေးချယ်သင့်ပါတယ်။၅။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပါ

သူနဲ့ စကားပြောတဲ့အချိန်တိုင်း သင်က ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိသူဖြစ်ကြောင်း ထင်ဟပ်နေစေမယ့် စကားလုံးတွေကို ရွေးသင့်ပါတယ်။ ဒီလိုစကားလုံးတွေက သူ့အာရုံစိုက်မှုကို ပိုရစေပါတယ်။

၆။ ကိုယ့်အထာနဲ့ ကိုယ်နေပါ

သူကြိုက်အောင် ဆိုပြီး သူ့အကြိုက်လိုက်ပြီး စကားပြောတဲ့အချိန် အောက်ကျခံပြောတာမျိုး၊ သူကြိုက်အောင် လိုက်ပြောပေးတာမျိုး ၊

မလုပ်သင့်ပါဘူး။ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်နေသင့်ပါတယ်။ သူ စကားပြန်ပြောအောင် ကိုယ်က ခခယယ စကားလမ်းကြောင်း ပေးတာမျိုး မလုပ်သင့်ပါဘူး။၇။ ဓာတ္ပုံ

သင် ဓာတ်ပုံရိုက်တဲ့အချိန် မျက်နှာအပြည့် ပါအောင် ဓာတ်ပုံရိုက်တာမျိုး ဒါမှမဟုတ် Mirror Selfie ပုံစံမျိုး ဓာတ်ပုံရိုက်သင့်ပါတယ်။

ယောကျာ်းလေးတွေက မျက်နှာအပြည့်ပါတဲ့ ဓာတ်ပုံ၊ Mirror Selfie ပုံတွေကို သဘောကျကြပါတယ်။

Credit