Knowledge

တစ်ကြိမ်တည်း လုပ်ရုံနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းသွားစေတဲ့နည်း

လှတဲ့ သူတိုင်း ဆားဝက်ခြံ ရှိတယ်လို့ ကြားဖူးတယ် ။ ဒါပေမယ့် ဆားဝက်ခြံ ရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ် မထင်ပါဘူး ။

ဆားဝက်ခြံ တွေဟာ နှာခေါင်း ၊ မေးစေ့နှင့် ပါးပြင် တွေမှာ အများဆုံး ဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ် တာကြောင့် အတော် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ် ။ဒီထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေ ဖြစ်ပြီး မျက်နှာမှာ ကြည့်ရ ဆိုးပါတယ် ။ ဆားဝက်ခြံ သက်သာ စေတဲ့နည်း တွေကတော့ ၊

အများကြီး ရှိပါတယ်။ ဒီတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေး ကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ် ။ ဆားဝက်ခြံ ကို ပျောက်ကင်း စေရုံ သာမက အသားအရေကို ဖြူဝင်းပြီး စိုပြေ လာစေပါတယ် ။

ပထမဦးဆုံး လုပ်ရ မှာကတော့ သခွားသီးကို အကွင်းပုံစံ လှီးလိုက်ပါ ။ တစ်ခုဆို လုံလောက် ပါပြီ ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ ။ဒါဆိုရင်တော့ နှာခေါင်း ပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့ အတွက် အဆင်သင့်ဖြစ်ပါပြီ ။

ပြုလုပ်နည်း

ပထမဦးစွာ လက်ကိုင်ပုဝါ ( သို့ ) အဝတ်သန့်သန့်ကို ရေနွေးနွေး ထဲမှာစိမ်ပြီး ဆားဝက်ခြံ ရှိတဲ့ နှာခေါင်းပေါ်မှာ ဖိကပ် ပေးပါ မိနစ် အနည်းငယ် ဖိကပ်ပေးပါ ။

ဒီလို လုပ်ခြင်းအားဖြင့် ချွေးပေါက် တွေကို ကျယ်စေပြီး ဆားဝက်ခြံ ဖယ်ရှား နိုင်ဖို့ အတွက် ပိုပြီး အထောက်အကူ ဖြစ်ပါတယ် ။ထို့နောက် သကြားဖြူးထားသော သခွားသီးဖြင့် နှာခေါင်းကို ပွတ်ပေးပါ ။ အနည်းဆုံး ၅မိနစ် နှင့်အထက် သကြားများ ၊

အရည် ပျော်သည်အထိ ပွတ်ပေးရပါမယ် ။ ပွတ်ပြီး သွားလျှင်တော့ ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ ထို့နောက် ချွေးပေါက် ကျဉ်းသွားအောင် တိုနာ ( သို့ ) နှင်းဆီ ရည်ဖြင့် နှာခေါင်းကို လိမ်းပေးပါ ။

နှင်းဆီရေ ပြုလုပ်ပုံ

၁ ။ နှင်းဆီ ပွင့်ဖက်များကို သန့်ရှင်းသော ဇလုံတစ်လုံးထဲသို့ ခြွေထည့်ပါ ။

၂ ။ ခြွေပြီးသား ပွင့်ဖက်များကို ရေသန့်သန့်နှင့် ဆေးပါ ။၃ ။ ဆေးပြီးသား ပွင့်ဖက်များထဲသို့ ရေနွေးဆူဆူတစ်ခွက် လောင်းထည့်ပြီး ၅ မိနစ်ခန့်မွှေပါ ။

 

၄ ။ ပြီးလျှင်အအေးခံပြီး ပွင့်ဖက်များမပါအောင် အငွေ့လုံသော ဘူးသန့်သေးသေး တစ်လုံးထဲသို့ လောင်းထည့်ပါ ။

၅ ။ ဤအရေများကို နှင်းဆီရေအဖြစ် အသုံးပြုနိုင်ပါပြီ ။

တစ်ခါ လုပ်ရုံဖြင့် သိသိသာသာကို ဆားဝက်ခြံတွေ မရှိတော့တာ မြင်တွေ့ရမှာပါ ။ သင့်နှာခေါင်းမှာ ဆားဝက်ခြံတွေ ထူလပျစ် ဖြစ်နေတဲ့ နေ့မျိးဆိုရင် ဒီနည်းလမ်းလေးက ဖြေရှင်းပေးနိုင်မှာပါ ။နေ့စဉ်ပုံမှန် လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်လင် သန့်စင်လာစေပြီး ချွေးပေါက်တွေကျဉ်းသွားကာ ဆားဝက်ခြံများ နောက်ထပ် မဖြစ်ပေါ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။

Credit

Unicode

တစ်ကြိမ်တည်း လုပ်ရုံနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းသွားစေတဲ့နည်း

လှတဲ့ သူတိုင်း ဆားဝက်ခြံ ရှိတယ်လို့ ကြားဖူးတယ် ။ ဒါပေမယ့် ဆားဝက်ခြံ ရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ် မထင်ပါဘူး ။

ဆားဝက်ခြံ တွေဟာ နှာခေါင်း ၊ မေးစေ့နှင့် ပါးပြင် တွေမှာ အများဆုံး ဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ် တာကြောင့် အတော် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ် ။ဒီထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေ ဖြစ်ပြီး မျက်နှာမှာ ကြည့်ရ ဆိုးပါတယ် ။ ဆားဝက်ခြံ သက်သာ စေတဲ့နည်း တွေကတော့ အများကြီး ရှိပါတယ်။

ဒီတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေး ကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ် ။ ဆားဝက်ခြံ ကို ပျောက်ကင်း စေရုံ သာမက အသားအရေကို ဖြူဝင်းပြီး စိုပြေ လာစေပါတယ်။

ပထမဦးဆုံး လုပ်ရ မှာကတော့ သခွားသီးကို အကွင်းပုံစံ လှီးလိုက်ပါ ။ တစ်ခုဆို လုံလောက် ပါပြီ ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ

။ ဒါဆိုရင်တော့ နှာခေါင်း ပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့ အတွက် အဆင်သင့်ဖြစ်ပါပြီ ။ပြုလုပ်နည်း

ပထမဦးစွာ လက်ကိုင်ပုဝါ ( သို့ ) အဝတ်သန့်သန့်ကို ရေနွေးနွေး ထဲမှာစိမ်ပြီး ဆားဝက်ခြံ ရှိတဲ့ နှာခေါင်းပေါ်မှာ ဖိကပ် ပေးပါ မိနစ် အနည်းငယ် ဖိကပ်ပေးပါ ။

ဒီလို လုပ်ခြင်းအားဖြင့် ချွေးပေါက် တွေကို ကျယ်စေပြီး ဆားဝက်ခြံ ဖယ်ရှား နိုင်ဖို့ အတွက် ပိုပြီး အထောက်အကူ ဖြစ်ပါတယ် ။

ထို့နောက် သကြားဖြူးထားသော သခွားသီးဖြင့် နှာခေါင်းကို ပွတ်ပေးပါ ။ အနည်းဆုံး ၅မိနစ် နှင့်အထက် သကြားများ အရည် ပျော်သည်အထိ ပွတ်ပေးရပါမယ် ။ပွတ်ပြီး သွားလျှင်တော့ ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ ထို့နောက် ချွေးပေါက် ကျဉ်းသွားအောင် တိုနာ ( သို့ ) နှင်းဆီ ရည်ဖြင့် နှာခေါင်းကို လိမ်းပေးပါ ။

နှင်းဆီရေ ပြုလုပ်ပုံ ့

၁ ။ နှင်းဆီ ပွင့်ဖက်များကို သန့်ရှင်းသော ဇလုံတစ်လုံးထဲသို့ ခြွေထည့်ပါ ။

၂ ။ ခြွေပြီးသား ပွင့်ဖက်များကို ရေသန့်သန့်နှင့် ဆေးပါ ။

၃ ။ ဆေးပြီးသား ပွင့်ဖက်များထဲသို့ ရေနွေးဆူဆူတစ်ခွက် လောင်းထည့်ပြီး ၅ မိနစ်ခန့်မွှေပါ ။

၄ ။ ပြီးလျှင်အအေးခံပြီး ပွင့်ဖက်များမပါအောင် အငွေ့လုံသော ဘူးသန့်သေးသေး တစ်လုံးထဲသို့ လောင်းထည့်ပါ ။၅ ။ ဤအရေများကို နှင်းဆီရေအဖြစ် အသုံးပြုနိုင်ပါပြီ ။

တစ်ခါ လုပ်ရုံဖြင့် သိသိသာသာကို ဆားဝက်ခြံတွေ မရှိတော့တာ မြင်တွေ့ရမှာပါ ။ သင့်နှာခေါင်းမှာ ဆားဝက်ခြံတွေ ထူလပျစ် ဖြစ်နေတဲ့ နေ့မျိးဆိုရင် ဒီနည်းလမ်းလေးက ဖြေရှင်းပေးနိုင်မှာပါ ။

နေ့စဉ်ပုံမှန် လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်လင် သန့်စင်လာစေပြီး ချွေးပေါက်တွေကျဉ်းသွားကာ ဆားဝက်ခြံများ နောက်ထပ် မဖြစ်ပေါ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။

Credit