Knowledge

မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝအတိုင်းလေး လှနေစေဖို့ လိုက်နာရမယ့် အချက် (၁၀) ချက်

မိတ္ကပ္လိမ္းစရာမလိုဘဲ သဘာဝအတုိင္းေလး လွေနေစဖို႔ လိုက္နာရမယ့္ အခ်က္ (၁၀) ခ်က္

မိန္းကေလးေတြအေနနဲ႔ မိတ္ကပ္လိမ္းရတာက အခ်ိန္ေပးရျပီး စိတ္ရွည္ရတဲ့ ကိစၥတစ္ခုပါ။ မိတ္ကပ္ေလးလိမ္းမွ ပိုထူးျခားသြားျပီး ၊ကိုယ့္ကိုယ္ကို ယံုၾကည္မႈပိုရွိလာပါတယ္။ မိတ္ကပ္ဘယ္လိုလိမ္းရင္ ပိုလွမလဲဆိုျပီး Tutorial Video ေတြလုိက္ၾကည့္ရတာလည္း မိန္းကေလးေတြပါပဲ။

မိတ္ကပ္မလိမ္းဘဲ သဘာဝအတုိင္း လွႏုိင္ဖို႔ နည္းလမ္းေတြ ရွိပါတယ္။ မိတ္ကပ္ကို ေန႔တုိင္းလိမ္းတာက သင့္အသားအေရအတြက္ ေရရွည္မွာမေကာင္းပါဘူး။

ဒီေတာ့ မိတ္ကပ္မလိမ္းဘဲ လွျမဲတုိင္း လွေနေစမယ့္ နည္းလမ္းေတြကို သိထားဖို႔ လိုပါတယ္ေနာ္။

(1) တစ္ကိုယ္ေရသန္႔ရွင္းမႈရွိပါေစ

သန္႔သန္႔ရွင္းရွင္းေနတာက ကိုယ့္ရဲ႕ စိတ္ကို လန္းဆန္းေစပါတယ္။ တစ္ေန႔မွာတစ္ခါေတာ့ ပံုမွန္ေရခ်ိဳးေပးပါ။

သင္က မနက္ေစာေစာ တစ္ခါပဲ ေရခ်ိဳးတတ္တယ္ဆုိရင္ ညဘက္ အိပ္ခါနီး တစ္နာရီႏွစ္နာရီအလိုမွာ ေရတစ္ခါထပ္ခ်ိဳးေပးသင့္ပါတယ္။(2) အသားအေရကို အစိုဓာတ္ထိန္းပါ

စိုေျပျပီး တင္းရင္းတဲ့အသားအေရက မိတ္ကပ္မလိမ္းလည္း ေပၚလြင္ေနတတ္ပါတယ္။ ေရမ်ားမ်ားေသာက္ေပးပါ။ အစိုဓာတ္ထိန္းခရင္ကိုလည္း ပံုမွန္လိမ္းေပးပါ။

(3) မ်က္ႏွာပံုမွန္သစ္ပါ

မ်က္ႏွာသစ္တာကို မနက္တစ္ခါ ညတစ္ခါ ျပဳလုပ္ေပးပါ။ မ်က္ႏွာသစ္တာက အသားအေရေပၚက ဖုန္ေတြနဲ႔ အညစ္အေၾကးေတြကို ၊

ဖယ္ရွားေပးပါတယ္။ ကိုယ့္အသားအေရနဲ႔ သင့္ေတာ္တဲ့ မ်က္ႏွာသစ္ေဆးကို ေရြးခ်ယ္ပါ။

(4) ကိုယ္နဲ႔လုိက္တဲ့ ဆံပင္ပံုစံညွပ္ပါ

ဆံပင္ထိန္းသိမ္းတဲ့အခ်ိန္ စိတ္ခ်ရျပီး အရည္အေသြးမွီတဲ့ ဆိုင္ေတြကိုပဲ ေရြးခ်ယ္သင့္ပါတယ္။ မိတ္ကပ္မလိမ္းခ်င္သူတစ္ေယာက္အတြက္ ဆံပင္ပံုစံက အေရးပါပါတယ္။ႏူးညံ့ေပ်ာ့ေျပာင္းတဲ့ ဆံေကသာနဲ႔ ပံုက်တဲ့ ဆံပင္ေကက မိတ္ကပ္မလိမ္းထားလည္း လွေစပါတယ္။

(5) ကိုယ္နဲ႔လုိက္ဖက္တဲ့အဝတ္အစားကို ေရြးဝတ္ပါ

မ်က္ႏွာက မိတ္ကပ္နည္းတာေၾကာင့္ အဝတ္အစားကို ဂရုစိုက္သင့္ပါတယ္။ ဒါမွ တစ္ေနရာမထူးျခားလည္း အဝတ္အစားက သင့္အလွကို ပံ့ပိုးေနမွာပါ။

ကိုယ့္ ခႏၶာကိုယ္နဲ႔ ကြက္တိျဖစ္တဲ့ အဝတ္အစားေတြကို ေရြးခ်ယ္ပါ။

(6) အေရာင္ႏုႏုေလးေတြကို ဝတ္ပါ

အေရာင္လြင္တာေလးေတြဝတ္ေပးပါ။ အေရာင္ရင့္ေတြက သင့္မ်က္ႏွာကို ပိုရင့္သလိုျဖစ္ေစပါတယ္။ သဘာဝဆန္ဆန္ေလးလွေနဖို႔ အေရာင္ေဖ်ာ့တဲ့အဝတ္အစားေတြကို ေရြးဝတ္ပါ။

(7) ကိုယ္နဲ႔ လုိက္တဲ့အေရာင္ကို ေရြးပါ

သင့္အသားအေရကို ပိုလင္းသြားေစမယ့္ အဝတ္အစားအေရာင္ေတြကို ေရြးေပးပါ။(8) အနည္းဆံုး လိုက္ဖက္တဲ့ ဖိနပ္တစ္စံု ပိုင္ဆိုင္ထားပါေစ

သင္က မိတ္ကပ္မလိမ္းတာေၾကာင့္ တျခားေနရာေတြကို ထင္ရွားေအာင္ လုပ္ရပါမယ္။ ဒါေၾကာင့္ သင္နဲ႔လိုက္ဖက္တဲ့ ဖိနပ္တစ္စံုရွိထားသင့္ပါတယ္။

(9) မ်ားမ်ားျပံဳးပါ

ျဖဴစင္တဲ့ အျပံဳးတစ္ပြင့္က ဘယ္အရာနဲ႔မွ မယွဥ္ႏုိင္ေအာင္ လွပပါတယ္။ မိတ္ကပ္မလိမ္းထားလည္း အလွပဆံုးျပံဳးေပးပါ။

(10) ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိပါေစ

အေရးအႀကီးဆံုးကေတာ့ ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိတာပါ။ ကိုယ္လုပ္သင့္တာကို လုပ္ပါ။ တျခားသူေတြကို သိပ္ဂရုစိုက္မေနပါနဲ႔ေနာ္ ။

May Thu Soe

Credit

Unicode

မိန်းကလေးတွေအနေနဲ့ မိတ်ကပ်လိမ်းရတာက အချိန်ပေးရပြီး စိတ်ရှည်ရတဲ့ ကိစ္စတစ်ခုပါ။ မိတ်ကပ်လေးလိမ်းမှ ပိုထူးခြားသွားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာပါတယ်။မိတ်ကပ်ဘယ်လိုလိမ်းရင် ပိုလှမလဲဆိုပြီး Tutorial Video တွေလိုက်ကြည့်ရတာလည်း မိန်းကလေးတွေပါပဲ။

မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း လှနိုင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ မိတ်ကပ်ကို နေ့တိုင်းလိမ်းတာက သင့်အသားအရေအတွက်၊

ရေရှည်မှာမကောင်းပါဘူး။ ဒီတော့ မိတ်ကပ်မလိမ်းဘဲ လှမြဲတိုင်း လှနေစေမယ့် နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်နော်။

(1) တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါစေ

သန့်သန့်ရှင်းရှင်းနေတာက ကိုယ့်ရဲ့ စိတ်ကို လန်းဆန်းစေပါတယ်။ တစ်နေ့မှာတစ်ခါတော့ ပုံမှန်ရေချိုးပေးပါ။

သင်က မနက်စောစော တစ်ခါပဲ ရေချိုးတတ်တယ်ဆိုရင် ညဘက် အိပ်ခါနီး တစ်နာရီနှစ်နာရီအလိုမှာ ရေတစ်ခါထပ်ချိုးပေးသင့်ပါတယ်။(2) အသားအရေကို အစိုဓာတ်ထိန်းပါ

စိုပြေပြီး တင်းရင်းတဲ့အသားအရေက မိတ်ကပ်မလိမ်းလည်း ပေါ်လွင်နေတတ်ပါတယ်။ ရေများများသောက်ပေးပါ။ အစိုဓာတ်ထိန်းခရင်ကိုလည်း ပုံမှန်လိမ်းပေးပါ ။

(3) မျက်နှာပုံမှန်သစ်ပါ

မျက်နှာသစ်တာကို မနက်တစ်ခါ ညတစ်ခါ ပြုလုပ်ပေးပါ။ မျက်နှာသစ်တာက အသားအရေပေါ်က ဖုန်တွေနဲ့ အညစ်အကြေးတွေကို ၊

ဖယ်ရှားပေးပါတယ်။ ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ ။

(4) ကိုယ်နဲ့လိုက်တဲ့ ဆံပင်ပုံစံညှပ်ပါ

ဆံပင်ထိန်းသိမ်းတဲ့အချိန် စိတ်ချရပြီး အရည်အသွေးမှီတဲ့ ဆိုင်တွေကိုပဲ ရွေးချယ်သင့်ပါတယ်။

မိတ်ကပ်မလိမ်းချင်သူတစ်ယောက်အတွက် ဆံပင်ပုံစံက အရေးပါပါတယ်။ နူးညံ့ပျော့ပြောင်းတဲ့ ဆံကေသာနဲ့ ပုံကျတဲ့ ဆံပင်ကေက မိတ်ကပ်မလိမ်းထားလည်း လှစေပါတယ် ။(5) ကိုယ်နဲ့လိုက်ဖက်တဲ့အဝတ်အစားကို ရွေးဝတ်ပါ

မျက်နှာက မိတ်ကပ်နည်းတာကြောင့် အဝတ်အစားကို ဂရုစိုက်သင့်ပါတယ်။ ဒါမှ တစ်နေရာမထူးခြားလည်း အဝတ်အစားက သင့်အလှကို ပံ့ပိုးနေမှာပါ။ ကိုယ့် ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်တဲ့ အဝတ်အစားတွေကို ရွေးချယ်ပါ ။

(6) အရောင်နုနုလေးတွေကို ဝတ်ပါ

အရောင်လွင်တာလေးတွေဝတ်ပေးပါ။ အရောင်ရင့်တွေက သင့်မျက်နှာကို ပိုရင့်သလိုဖြစ်စေပါတယ်။ သဘာဝဆန်ဆန်လေးလှနေဖို့ အရောင်ဖျော့တဲ့အဝတ်အစားတွေကို ရွေးဝတ်ပါ။

(7) ကိုယ်နဲ့ လိုက်တဲ့အရောင်ကို ရွေးပါ

သင့်အသားအရေကို ပိုလင်းသွားစေမယ့် အဝတ်အစားအရောင်တွေကို ရွေးပေးပါ ။

(8) အနည်းဆုံး လိုက်ဖက်တဲ့ ဖိနပ်တစ်စုံ ပိုင်ဆိုင်ထားပါစေ

သင်က မိတ်ကပ်မလိမ်းတာကြောင့် တခြားနေရာတွေကို ထင်ရှားအောင် လုပ်ရပါမယ်။ ဒါကြောင့် သင်နဲ့လိုက်ဖက်တဲ့ ဖိနပ်တစ်စုံရှိထားသင့်ပါတယ်။(9) များများပြုံးပါ

ဖြူစင်တဲ့ အပြုံးတစ်ပွင့်က ဘယ်အရာနဲ့မှ မယှဉ်နိုင်အောင် လှပပါတယ်။ မိတ်ကပ်မလိမ်းထားလည်း အလှပဆုံးပြုံးပေးပါ ။

(10) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါစေ

အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာပါ။ ကိုယ်လုပ်သင့်တာကို လုပ်ပါ။ တခြားသူတွေကို သိပ်ဂရုစိုက်မနေပါနဲ့နော်။

May Thu Soe

Credit