Knowledge

အချစ်ရေးမှာ အသက်အရွယ်ကွာဟမှုက တကယ်အရေးပါသလား

အသက်က နံပါတ်သာဖြစ်ပြီး အချစ်က ထာဝရဖြစ်ပါတယ်။ အရောင်၊ ဘာသာစကား၊ နယ်မြေ၊ ကိုးကွယ်တဲ့၊

ဘာသာဘယ်လောက်ဘဲကွဲပြားခြားနားနေပါစေ တစ်ယောက်နဲ့တစ်ယောက် ချစ်နေသရွေ့ အတူတူနေထိုင်နိုင်ပါတယ်။ဒါပေမယ့် အသက်အရွယ် ကွာခြားလွန်းရင်ကော?အသက်အရွယ်သိသိသာသာကွာဟနေသူနှစ်ယောက်၊

အမြဲတမ်းအတူနေလို့ဖြစ်နိုင်ပါ့မလား? သူတို့ရဲ့အချစ်ရေးကရော အချိန်ကာလရဲ့စမ်းသပ်မှုကို ခံနိုင်ပါ့မလား။

ဒီဆောင်းပါးလေးမှာတော့ အချစ်ရေးမှာ အသက်အရွယ်ကွာဟမှုက တကယ်အရေးပါသလားဆိုတာကို မျှဝေပေးချင်ပါတယ်။

အသက်အရွယ်က အချစ်ရေးမှာ တကယ်အရေးပါသလားယေဘုယျအားဖြင့်တော့ ဒါကသိပ်အရေးမပါပါဘူး။

အချစ်ရေးက လူနှစ်ယောက်ကြား ဆက်သွယ်မှုနဲ့ နားလည်မှုပေါ်မှာ မူတည်ပါတယ်။စုံတွဲတစ်တွဲမှာ တစ်ယောက်ကတစ်ယောက်ကို ဂရုစိုက်ပေး၊ လေးစားပေး၊ချစ်ပေးနေသမျှ ကာလပါတ်လုံး ခိုင်မာတဲ့အချစ်ရေးရှိနိုင်ပါတယ်။ ကိုယ့်ထက် နှစ်အနည်းငယ် ပိုကြီးတဲ့ အိမ်ထောက်ဘက်တစ်ယောက်ရှိခြင်းကို ပုံမှန်လို့ သတ်မှတ်လို့ရပါတယ်။

သို့သော် အသက်ကွာခြားမှုက များလွန်းရင် ပုံမှန်မဟုတ်ဘူးလို ထင်ရနိုင်ပါတယ်။စုံတွဲအများစုဟာ အသက် ၃နှစ်မှ ၅နှစ်လောက် ကွာဟတာကို ပိုနှစ်သက်ကြပါတယ်။

သို့သော် အသက် ၁၅နှစ်မှ အနှစ်၂၀ ကွာဟခြင်း(သို့) အမျိုးသမီးပါတနာက အမျိုးသားထက် အသက်ကြီးနေတာမျိုးလည်း တွေ့ရနိုင်ပါတယ်။လေ့လာမှုတစ်ခုအရ အမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်လုံးဟာ သုံးနှစ်ခန့်ကွာဟတာကို နှစ်သက်တတ်ကြပြီး အမျိုးသားက ၊

အမျိုးသမီးထက် အသက်ကြီးတာကို ပိုနှစ်သက်ကြပါတယ်။ ထိုအပြင် အမျိုးသမီးတွေရဲ့ အမြင့်ဆုံးလက်ခံနိုင်ဖွယ် အသက်ကွာဟမှုက ၊

သူတို့အသက်ထက် ၁၀နှစ်ဖြစ်တဲ့အခါမှာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားတွေကတော့ သူတို့ထက် ပိုငယ်တဲ့ အမျိုးသမီးတွေနဲ့သာ အချစ်ရေးကို စဉ်းစားဖို့ ဆန္ဒရှိကြောင်း ဖော်ပြထားပါတယ်။

အခြားလေ့လာမှုတစ်ခုက အသက်ကွာဟမှုက အချစ်ရေးရဲ့ ကျရူံးမှု၊ အောင်မြင်မှုအတွက် အဆုံးအဖြတ်ပေးတဲ့ အချက်မဟုတ်ကြောင်း ဖော်ပြထားပါတယ်။အများစုက သူတို့ရဲ့ လက်တွဲဖော်တွေကို သူတို့ထက် နှစ်နှစ်ပိုကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကြိုက်ကြပါတယ်။အမျိုးသားတွေက သူတို့ထက်ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို ဒိတ်ဖို့၊

လက်ထက်ဖို့ ပိုနှစ်သက်ကြစဉ်မှာ အမျိုးသမီးတွေကတော့ သူတို့ထက် ငယ်ရွယ်တဲ့ အမျိုးသား (သို့) အသက်ကြီးတဲ့ အမျိုးသားကို လက်ခံနိုင်ဖွယ်ရှိပါတယ်။အသက်ကွာဟမှုကို လွှမ်းမိုးစေတဲ့ အချက်များ

ယဉ်ကျေးမှုရူထောင့်- ယဉ်ကျေးမှုရူထောင့်မှာ လိုက်နာကျင့်သုံးတဲ့ အကျင့်တွေဟာ တစ်ဦးချင်းအပေါ် လွှမ်းမိုးမှုရှိနိုင်ပါတယ်။

ဥရောပနှင့် အာရှနိုင်ငံတွေမှာ အမျိုးသားပါတနာ အသက်ကြီးတာကို နှစ်သက်ကြပြီး အသက်ကွာဟမှုက အများအားဖြင့်၊

၂နှစ်မှ ၃နှစ်ဝန်းကျင်ဖြစ်ပါတယ်။ တချို့ယဉ်ကျေးမှုတွေမှာ အသက် ၁၅နှစ်အထိ အသက်ကွာဟချက်ကို လက်ခံနိုင်ပါတယ်။

မိသားစုစီမံကိန်း- တကယ်လို့ လူတစ်ယောက်ဟာ လက်ထက်ပြီး ကလေးနောက်မှမွေးမယ်၊ နှစ်အနည်းငယ်ကြာမှသာ၊

မိသားစုဘဝကို စတင်ချင်တယ်ဆိုရင် ထိုကဲ့သို့သော ကိစ္စမျိုးမှာ အမျိုးသမီးက အမျိုးသားထက်ငယ်တာကို လိုချင်ပါလိမ့်မယ်။အသက်အရွယ်ဘယ်လောက်ဘဲကွာသည်ဖြစ်ပါစေ၊ relationship တစ်ခုမှာ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စောင့်ရှောက်ခြင်းနှင့်၊

ကြင်နာခြင်းရှိမယ်ဆိုရင်ရေရှည်လက်တွဲနိုင်မှာ ဖြစ်ပါတယ်။တကယ်လို့ ဒီအခြေခံအချက်တွေဟာ နဂိုအတိုင်းရှိနေတယ်ဆိုပါက အသက်အရွယ်ကွာဟမှုကို ပိုကောင်းအောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Credit