Knowledge

အချစ်ရေးကံမကောင်းဘူးဆိုပြီး စိတ်ဓာတ်မကျပါနဲ့ ဖူးစာရှင်အစစ်အမှန် မဟုတ်သေးလို့ပါ

တစ်နေ့မှာ လူတစ်ယောက်သင့်ဆီ ရောက်လာလိမ့်မယ်။သူက သင့်ရဲ့အရာရာကို လက်ခံလိမ့်မယ်။သင့်ကို အများကြီး ဂရုစိုက်လိမ့်မယ်။သင့်ကို ကာကွယ်ပေးလိမ့်မယ်။သင့်ကို အလုံးစုံ နားလည်နေလိမ့်မယ်။

သင့်အမှားတွေကို အပြစ်မမြင်၊အပြစ်မတင်ဘဲ သဘောထားပြည့်ဝစွာနဲ့အမှန်ပြင်ပေးပါလိမ့်မယ်။သူရှိတယ် လို့ တွေးလိုက်ရုံနဲ့အရာရာ ပြီးပြည့်စုံသွားသလိုသင် ခံစားရလိမ့်မယ်။သူက သင့်စိတ်၊ သင့်ခံစားချက်တွေကိုလုံခြုံစေပါလိမ့်မယ်။သင့်မျက်နှာကို မြင်နေရရုံနဲ့သူ ပြုံးပျော်နေလိမ့်မယ်။သင့်ကို အချိန်ပေးဖို့သူ အမြဲ ကြိုးစားနေပါလိမ့်မယ်။

သင့်ရဲ့ သံသယသေးသေးလေးအတွက်သူကတော့ အများကြီး ရှင်းပြပါလိမ့်မယ်။သင့်စိတ်နဲ့ပဲ သူနေပြီးသင့်ဆန္ဒတွေတိုင်းဟာ သူ့တာဝန် လို့ခံယူထားပါလိမ့်မယ်။သင်က သူ့ရဲ့အရာရာ ဖြစ်ပါတယ်။သင့်ရဲ့ ဘယ်ကိစ္စမဆိုသူပဲ လုပ်ပေးချင်နေမယ့်သူမျိုးပါ။သင့်ကို ကြည့်လိုက်ရုံနဲ့သင့်အတွေးတွေကိုပါ သိရှိနေမယ့်သူမျိုးပါ။

သင့်ကို အမြဲ ရှေ့တန်းတင် ဦးစားပေးပြီးသင် လဲကျမသွားအောင်လည်းထိန်းထားပေးမယ့်သူမျိုးပါ။

သင့်အတွက်ပဲ စဉ်းစားပြီးသင်ကသာ သူ့ဘဝအဖြစ်သတ်မှတ်ထားမယ့်သူမျိုးပါ။သင့်ကို မျက်ရည်မကျစေမယ့်သူမျိုးပါ။သင့်ကို အမြဲခွင့်လွှတ်နေမယ့်သူမျိုးပါ။

သူ့ဆီမှာ သင်နဲ့အတူ ဆိုတဲ့အနာဂတ်တွေ အများကြီး ရှိနေပါလိမ့်မယ်။သူက သင်မကြိုက်တဲ့အရာတွေကိုသင်ပြောစရာမလိုဘဲ ရှောင်ပေးလိမ့်မယ်။

ဒါပေမယ့် သင့်ဆီကသူမကြိုက်တဲ့ အရာတွေအတွက်တော့သူ ကျေကျေနပ်နပ်ကြီး ခွင့်ပြုပေးလိမ့်မယ်။ဘာလုပ်ပေးပါ လို့သင်တောင်းဆိုစရာမလိုဘဲသင်လိုအပ်သမျှကိုသူ့ဘာသာ လုပ်ပေးသွားပါလိမ့်မယ်။

သင့်ရဲ့စိတ်ချမ်းသာမှု၊သင့်ပျော်ရွှင်မှုအတွက်ဘာမဆို အဆင်သင့်ဖြစ်နေမယ့်သူပါ။သင့်ကို တန်ဖိုးထားမယ့်သူပါ။

သင်ကိုယ်တိုင်ကလည်း သူနဲ့ထပ်တူပါပဲ။သူ့ဆီက သင်ရနေတဲ့ အရာရာအတိုင်းသူ့ကို ပြန်ပေးချင်နေမှာပါ။

အဲ့ဒါကို Right Person လို့ ခေါ်ပါတယ်။ကျွန်တော် တို့အားလုံးမှာRight Person ရှိပြီးသားပါ။အချစ်ရေးကံမကောင်းဘူး ဆိုပြီးလည်းစိတ်ဓာတ်မကျပါနဲ့။သစ္စာဖောက်ခံရလို့လည်း မနာကြည်းပါနဲ့။

အသည်းကွဲရင်လည်း အရမ်းမငိုပါနဲ့။တစ်စုံတစ်ယောက်ကြောင့်နာကျင်ရရင်လည်း သိပ်မခံစားလိုက်ပါနဲ့။ဒါတွေအားလုံးဟာ သင့်ဆီကိုသင့်ရဲ့ Right Person ရောက်လာမယ့်Right Time မဟုတ်သေးလို့ပါပဲ။

Credit

Unicode

အချစ်ရေးကံမကောင်းဘူးဆိုပြီး စိတ်ဓာတ်မကျပါနဲ့ ဖူးစာရှင်အစစ်အမှန် မဟုတ်သေးလို့ပါ

တစ်နေ့မှာ လူတစ်ယောက်သင့်ဆီ ရောက်လာလိမ့်မယ်။သူက သင့်ရဲ့အရာရာကို လက်ခံလိမ့်မယ်။သင့်ကို အများကြီး ဂရုစိုက်လိမ့်မယ်။

သင့်ကို ကာကွယ်ပေးလိမ့်မယ်။သင့်ကို အလုံးစုံ နားလည်နေလိမ့်မယ်။သင့်အမှားတွေကို အပြစ်မမြင်၊အပြစ်မတင်ဘဲ သဘောထားပြည့်ဝစွာနဲ့အမှန်ပြင်ပေးပါလိမ့်မယ်။သူရှိတယ် လို့ တွေးလိုက်ရုံနဲ့အရာရာ ပြီးပြည့်စုံသွားသလိုသင် ခံစားရလိမ့်မယ်။

သူက သင့်စိတ်၊ သင့်ခံစားချက်တွေကိုလုံခြုံစေပါလိမ့်မယ်။သင့်မျက်နှာကို မြင်နေရရုံနဲ့သူ ပြုံးပျော်နေလိမ့်မယ်။သင့်ကို အချိန်ပေးဖို့သူ အမြဲ ကြိုးစားနေပါလိမ့်မယ်။

သင့်ရဲ့ သံသယသေးသေးလေးအတွက်သူကတော့ အများကြီး ရှင်းပြပါလိမ့်မယ်။သင့်စိတ်နဲ့ပဲ သူနေပြီးသင့်ဆန္ဒတွေတိုင်းဟာ သူ့တာဝန် လို့ခံယူထားပါလိမ့်မယ်။သင်က သူ့ရဲ့အရာရာ ဖြစ်ပါတယ်။သင့်ရဲ့ ဘယ်ကိစ္စမဆိုသူပဲ လုပ်ပေးချင်နေမယ့်သူမျိုးပါ။သင့်ကို ကြည့်လိုက်ရုံနဲ့သင့်အတွေးတွေကိုပါ သိရှိနေမယ့်သူမျိုးပါ။

သင့်ကို အမြဲ ရှေ့တန်းတင် ဦးစားပေးပြီးသင် လဲကျမသွားအောင်လည်းထိန်းထားပေးမယ့်သူမျိုးပါ။

သင့်အတွက်ပဲ စဉ်းစားပြီးသင်ကသာ သူ့ဘဝအဖြစ်သတ်မှတ်ထားမယ့်သူမျိုးပါ။သင့်ကို မျက်ရည်မကျစေမယ့်သူမျိုးပါ။သင့်ကို အမြဲခွင့်လွှတ်နေမယ့်သူမျိုးပါ။

သူ့ဆီမှာ သင်နဲ့အတူ ဆိုတဲ့အနာဂတ်တွေ အများကြီး ရှိနေပါလိမ့်မယ်။သူက သင်မကြိုက်တဲ့အရာတွေကိုသင်ပြောစရာမလိုဘဲ ရှောင်ပေးလိမ့်မယ်။

ဒါပေမယ့် သင့်ဆီကသူမကြိုက်တဲ့ အရာတွေအတွက်တော့သူ ကျေကျေနပ်နပ်ကြီး ခွင့်ပြုပေးလိမ့်မယ်။ဘာလုပ်ပေးပါ လို့သင်တောင်းဆိုစရာမလိုဘဲသင်လိုအပ်သမျှကိုသူ့ဘာသာ လုပ်ပေးသွားပါလိမ့်မယ်။သင့်ရဲ့စိတ်ချမ်းသာမှု၊သင့်ပျော်ရွှင်မှုအတွက်ဘာမဆို အဆင်သင့်ဖြစ်နေမယ့်သူပါ။သင့်ကို တန်ဖိုးထားမယ့်သူပါ။