Knowledge

လိုချင်တာတွေများနေရင် ရင်မောရတတ်တယ်

စိတ်ဓာတ်ကျတိုင်း အမြဲဖတ်ဖို့ ”

လိုချင်တာတွေများနေရင် ရင်မောရတတ်တယ် ။ဖြစ်ချင်တာတွေများနေရင် စိုးရိမ်နေရတတ်တယ် ။မျှော်လင့်တာတွေများနေရင် ပူပန်နေရတတ်တယ် ။

မလိုအပ်တဲ့အရာတွေကိုလည်း မခင်တွယ်မိစေနဲ့ ။စိုးရိမ်သောကတွေကိုလည်း လိုအပ်တာထက်မပိုနဲ့ ။မဖြစ်သေးတဲ့ကိစ္စကိုတွေးပြီး သောကမရောက်ပါနဲ့ ။လောကဓံဆိုတာမလိုချင်တာတွေလည်း ရလာတတ်တယ်။မဖြစ်ချင်တာတွေလည်းဖြစ်လာတတ်တယ်။ မမျှော်လင့်တာတွေလည်းကြုံလာရတတ်တယ်။

ကိုယ်လိုချင်တာတွေမရလို့လည်း စိတ်ညစ်မနေပါနဲ့”ကိုယ်မလိုချင်တာတွေရပြီး စိတ်ညစ်နေရတဲ့သူတွေလောကကြီးမှာ ဒုနဲ့ဒေးရှိနေပါတယ်။

”အတိတ်ကရခဲ့တဲ့ နာကျင်စရာတွေကို မေ့လိုက်ပါ”ဒါပေမဲ့ အဲ့ဒီကရလိုက်တဲ့ သင်ခန်းစာတွေကိုတော့ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့။

”ရင့်ကျက်မှုတွေရဖို့ မျက်ရည်တွေနဲ့ ရင်းခဲ့ရတယ်””ခွင့်လွှတ်တတ်ဖို့ သည်းခံစိတ်တွေ မွေးခဲ့ရတယ်””နာလည်ပေးဖို့ ဒေါသတွေ လျှော့ခဲ့ရတယ်””အဆင်ပြေသွားဖို့ ဖြစ်ချင်တာတွေ စွန့်လွှတ်ခဲ့ရလို့ပါ။ရင့်ကျက်မှုတွေရဖို့ မျက်ရည်တွေနဲ့ ရင်းခဲ့ရတယ်””ခွင့်လွှတ်တတ်ဖို့ သည်းခံစိတ်တွေ မွေးခဲ့ရတယ်””နာလည်ပေးဖို့ ဒေါသတွေ လျှော့ခဲ့ရတယ်””အဆင်ပြေသွားဖို့ ဖြစ်ချင်တာတွေ စွန့်လွှတ်ခဲ့ရလို့ပါ”

ပြောချင်တာကလောကဓံဆိုတာ လူတိုင်းကြုံနေရတာပါ..။

အောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့ပေါ့ဘယ်သူမှ တသမတ်တည်း မရှိနိုင်ပါဘူး..။ဒါဟာ သဘာဝပါပဲ…။

သဘာဝရဲ့ တခဏကိုထာဝရလို့ မထင်လိုက်ပါနဲ့လို့ ပြောလိုက်ပါရစေ။

ကြမ်းတမ်းတဲ့စကားကို ပြောဖို့ကြံရွယ်လိုက်တိုင်း ဆွံ့အပြီးစကားမပြောနိုင်သူများကို သတိရမိပါရစေ။အစားအသောက်မကောင်းလို့ စိတ်ညစ်မိတဲ့အခါတိုင်း စားစရာမရှိ၍ ငတ်ပြတ်နေသောသူများကို သတိရမိပါရစေ။

ကိုယ့်ဇနီးနဲ့မိသားစုကို စိတ်ကျေနပ်မှု မရှိကာစိတ်တိုဒေါသထွက်သည့်အခါတိုင်း တစ်ကိုယ်တည်းအဖော်မဲ့ကာ အထီးကျန်နေသူများကို သတိရမိပါရစေ။

ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်မိသည့်အခါတိုင်း ရှင်သန်ခြင်းဘဝအား စောစီးစွာကျောခိုင်းသွားရသူများကိုသတိရမိပါရစေ။

ကိုယ့်သားသမီးများကို စိတ်ကျေနပ်မှု မရှိသည့်အခါတိုင်းသားသမီးမရနိုင်၍ ယူကြုံးမရဖြစ်နေသူများကို သတိရမိပါရစေ။တစ်ယောက်ယောက်က စည်းကမ်းလိုက်နာမှု အားနည်းလို့ကိုယ့်အိမ်နဲ့ ပတ်ဝန်းကျင်အပေါ် မကျေမချမ်း၊စိတ်တို ဒေါသထွက်နေပါက နေစရာအိမ်မရှိလို့ လမ်းပေါ်အိပ်၊ လမ်းပေါ်စားနေရသူများကို သတိရမိပါရစေ။

ကားမောင်းရတဲ့လမ်းခရီးဟာ ရှည်လျားကြမ်းတမ်းလို့ ငြီးငွေ့၊ စိတ်တို ၊ဒေါသထွက်နေပါက အဲဒီလမ်းခရီးကိုပဲ လမ်းလျှောက်သွားနေရတဲ့ သူများကို သတိရမိပါရစေ။

ကိုယ့်အလုပ်မှာ ပင်ပန်းလွန်းလို့၊ အဆင်မပြေတာတွေကြုံရလို့မကျေမချမ်းဖြစ်ကာ စိတ်ညစ်နေပါကအလုပ်လုပ်ချင်သော်လည်း အလုပ်မရရှိကြသူများ၊အလုပ်ထုတ်ခံရသူများ၊ ကိုယ်အင်္ဂါချို့တဲ့သဖြင့်အလုပ်မလုပ်နိုင်သူများကို သတိရမိပါရစေ။တစ်စုံတစ်ယောက်ကို အပြစ်မြင်ကာ စိတ်တို၊ဒေါသထွက်နေပါကမိမိကိုယ်တိုင် အမှားတစ်ခုမဟုတ်တစ်ခု ပြုမိခဲ့ဖူးတာကိုသတိရမိပါရစေ။

အဆင်မပြေမှုများကြုံတွေ့ကာ စိတ်ဓာတ်ကျနေပါကအနည်းဆုံးတော့ အသက်ရှင်သန်နေသေးတယ်ဆိုတာကိုသတိရမိပါရစေ။]

Credit

Unicode