Knowledge

(၇)ရက်သားသမီးများအတွက် အိမ်ထောင်းရေး ဟောကိန်းများ

(၇)ရက်သားသမီးများအတွက် အိမ်ထောင်းရေး ဟောကိန်းများ(၁) အမျိုးသား (တနင်္ဂနွေ) + အမျိုးသမီး (တနင်္ဂနွေ)၊

ထိုသူနှစ်ဦး၏ အိမ်ထောင်ရေး မေတ္တာခရီးလမ်းသည် လေးနက်ခိုင်မြဲပါလိမ့်မည်။(၂) အမျိုးသား (တနင်္လာ) + အမျိုးသမီး (တနင်္လာ)ထိုသူနှစ်ဦးအဖို့ စီးပွားရေး ဖြစ်ထွန်းတတ်ပါသည်။

(၃) အမျိုးသား (အင်္ဂါ) + အမျိုးသမီး (အင်္ဂါ)အမျိုးသားသည် ဦးစြာ မုဆိုးဖိုဘဝသို့ ရောက်တတ်၏။

(၄) အမျိုးသား (ဗုဒ္ဓဟူး) + အမျိုးသမီး (ဗုဒ္ဓဟူး)စိတ်သောကတို့ ရောက်ရမလွဲပါ။ သောကငြိမ်းအေးနေနိုင်ရေးကို ကြံစည်တွေးတော လုပ်ဆောင်ပါလေလော့။

(၅)အမျိုးသား(ကြာသပတေး)+အမျိုးသမီး(ကြာသပတေး)တူနှစ်ကိုယ်ပေါင်းဖက်သည့် သကာလ ချမ်းသာသုခနှင့် ပြည့်စုံပါလိမ့်မည်။(၆) အမျိုးသား (သောကြာ)+အမျိုးသမီး (သောကြာ)ရွှေတွဲလွဲ၊ ငွေတွဲလွဲ အိမ်ကောင်းသာကောင်းများ ပိုင်ဆိုင်လျက် ချမ်းတောင့်ချမ်းသာစွာ နေရတတ်သည်။

(၇) အမျိုးသား (စနေ) + အမျိုးသမီး (စနေ)သေလွယ်ပျောက်လွယ် ဖြစ်တတ်သည်။

(၈) စနေနှင့် တနင်္ဂနွေတို့ ယူမိကြလျှင်မတည့်အတူနေဆိုသကဲ့သို့ ဖြစ်မည်။စီးပွားလည်း တက်သင့်သလောက် မတက်။လူလတ်တန်းစားအဆင့်မျိုးသာ ရှိနေမည်။

(၉)တနင်္ဂနွေနှင့် တနင်္လာတို့ ယူမိကြလျှင်စီပွားဖြစ်သကဲ့သို ရန်လဲခနခနဖြစ်မည်။သားသမီကိစ္စနှင့် ပတ်သက်၍ ပူပင်သောကရောက်ရတတ်သည်။

(၁၀) တနင်္လာနှင့် အင်္ဂါတို့ ယူမိကြလျှင်သဘောထားချင်း အမြဲလိုလိုကွဲလွဲနေတတ်သည်။နောက်ဆုံး ကွာရှင်းပြတ်စဲသည့် အခြေအနေသို့ပင် ရောက်ရှိတတ်၏။(၁၁) အင်္ဂါနှင့် ဗုဒ္ဓဟူးတို့ ယူမိကြလျှင်ဆေးဖိုးဝါးခများ ကုန်ကျမည်။ စားဝတ်နေရေးမှာလည်းနိမ့်ကျပြီး ဆင်းရဲကောင်းဆင်းရဲတတ်ပါသည်။

(၁၂) ကြာသပတေးနှင့် ဗုဒ္ဓဟူးတို့ ယူမိကြလျှင်စားဝတ်နေရေး အတော်အတန် အဆင်ပြေပါလိမ့်မည်။

(၁၃) ကြာသပတေးနှင့် သောကြာတို့ ယူမိကြလျှင်သောကဗျာပါဒတို့ များနေပါလိမ့်မည်။

(၁၄) သောကြာနှင့် စနေတို့ ယူမိကြလျှင်ထစ်ခနဲဆို စကားများမည်၊ ရန်ဖြစ်မည်၊ အိမ်ထောင်သက်ကြာလေ စိတ်ညစ်ရလေ ဖြစ်တတ်သည်။

(၁၅) တနင်္လာနှင့် စနေတို့ ယူမိကြလျှင်ရှာဖွေ၍ရပြီး ဘဝအခြေအနေ ကောင်းပါလိမ့်မည်။သို့ရာတွင် တစ်ယောက်နှင့်တစ်ယောက် ကတောက်ကစ ရှိနေလိမ့်မည်။(၁၆) တနင်္လာနှင့် ကြာသပတေးတို့ ယူမိကြလျှင် ချမ်းတောင့်ချမ်းသာ နေကြရပါမည်။ သို့ရာတွင် အမြဲတစေသင့်မြတ်ခြင်း မရှိကြပါ။

(၁၇) တနင်္လာနှင့် သောကြာတို့ ယူမိကြလျှင်မိတ်ဖက်မဟုတ်သော်လည်း ရေရှည်မှာမူ စီးပွားရေး တိုးတက်ဖွံ့ဖြိုးတတ်ပါသည်။

(၁၈) ကြာသပတေးနှင့် အင်္ဂါတို့ ယူမိကြလျှင်ချမ်းတောင့်ချမ်းသာ နေရမည်။ ရိုးမြေကျ ပေါင်းသင်းသွားရပါမည်။

(၁၉) အင်္ဂါနှင့် သောကြာတို့ ယူမိကြလျှင်ချမ်းသာသုခနှင့် ပြည့်စုံမည်။ ၎င်းတို့၏ ချစ်ခြင်းသည် အပေါင်းအသင်း မေတ္တာမျိုး ဖြစ်ပါသည်။

(၂၀) အင်္ဂါနှင့် စနေတို့ ယူမိကြလျှင်အစပထမ၌ ပဋိပက္ခကလေးတွေ ရှိနေတတ်သည်။နောက်မှ ပြေလည်မှုရရှိလာပြီး အစစအရာရာ တိုးတက်ကောင်းမွန်လာလိမ့်မည်။(၂၁) တနင်္ဂနွေနှင့် အင်္ဂါတို့ ယူမိကြလျှင်အကျိုးပေးဆိုးပါသည်။တစ်ယောက်နှင့် တစ်တစ်ယောက်ညှိ၍ မရသကဲ့သို့ စီးပွားရေးလည်း မဖြစ်တတ်ပါ။

(၂၂) အင်္ဂါနှင့် ဗုဒ္ဓဟူးတို့ ယူမိကြလျှင်စိတ်ဆင်းရဲရမည့် အိမ်ထောင်ရေးဖြစ်ပြီး ဆင်းရဲတွင်းသံသရာ၌ လည်၍နေမည်။

(၂၃) ကြာသပတေးနှင့် စနေတို့ ယူမိကြလျှင်စိတ်မချမ်းသာစရာများ လွှမ်းခြုံ၍ နေပါလိမ့်မည်။

(၂၄) စနေနှင့် ဗုဒ္ဓဟူးတို့ ယူမိကြလျှင်အတိုင်းထက်အလွန် တံခွန်နှင့် ကုက္ကားဆိုသကဲ့သို့ လိုက်ဖက်ပြီး ချမ်းသာသုခနှင့် ပြည့်စုံပါလိမ့်မည်။

(၂၅) သောကြာနှင့် ကြာသပတေးတို့ ယူမိကြလျှင်စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်တတ်ပါသည်။

(၂၆)တနင်္ဂနွေနှင့် သောကြာတို့ ယူမိကြလျှင်မိမိတို့ကြားတွင် ပြဿနာလုံးဝမရှိသော်လည်း ကြားအနှောက်အယှက် နှစ်ဖက်ဆွေမျိုးများကြောင့်စိတ်သောကရောက် ခနခန ရန်ဖြစ်စကားများတတ်သည်။

(၂၇)တနင်္လာနှင့် ဗုဒ္ဓဟူးတို့ ယူမိကြလျှင်အတူမနေရပဲ ခွဲခွာနေရတတ်ပါသည်။ရှင်လျက်နဲ့ဝေးဆိုသကဲ့သို့ လွမ်းနေဆွေးနေရတတ်ပါသည်။

(၂၈)သောကြာနှင့် ဗုဒ္ဓဟူးတို့ ယူမိကြလျှင်အိမ်ထောင်ဘဝ ဖြောင့်ဖြူးသော်လည်း မိမိကတစ်နေရာ အိမ်ထောင်ဖက်ကတစ်နေရာ ဖြစ်နေတတ်ပါသည်။

(၂၉)တနင်္ဂနွေ နှင့် ဗုဒ္ဓဟူးတို့ ယူမိကြလျှင်ရန်ဖြစ်လေချမ်းသာလေဖြစ်သည်။အမြဲတမ်း ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေမည်။သို့ပေမဲ့ အိမ်ထောင်ကွဲတာမျိုး/ပျက်သွားမျိုး မရှိပါ။

(၃၀) ယောက်ျားစနေ၊ မိန်းမ တနင်္ဂနွေဆိုပါလျှင်ဘဝအခြေအနေ စိုပြည်တင့်တယ်မည်။

(၃၁) ယောက်ျားဗုဒ္ဓဟူး၊ မိန်းမ တနင်္ဂနွေဆိုပါလျှင်စိတ်ချမ်းသားမှု နည်းပါလိမ့်မည်။

(၃၂)ယောက်ျားတနင်္ဂနွေ၊မိန်းမကြာသပတေးဆိုပါလျှင်အိမ်ထောင်ရေး စိုပြည်သာယာမည်။(၃၃) ယောက်ျားအင်္ဂါ၊ မိန်းမ စနေဆိုပါလျှင်စီးပွားဥစ္စာ တိုးတက်ဖြစ်ထွန်းပါလိမ့်မည်။အချစ်ရေး/ အိမ်ထောင်ရေးမေးမြန်ချင်သူများ

ဆရာအောင်ပိုင်ဖြိုး

09-773353203

Credit