Knowledge

မိန်းကလေးတွေက ရွယ်တူ၊အငယ်တွေထက် ကိုကိုမှကိုကိုဖြစ်နေရတဲ့ အကြောင်းအရင်း(၅)ချက်

အခုနောက်ပိုင်းမှာ ကိုယ်နဲ့သက်တူရွယ်တူတွေ ၊ မောင်လေးတွေထက်စာရင်ကိုယ့်ထက်အသက်ကြီးတဲ့ ကိုကိုတွေနဲ့ပဲ ချစ်သူဖြစ်ချင်ကြတဲ့ မိန်းကလေးတွေ ပိုများလာပါတယ် ။ကိုကိုတွေကိုတော့ မိန်းကလေးတွေက အချက် (၅)ချက်ကြောင့် ရွေးချယ်လာကြတာ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကတော့။

(၁) ကိုကိုတွေက လုံခြုံမှုပေးတယ်မိန်းကလေးအများစုက ကိုယ့်ရဲ့လက်တွဲဖော်ကို ကိုယ်မှီခိုအားထားလို့ရမယ့်သူမျိုးပဲ ဖြစ်စေချင်ကြတယ် ။

သူတို့ရဲ့နေ့စဉ်ဘဝမှာလည်း လုံခြုံမှုပေးတဲ့သူမျိုး ၊ အခက်အခဲတွေကြုံလာရင်လည်း ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့ အားကိုးရတဲ့သူမျိုးကိုပဲ ရွေးချယ်ချင်ကြတာပါ ။

ဒီလိုအချက်တွေကို ကိုယ့်ထက်အသက်ကြီးတဲ့ ကိုကိုတွေမှာပဲတွေ့ရတတ်တာပါ ။(၂) အလေးအနက်ထားပြီး လေးလေးစားစားဆက်ဆံတယ်မိန်းကလေးတွေဆိုတာ ကြေကွဲဝမ်းနည်းလွယ်တယ် ။

သူတို့နဲ့ပတ်သတ်တဲ့ အရာတွေအကုန်လုံးကိုလည်း အလေးအနက်ထားစေ ချင်ကြပါတယ် ။

ဥပမာ – မွေးနေ့တို့ ၊ ချစ်သူသက်တမ်းနှစ်ပတ်လည်တို့ ။ ဒီလိုအရာတွေကို မောင်လေးတွေက အသေးအမွှားလေးတွေဆိုပြီး မေ့လျော့နေတတ်ကြပေမယ့်

ကိုကိုတွေကတော့ အလေးအနက်ထားပြီး ပန်းစည်းလေးတွေပို့ပေးတာတို့ ၊ ချစ်သူအတွက် Suprise လုပ်ပေးတာတို့နဲ့ မိန်းကလေးတွေ အသည်းကိုသိမ်းပိုက်နိုင်ကြပါတယ် ။(၃) ရန်ပွဲတွေကို မရှည်စေဘူး ၊ အလျော့ပေးတယ်မိန်းကလေးတွေချစ်သူထားရတဲ့ အဓိကအကြောင်းအရင်းကတော့ ချစ်သူအပေါ်နွဲ့ဆိုးဆိုးချင်တာ ၊ အချော့ခံချင်တာပါ ။

ဒါ့ကြောင့်တစ်ခါတစ်လေ အကြောင်းပြချက်ရေရေရာရာမရှိပဲ စိတ်ကောက်တာတို့ စိတ်ဆိုးတာတို့ လုပ်တတ်ကြပါတယ် ။

ဒီလိုအခါတွေမှာ မောင်လေးတွေက ရစ်တယ်ဆိုပြီး ပြန်ရန်ရှာတတ်ပေမယ့် ကိုကိုတွေကတော့ ကလေးလေး စိတ်မဆိုးပါနဲ့ဆိုပြီး အမျိုးမျိုးစိတ်ပြေအောင်ချော့တတ်ကြတယ်လေ ။

ဘယ်လိုကိစ္စ ကြောင့်ပဲရန်ဖြစ်ဖြစ် အလျော့ပေးပြီး အရင်စခေါ်တယ် ၊ ရန်အကြာကြီးဖြစ်ပြီး စကားမပြောပဲ ပစ်မထားတတ်ကြပါဘူး ။(၄) ဘဝအာမခံချက်ရှိပြီး ငွေရေးကြေးရေးလည်းပူစရာမလိုဘူးကိုကိုတွေအရွယ်ဆိုတာ အလုပ်နဲ့အကိုင်နဲ့အတည်အကျ ။

မောင်လေးတွေလိုလည်း ဂိမ်းတွေအရမ်းမဆော့တော့ဖို့ ၊ အလုပ်လေးအတည်တကျလုပ်ဖို့ မှာစရာ မလပါဘူး ။

ကိုယ်စားချင်သမျှလည်း ဝယ်ကျွေးပြီးပူဆာလို့ရသလို ၊ အချိန်တန် အိမ်ထောင်ပြုဖို့စဉ်းစားမယ်ဆိုရင်လည်း နောက်ဆံတင်းနေစရာမလိုတော့ဘူး ။

(၅) ရင့်ကျက်တဲ့အတွေးအခေါ်တွေရှိတယ်ပညာရှင်တွေတွေ့ရှိချက်အရ မိန်းကလေးတွေက သက်တူရွယ်တူ ယောက်ကျာ်းလေးတွေထက် ပိုစောပြီး ရင့်ကျက်ကြပါတယ် ။ဒါ့ကြောင့်ကိုယ်နဲ့ရွယ်တူ ၊ ငယ်တဲ့သူတွေနဲ့ ချစ်သူဖြစ်ကြပြီဆိုရင် သူတို့လောက်မရင့်ကျက်သေးတဲ့အတွက် အတွေးအခေါ်တွေကလည်း မတူပဲ ၊ ခိုင်မာပြီးရင့်ကျက်တဲ့ စုံတွဲတစ်တွဲဖြစ်ဖို့ဆိုတာ မသေချာပါဘူး ။

ကိုကိုတွေကတော့ အတွေ့အကြုံအရရော ၊ အသက်အရွယ်အရရော ကိုယ်ခံစားနေရတာတွေကို နားလည်ပေးပြီး၊

ကိုယ့်ရဲ့အတွေးအမြင်တွေကိုလည်း နားထောင်ပေးနိုင်တယ် ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်အောင်လည်း ကူညီပေးနိုင်ကြပါတယ်နော် ။

Credit

Unicode