Knowledge

သင့်မွေးရက်ပေါ်လိုက်ပြီးတော့ ကံကောင်းစေမယ့် အရောင်များနဲ့ ရှောင်ရမယ့်အရောင်များ

တစ်ခါတစ်လေ သဘာဝလွန်အကြောင်းအရာမျိုးတွေဆိုတာ မယုံလို့လည်းမရပါဘူး။ဒီတော့ လိုအပ်တဲ့အခါမျိုးမှာ အသုံးချနိုင်ဖို့အတွက် သင့်ရဲ့မွေးရက်နဲ့လိုက်ပြီးတော့ ကံကောင်းစေမယ့်အရောင်တွေက

ဘယ်လိုမျိုးတွေလဲ၊ အရေးကြီးတဲ့အချိန်မျိုးတွေမှာ ရှောင်ရမယ့်အရောင်တွေဟာ ဘယ်လိုအရောင်တွေဖြစ်မလဲဆိုတာလေးကို ဖော်ပြပေးသွားမှာပါ။

ကိုယ်မွေးတဲ့ရက်လေးနဲ့လိုက်ပြီး ရှာရုံပဲနော်။၁ ရက်နေ့၊ ၁၀ ရက်၊ ၁၉ နဲ့ ၂၈ ရက်

နရေဲ့လွမ်းမိုးမှုအောကျမှာ ရောကျနတေဲ့ ၁ ကဏန်းသမားတွေဟာ လိမ်မော်ရောင်၊ အဝါနဲ့ ရွှေရောင်တွေကို သုံးနိုင်ပါတယ်။ အမည်းနဲ့အနီတို့ကိုတော့ ရှောင်ရှားပါနော်။

၂ ရက်နေ့၊ ၁၁ ရက်၊ ၂၀ နဲ့ ၂၉ ရက်

၂ ကဏန်းသမားတွေဟာ သဘာဝကြီးရဲ့အုပ်စိုးမှုအောက်ကို ရောက်နေတဲ့အတွက်ကြောင့် အစိမ်းရောင်ဟာ သူတို့အတွက် ကံအကောင်းဆုံးအရောင်တွေပါပဲ။

ဒီအပြင် သဘာဝအရောင်တွေထဲ ပါဝင်နေတဲ့ အပြာရောင်၊ နို့နှစ်ရောင်နဲ့ ငွေရောင်တို့ကိုလည်း သုံးဆောင်ဝတ်ဆင်နိုင်ပါတယ်။ ရှောင်သင့်တာတွေကတော့ အနီ၊ အမည်းနဲ့ အပုတ်ရောင်တွေပါပဲ။၃ ရက်နေ့၊ ၁၂ ရက်၊ ၂၁ နဲ့ ၃၀ကြာပန်းက ပန်းရောင်၊ ပန်းရောင် အစုံ၊ လိမ္မော်ရောင်၊ အနီရောင်အစုံ၊ ခရမ်းရောင်နဲ့ အဝါရောင်တွေကတော့ ကံကောင်းစေတဲ့အရောင်တွေပါ။

အထူးသဖြင့် လိမ္မော်နဲ့ ပန်းရောင်ကို ဦးစားပေးဝတ်ဆင်နိုင်ပါတယ်။ အမည်းတို့ အပြာနဲ့ အစိမ်းတို့ကတော့ ရှောင်ရမယ့်အရောင်တွေပဲဖြစ်ပါတယ်။

၄ ရက်နေ့၊ ၁၃ ရက်၊ ၂၂ နဲ့ ၃၁၄ ကဏန်းသမားတွေအတွက်ဆိုရင်တော့ အပြာရောင်တွေအကုန်လုံးဟာ သင့်ရဲ့ ကံကောင်းစေမယ့်အရောင်တွေပါပဲ။အချစ်ရေးဖြစ်ဖြစ်၊ ပညာရေးဖြစ်ဖြစ်၊ ကျန်းမာရေးဖြစ်ဖြစ် ဘယ်လိုအရေးမှာကိုမဆို ကံရဲ့အထောက်အပံ့ကိုယူဖို့ အသုံးပြုနိုင်ပါတယ်။

၅ ရက်နေ့၊ ၁၄ နဲ့ ၂၃ ရက်အမည်းနဲ့ အစိမ်းပုတ်အရောင်တွေကလွဲရင် မီးခိုးရောင်နဲ့ အရောင်ဖွေးဖွေးဖြေ့ာဖြော့လေးတွေ ၊

သင့်အတွက်ကံကောင်းတဲ့အရောင်တေပါပဲ။ မီးခိုးရောင်ကတော့ အောင်မြင်မှုကို ယူဆောင်လာပါလိမ့်မယ်။၆ ရက်နေ့၊ ၁၅ နဲ့ ၂၄ ရက်အပြာနဲ့အစိမ်းရောင် ခပ်ပုတ်ပုတ်အရောင်တွေဟာ ၆ ကဏန်းသမားတွေအတွက်တော့ အဆင်အပြေဆုံးအရောင်တွေပါပဲ။

ဒါပေမဲ့ အရေးကြီးတဲ့အချိန်တွေအမှာတော့ အဖြူ၊ အဝါနဲ့ ပန်းရောင်တွေကိုရှောင်ပါနော်။

၇ ရက်နေ့၊ ၁၆ ရက်နဲ့ ၂၅ ရက်၇ ကဏန်းသမားတွေအတွက်ဆိုရင်တော့ အစိမ်းနု၊ ရင့် ကြိုက်တဲ့အစိမ်းရောင်မှန်သမျှကို ဝတ်ဆင်အသုံးပြုပါ။

အနီနဲ့အနက်ကိုတော့ ရှောင်ကျဉ်ပါနော်။ နောက် မိုးပြာရောင်နဲ့ အဝါရောင်ဟာလည်း ကံကောင်းစေနိုင်ပါသေတယ်။၈ ရက်နေ့၊ ၁၇ နဲ့ ၂၆ ရက်အရေးကြီးတဲ့နေရတွေမှာ အမည်းရောင်၊ အနီနဲ့ ကွကျသှေးရောငျတှကေို ရှောင်ပါ။အဝါရောင်ကတော့ ၈ ကဏန်းသမားတွေအတွက် အကောင်းဆုံးပါပဲ။

အထူးသဖြင့် ယုံကြည်မှုတည်ဆောက်ဖို့နဲ့ အခွင့်အလမ်း၊ အောင်မြင်မှုနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ဂရုတစိုက်ဝတ်ဆင်ပါ။ ရှောင်ရမယ့်အရောင်တွေကတော့ အမည်းနဲ့ အနီတွေပါပဲ။

၉ ရက်နေ့၊ ၁၈ နဲ့ ၂၇ ရက်အနီရောင်ခပ်ရဲရဲကတော့ ဒီရက်တွေမွေးသူတွေအတွက်အကောင်း ဆုံးသော အရောင်တွေပါပဲ။

ရှောင်ရမယ့်အရောင်တွေကတော့ အဖြူရောင်နဲ့ အရောင်နုတွေပဲဖြစ်ပါတယ်။ ဒါကတော့ ၉ ကဏန်းသမားတွေပေါ့။

Credit