Knowledge

သူနဲ့အိပ်ပြီးလို့ မသန့်တော့ပါဘူး ဆိုပြီး စိတ်ညစ်နေတဲ့ မိန်းကလေးများ ဖတ်ရန်

ကျွန်တော် Minctionary ပါ။ ဒီကလောင်နာမည်နဲ့အတူ နာမည်ကြီးခဲ့တာက ပွင့်ကြေဖတ်ကြွေဆိုတဲ့ ဇာတ်လမ်းလေးတွေပါ။

မိန်းကလေးတွေဖက်က အလိုမလိုက်ဖို့ကိုယ့်ဂုဏ်ကိုယ်မြှင့်ဖို့အကြောင်း ယောကျာၤးယုတ်တွေအကြောင်း အသိပေးခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေပါ။နောက်ပိုင်းမှာ ဒီအကြောင်းတွေဘဲအပ်ကြောင်းထပ်ပြီး တစ်ရာဖိုးသုံးပုဒ် stupidity တွေဘဲဖြန့်မိသလိုဖြစ်မှာစိုးတာရယ်။ ဘဝမှာအခက်အခဲဆုံးကာလဖြစ်ခဲ့ရတာတွေရယ်။

လာတိုင်ပင်ကြတဲ့လူအများစုရဲ့ဇာတ်လမ်းပေါင်းစုံကြားထဲမှာ စိတ်တွေညစ်ညူးလာတာတွေရယ်ကြောင့် ဆက်မရေးဖြစ်သေးတာပါ။

ပြီးတော့ Page မှာတင်တိုင်း ကိုယ့်အကောင့်ကိုလူမသိစေဘဲ page သက်သက်သာတင်ပါတယ်။ တကယ်၍သာ အကောင့်နဲ့တွဲပြီးတင်မယ်ဆိုရင်ကျွန်တော်လည်း ဆယ်လီ ဆယ့်တစ်လီ တစ်ဦးဖြစ်မယ်ဆိုတာ သိစေချင်ပါတယ်။ကောင်းပါပြီ စပြောရအောင်။

ကျွန်တော်မကြိုက်ဆုံးက သူနဲ့အိပ်ပြီးလို့မသန့်တော့ပါဘူး ဆိုတာကိုဘဲ။

အဲ့ဒါကဘာမသန့်တာကိုပြောချင်တာလဲမသိဘူး။

HIV ကူးလာလို့လား ဒါမှမဟုတ်

sexually transmitted disease ( STD ) တြေကူးလာလို့လား။

မိန်းကလေးတိုင်းဟာ ကိုယ့်အပျိုဂုဏ်ကိုယ်စောင့်ထိန်းသင့်တယ်။ ယဉ်ကျေးမှုဆိုတာကိုထား လူသားတစ်ယောက်အနေနဲ့ ကိုယ့်ဘက်ကအနစ်နာကြီးဘဲလို့ဆရာဝန်အတော်များများ သတိပေးကြတယ်။လူတိုငျးနီးပါးလဲ သိကွတယျ။ခကျတာက အထိအတှေ့နဲ့ဆှဲဆောငျမှုကျိုမလှနျဆနျနိုငျကွဘူး။

ဘယ်လောက်ချစ်ပါတယ် လက်ထပ်ပါ့မယ်ပြောပြော အချိန်တန်ငြီးငွေ့ပြီး ကန်ထုတ်သွားတဲ့အခါမိန်းကလေးဘက်ကတစ်ဆင့်နိမ့်ခံကြရတယ်။

ငြင်းမလား။ ရှိပါသေးတယ်။သူလည်းသူ့ဆန္ဒပြည့် ကိုယ်လည်းကိုယ့်ဆန္ဒပြည့်မို့ ယောကျာ်း မိန်းမခွဲနာစရာမရှိပါဘူး။ဘယ်သူ့မှမနစ်နာပါဘူးဆိုသူ သောက်ရူးများကလဲအများသား။ထားလိုက်ပါ ။

ခေတ်အခါကိုက ယောကျာ်းသားများကလဲ အတင်းဆွဲဆောင်လွန်းတဲ့အခါ ချစ်တာတစ်ခုတည်းနဲ့မျက်စိစုံမှိတ် ပေးပြီးတဲ့အခါယူသွားတဲ့လူကလဲ စားပြီးနားမလည်။

ဝါးပြီးထွေးထုတ်သွားတဲ့အခါ ကျွန်မကိုယ်ကမသန့်တော့ပါဘူး မဖြူစင်တော့ပါဘူးဆိုနေကြတဲ့မိန်းကလေးများ ကျွန်တော်ထပ်မေးပါ့မယ်။HIV ကူးလို့လား။

လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဆိုးတွေ STD တွေကူးစက်လာလို့လား။ ဘာကိုမသန့်ရမှာလဲ။ဘာကိုကိုယ်က လူ့အသိုင်းအဝိုင်းမှာမျက်နှာငယ်ရမှာလဲ။

အပေါ်ကရောဂါတွေကူးလာတယ်ဘဲထားပါတော့။ခင်ဗျားဟာ အသန့်ဆုံးမိန်းကလေးတစ်ဦးပါ ဘာလို့လဲသိသား ။ ခင်ဗျားဟာချစ်တဲ့စိတ်တစ်ခုနဲ့ပုံအပ်ပေးခဲ့တာ။

ရာထူးရဖို့ ထဘီလှန်ပေးလိုက်တာ ခြူစားဖို့အတွက်ချွတ်ပေးလိုက်တာကျော်ကြားမှုအတွက် အရှက်ကုန်ခဲ့တာ လုံးဝမဟုတ်လို့ဘဲ။

ပစ်သွားတဲ့လူကပစ်သွားတယ်ဆိုရင် နေခဲ့ရမယ့်လူအနေနဲ့လည်း ဘဝလမ်းကိုဆက်လျှောက်သွားဖို့လိုတယ်။ဘာဖြစ်လဲ။ ဘာဖြစ်လို့ သူ့အလွန်ကြောင့် ကိုယ်ကမျက်နှာငယ်ရမှာလဲ။ဒီလိုပြောဖို့ ကိုယ်ကအပျိုမဟုတ်ဘူးဆိုတာကြေငြာမောင်းခတ်နေဖို့ပြောတာမဟုတ်ဘူးပေါ့။ ထပ်တွေ့ရမယ့်လက်တွဲဖော်က ပြောလို့ရရင်ပြောပြောလို့မရဘူးထင်ရင်မပြောနဲ့ပေါ့ဘာဖြစ်လဲ။

ခင်ဗျားအပျိုမဟုတ်တော့ရော ဘာဖြစ်လဲ။တကယ်ရှက်ရမှာကပေးရတဲ့လူလား။မျက်နှာပြောင်တိုက် အချောင်နှိုက်သွားတဲ့ကောင်ကရှက်ရမှာလား။နေလိုက်စမ်းပါ ခေါင်းမော့ပြီး။

ငါတစ်ယောက်ဘယ်လိုမှဆက်လျှောက်သွားဖို့ မဖြစ်ဘူးမတွေးပါနဲ့။ ကျွန်တော့်ဆီလာတိုင်ပင်ကြတဲ့မိန်းကလေး အတော်များများ အဲ့လိုကြုံဖူးကြပါတယ်။

ဖြစ်ခါစ ခံစားရခါစကတော့ မနည်းဖျောင်းဖျပေးခဲ့ရပေမယ့် အထိုင်ကျသွားတဲ့အခါ ပျော်ရွှင်စရာ ဘဝတွေပိုင်ဆိုင်ထားကြတာ ကျွန်တော် သက်သေအဖြစ် အများကြီးပြနိုင်ပါတယ်။တော်သေးပြီ။နောက်တစ်ခါ ကျွန်မကမသန့်တော့ဘူးဆိုတဲ့စကားမကြားချင်တော့ပါ။ကိုယ့်ဘဝကိုယ်ထိန်းသိမ်းနိုင်ပါစေ။ဖြစ်ပြီးသွားရင်လဲဘဝကိုရင်ကော့ပြီးလျှောက်လှမ်းနိုင်ကြပါစေ။

စေတနာ မေတ္တာများစွာဖြင့် မူရင်းရေးသားသူ.. မင်းထက်လွင် (Minctionary)ထံမှ ကူးယူဖော်ပြပါသည်။

Credit