Local News

ထီလက်မှတ်အား အတုပြုလုပ်ပြီး လာရောက်လိမ်လည်ပြီးငွေထုတ်သူကို ရဲတပ်ဖွဲ့အကူအညီဖြင့် ဖမ်းဆီးရမိ

ဖြစ်စဉ်မှာ 14Jan2021 ညနေ၅နာရီခန့်တွင်ပုံတွင်ပါသောအမျိုးသားနဲ့အမျိုးသမီး ကျနော်တို့ ထီဆိုင်သို့လာရောက်ကာ 23ကြိမ်မြောက် ထီပေါက်စဉ် တောင်းပါတယ်။ ပြီးတော့ ထီဆုမဲထုတ်လို့ရလား မေးကာ ဆုမဲထုတ်ချင်တယ်လို့ပြောပါတယ်။

ကျနော်လည်း ထုတ်လို့ရပါတယ် ဘယ်လောက်ဆုလဲမေးသောအခါ ထီပေါက်စဉ်ရှိ သိန်း၂၀ဆု နောက်ဆုံးနံပါတ်ကို လက်ဖြင့်ထိုးပြပါတယ်။ကျနော်လည်း ထုတလို့ရကြောင်းပြောပြီးထီလက်မှတ်ကိုပြခိုင်းတော့ ၅စောင်တွဲထီလက်မှတ်ကိုထုတ်ပြပါတယ်။ပြီးတော့ ကျနော်ကမှတ်ပုံတင် ပါလားမေးပါတယ် ထိုလူကမှတ်ပုံတင်မပါဘူးပြောကာထီလက်မှတ်ကို အတင်းပြန်လုပါတယ်ကျနော်လည်း ကိုယ့်ကိုမယုံလို့လားဆိုပြီး စိတ်ထဲထင်မိပါတယ်။မှတ်ပုံတင်မပါရင် မရကြောင်းပြောတော့ မနက်ဖြန်မှ ပြန်လာမယ်ပြောပြီး ပြန်သွားပါတယ်။

နောက်နေ့(၁၅ ၁ ၂၀၂၁)ရောက်သောအခါ ကျနော်လည်း ထို နံပါတ်က ဘယ်ဆိုင်ကပေါက်တာလဲ သိချင်သောကြောင့် ရန်ကုန် ရွှေမြန်မာဆိုင်သို့ဆက်ကာ မေးကြည့်သောအခါထိုထီလက်မှတ်မှာ သူတို့ဆိုင်တွင် လာထုတ်ပြီးဖြစ်ကြောင်း သူတို့လည်း ထီရုံးတွင် ထုတ်ပြီးကြောင်း သိရသဖြင့်မနေ့က လာထုတ်သော သူ၂ဦးမှာ အတုဖြစ်လာရောက်ထုတ်မှန်းသိတော့သည်။

ထိုသို့သိရသဖြင့် နီးစပ်ရာ ရဲတစ်ဦးဦးအား အကူအညီတောင်းမည်ဟု လိုက်ရှာသောအခါ ယာဉ်ထိန်းရဲ တစ်ဦးအားတွေ့သဖြင့် အကျိုးအကြောင်းပြောပြကာအကူအညီတောင်းလိုက်ပါတယ်။ထိုယာဉ်ထိန်းရဲမှ ရဲတစ်ဦးရဲ့ ဖုန်းနံပါတ်ပေးကာ ထိုရဲကားအကျိုးအကြောင်းကြိုပြောကာ ထိုလူ ၂ဦးလာရင် ဖုန်းဆက်မယ်ဟု ကြိုပြောထားလိုက်ပါတယ် ။ ၁၅ရက်နေ့ နေ့လည် ၁၁နာရီခန့်တွင် ထိုသူ၂ဦးရောက်လာခဲ့တယ်ကျနော်က ထိုသူ၂ဦးအား ဆိုင်တွင် ခုံချပေးပြီး ခဏထိုင်စောင့်ခိုင်းကာ ဘဏ်တွင် ငွေသွားထုတ်မယ်ပြော အပြင်သို့ ထွက်လာခဲ့သည်။အပြင်သို့ရောက်သောအခါ မနက်က ကြိုပြောထားသော ရဲအားဖုန်းဆက်ရာလာမည်ပြောကာဖုန်းချသွားသည် ၁၀မိနစ်ခန့်စောင့်နေသော်လည်း ရဲက ရောက်မလာ။ဖုန်းထပ်ဆက်သောအခါ အစည်းအဝေးသို့ရောက်နေသဖြင့် ခဏနေမှ လာမည်ပြောသည်။

ကျနော်လည်း အချိန်ကြာသွားရင် ဆိုင်တွင်စောင့်ခိုင်းခဲ့သော ထိုလူ၂ဦး ရိပ်မိကာ ပြန်သွားမည်ကို စိုးရိပ်မိကာ ကျနော်တို့ ကျောက်ဖူးကုန်းရပ်ကွက် ရှိ အုပ်ချုပ်ရေးမှူးရုံးသို့ အကျိုးအကြောင်း သွားပြောလိုက်သောအခါ၊အုပ်ချုပ်ရေးမှူးမှ ဖုန်းဆက်ပေးရာ ခဏအကြာတွင် ရဲ ၃ဦးရောက်လာခဲ့သည်။ထိုရဲများရောက်လာချိန်တွင် အိမ်မှ ကျနော့်ဆီ ဖုန်းဝင်လာကာ ထိုလူ၂ဦး ပြန်သွားပြီ ဖြစ်ကြောင်း ခဏနေမှ ပြန်လာတော့မယ်ဟုပြောပါတယ်။ထိုအခါကျနော်လည်း အုပ်ချုပ်ရေးမှူးရဲ့ ရဲအရာရှိရဲ ဖုန်းနံပါတ်ယူကာ အိမ်သို့ပြန်လာခဲ့ပြီး ထိုလူ၂ဦးပြန်ရောက်လာပါက ဖုန်းဆက်မည်ဟုပြောခဲ့ပြီး အိမ်သို့ပြန်ခဲ့သည်ျ။ကျနော် အိမ်သို့ပြန်ရောက်ပြီး၁၀မိနစ်ခန့်အကြာတွင် ထိုလူ၂ဦးပြန်ရောက်လာခဲ့ပါတယ်။ကျနော်လည်း အိမ်အပေါ်သို့တက်ကာ ပိုက်ဆံ တက်ယူဦးမယ်ပြောပြီး အုပ်ချုပ်ရေးမှူးနဲ့ ရဲအရာရှိထံဖုန်းဆက်လိုက်သည် အိမ်အပေါ်တွင် ခေတ္တမျှ နေပြီး ထိုလူတို့ မရိပ်မိစေရန် အောက်သို့ပြန်ဆင်းလာကာ ထိုလူ၂ဦး ထံမှ ဆုမဲထုတ်ပေးမယ်ဟုပြောကာ ထီလက်မှတ်နဲ့ မှတ်ပုံတင်ကိုတောင်းခဲ့သည်။မှတ်ပုံတင်သည် သူတို့ဟာမဖြစ်နိုင်ပါ ဘယ်ကရလဲ စခန်းရောက်မှမေးသော်‌ကောက်ရတာဟုသာဖြေပါသည်။ထို့နောက် ထီလက်မှတ်အား စစ်မည်ဟုတောင်းကာ အချိန်ဆွဲကာ စစ်ဆေးနေစဉ် ရဲအရာရှိနဲ့အုပ်ချုပ်ရေးမှူးရောက်လာသောအခါ ထို၂ဦးက ထွက်ပြေးမလို့ ဆိုင်‌ကယ်ပေါ်သို့ တက်ပြေးသော်လည်း ရဲအရာရှိက ဖမ်းလိုက်နိုင်ခဲ့ပါတယ်။

ကျနော်အားလုံးကိုပြောချင်တာက ထီသမားများ သတိရှိကြပါ ကိုယ့်ဆိုင်က မဟုတ်ရင် မှတ်ပုံတင်တောင်းပါ မှတ်ပုံတင်နဲ့ လူနဲ့ ကိုက်လား စစ်ပါ။ဆုကြီးဆိုရင် သေချာစုံစမ်းကြပါ သူတို့ပြင်ထားတာ အတော်လက်ရာကောင်းပါတယ် နေရောင်ထဲမှာ ထောင်ကြည့်သော်လည်း ပြင်ထားကြောင်း မသိသာပါဓာတ်ပုံရိုက်ပြီး zoom ဆွဲကြည့်မှ ပြင်ထားကြောင်းသိရပါတယ်။

ကျနော်ပြောသောအကြောင်းအရာ အားလုံးမှန်ကန်ကြောင်း အာမခံပါတယ်။ကျနော် ဖုန်းနံပါတ်ပါ 09428185037ထို့သူ၂ဦးအား ပဲခူးမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပါသည်။တကယ်တန်းအမှုမဖွင့်ချင်ပါ သူတို့ ဒုက္ခရောက်မည်ကို စိတ်မကောင်း သို့သော်လွှတ်ပေးလိုက်ရင် နောက်လူများ ခံရနိုင်ပါတယ် ကျနော်သမိုင်းတရားခံ မဖြစ်လိုသော်ကြောင့် အမှုဖွင့်ခဲ့ရတာပါ။

ထိုလူ၂ဦး၏အိတ်အတွင်းသို့ စစ်ရာတွင် မှတ်ပုံတင်အစစ်ဟုတ် ထင်ရသော မှတ်ပုံတင်၂ခုလည်းတွေ့ရပါတယ်မှတ်ပုံတင်ထဲတွင် နေရပ်မှာ ဇလွန်မြို့ ဘက်ကဖြစ်သည်။ ထိုသို့လိမ်စားနေသူများတွင် အဖွဲ့ရှိနိုင်ပါတယ် ထီသမားများ အထူးသတိထားကြဖို့ သတိပေးချင်ပါတယ် ကျတော်လည်း ကံကောင်းလို့သာ အလိမ်မခံလိုက်ရတာပါ။

Credit…Nyein Naing

Unicode

ဖြစ်စဉ်မှာ 14Jan2021 ညနေ၅နာရီခန့်တွင်ပုံတွင်ပါသောအမျိုးသားနဲ့အမျိုးသမီး ကျနော်တို့ ထီဆိုင်သို့လာရောက်ကာ 23ကြိမ်မြောက် ထီပေါက်စဉ် တောင်းပါတယ်။ ပြီးတော့ ထီဆုမဲထုတ်လို့ရလား မေးကာ ဆုမဲထုတ်ချင်တယ်လို့ပြောပါတယ်။ကျနော်လည်း ထုတ်လို့ရပါတယ် ဘယ်လောက်ဆုလဲမေးသောအခါ ထီပေါက်စဉ်ရှိ သိန်း၂၀ဆု နောက်ဆုံးနံပါတ်ကို လက်ဖြင့်ထိုးပြပါတယ်။

ကျနော်လည်း ထုတ်လို့ရကြောင်းပြောပြီးထီလက်မှတ်ကိုပြခိုင်းတော့ ၅စောင်တွဲထီလက်မှတ်ကိုထုတ်ပြပါတယ်။ပြီးတော့ ကျနော်ကမှတ်ပုံတင် ပါလားမေးပါတယ် ထိုလူကမှတ်ပုံတင်မပါဘူးပြောကာထီလက်မှတ်ကို အတင်းပြန်လုပါတယ်ကျနော်လည်း ကိုယ့်ကိုမယုံလို့လားဆိုပြီး စိတ်ထဲထင်မိပါတယ်။မှတ်ပုံတင်မပါရင် မရကြောင်းပြောတော့ မနက်ဖြန်မှ ပြန်လာမယ်ပြောပြီး ပြန်သွားပါတယ်။

နောက်နေ့(၁၅ ၁ ၂၀၂၁)ရောက်သောအခါ ကျနော်လည်း ထို နံပါတ်က ဘယ်ဆိုင်ကပေါက်တာလဲ သိချင်သောကြောင့် ရန်ကုန် ရွှေမြန်မာဆိုင်သို့ဆက်ကာ မေးကြည့်သောအခါထိုထီလက်မှတ်မှာ သူတို့ဆိုင်တွင် လာထုတ်ပြီးဖြစ်ကြောင်း သူတို့လည်း ထီရုံးတွင် ထုတ်ပြီးကြောင်း သိရသဖြင့်မနေ့က လာထုတ်သော သူ၂ဦးမှာ အတုဖြစ်လာရောက်ထုတ်မှန်းသိတော့သည်။

ထိုသို့သိရသဖြင့် နီးစပ်ရာ ရဲတစ်ဦးဦးအား အကူအညီတောင်းမည်ဟု လိုက်ရှာသောအခါ ယာဉ်ထိန်းရဲ တစ်ဦးအားတွေ့သဖြင့် အကျိုးအကြောင်းပြောပြကာအကူအညီတောင်းလိုက်ပါတယ်။ထိုယာဉ်ထိန်းရဲမှ ရဲတစ်ဦးရဲ့ ဖုန်းနံပါတ်ပေးကာ ထိုရဲကားအကျိုးအကြောင်းကြိုပြောကာ ထိုလူ ၂ဦးလာရင် ဖုန်းဆက်မယ်ဟု ကြိုပြောထားလိုက်ပါတယ်။

၁၅ရက်နေ့ နေ့လည် ၁၁နာရီခန့်တွင် ထိုသူ၂ဦးရောက်လာခဲ့တယ်ကျနော်က ထိုသူ၂ဦးအား ဆိုင်တွင် ခုံချပေးပြီး ခဏထိုင်စောင့်ခိုင်းကာ ဘဏ်တွင် ငွေသွားထုတ်မယ်ပြော အပြင်သို့ ထွက်လာခဲ့သည်။အပြင်သို့ရောက်သောအခါ မနက်က ကြိုပြောထားသော ရဲအားဖုန်းဆက်ရာလာမည်ပြောကာဖုန်းချသွားသည် ၁၀မိနစ်ခန့်စောင့်နေသော်လည်း ရောက်မလာ၊

ဖုန်းထပ်ဆက်သောအခါ အစည်းအဝေးသို့ရောက်နေသဖြင့် ခဏနေမှ လာမည်ပြောသည်။ ကျနော်လည်း အချိန်ကြာသွားရင် ဆိုင်တွင်စောင့်ခိုင်းခဲ့သော ထိုလူ၂ဦး ရိပ်မိကာ ပြန်သွားမည်ကို စိုးရိပ်မိကာ ကျနော်တို့ ကျောက်ဖူးကုန်းရပ်ကွက် ရှိ အုပ်ချုပ်ရေးမှူးရုံးသို့ အကျိုးအကြောင်း သွားပြောလိုက်သောအခါအုပ်ချုပ်ရေးမှူးမှ ဖုန်းဆက်ပေးရာ ခဏအကြာတွင် ရဲ ၃ဦးရောက်လာခဲ့သည်။

ထိုရဲများရောက်လာချိန်တွင် အိမ်မှ ကျနော့်ဆီ ဖုန်းဝင်လာကာ ထိုလူ၂ဦး ပြန်သွားပြီ ဖြစ်ကြောင်း ခဏနေမှ ပြန်လာတော့မယ်ဟုပြောပါတယ်။ထိုအခါကျနော်လည်း အုပ်ချုပ်ရေးမှူးရဲ့ ရဲအရာရှိရဲ ဖုန်းနံပါတ်ယူကာ အိမ်သို့ပြန်လာခဲ့ပြီး ထိုလူ၂ဦးပြန်ရောက်လာပါက ဖုန်းဆက်မည်ဟုပြောခဲ့ပြီး အိမ်သို့ပြန်ခဲ့သည်။ကျနော် အိမ်သို့ပြန်ရောက်ပြီး၁၀မိနစ်ခန့်အကြာတွင် ထိုလူ၂ဦးပြန်ရောက်လာခဲ့ပါတယ်။ကျနော်လည်း အိမ်အပေါ်သို့တက်ကာ ပိုက်ဆံ တက်ယူဦးမယ်ပြောပြီး အုပ်ချုပ်ရေးမှူးနဲ့ ရဲအရာရှိထံဖုန်းဆက်လိုက်သည် အိမ်အပေါ်တွင် ခေတ္တမျှ နေပြီး ထိုလူတို့ မရိပ်မိစေရန် အောက်သို့ပြန်ဆင်းလာကာ ထိုလူ၂ဦး ထံမှ ဆုမဲထုတ်ပေးမယ်ဟုပြောကာ ထီလက်မှတ်နဲ့ မှတ်ပုံတင်ကိုတောင်းခဲ့သည်။မှတ်ပုံတင်သည် သူတို့ဟာမဖြစ်နိုင်ပါ ဘယ်ကရလဲ(စခန်းရောက်မှမေးသော်)ကောက်ရတာဟုသာဖြေပါသည်။

ထို့နောက် ထီလက်မှတ်အား စစ်မည်ဟုတောင်းကာ အချိန်ဆွဲကာ စစ်ဆေးနေစဉ် ရဲအရာရှိနဲ့အုပ်ချုပ်ရေးမှူးရောက်လာသောအခါ ထို၂ဦးက ထွက်ပြေးမလို့ ဆိုင်‌ကယ်ပေါ်သို့ တက်ပြေးသော်လည်း ရဲအရာရှိက ဖမ်းလိုက်နိုင်ခဲ့ပါတယ်။ ကျနော်အားလုံးကိုပြောချင်တာက ထီသမားများ သတိရှိကြပါ ကိုယ့်ဆိုင်က မဟုတ်ရင် မှတ်ပုံတင်တောင်းပါ မှတ်ပုံတင်နဲ့ လူနဲ့ ကိုက်လား စစ်ပါ။

ဆုကြီးဆိုရင် သေချာစုံစမ်းကြပါ သူတို့ပြင်ထားတာ အတော်လက်ရာကောင်းပါတယ် နေရောင်ထဲမှာ ထောင်ကြည့်သော်လည်း ပြင်ထားကြောင်း မသိသာပါဓာတ်ပုံရိုက်ပြီး zoom ဆွဲကြည့်မှ ပြင်ထားကြောင်းသိရပါတယ်။ကျနော်ပြောသောအကြောင်းအရာ အားလုံးမှန်ကန်ကြောင်း အာမခံပါတယ်။ကျနော် ဖုန်းနံပါတ်ပါ 09428185037ထို့သူ၂ဦးအား ပဲခူးမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပါသည်။တကယ်တန်းအမှုမဖွင့်ချင်ပါ သူတို့ ဒုက္ခရောက်မည်ကို စိတ်မကောင်း သို့သော်လွှတ်ပေးလိုက်ရင် နောက်လူများ ခံရနိုင်ပါတယ် ကျနော်သမိုင်းတရားခံ မဖြစ်လိုသော်ကြောင့် အမှုဖွင့်ခဲ့ရတာပါ ။ထိုလူ၂ဦး၏အိတ်အတွင်းသို့ စစ်ရာတွင် မှတ်ပုံတင်အစစ်ဟုတ် ထင်ရသော မှတ်ပုံတင်၂ခုလည်းတွေ့ရပါတယ်။

မှတ်ပုံတင်ထဲတွင် နေရပ်မှာ ဇလွန်မြို့ ဘက်ကဖြစ်သည်။ ထိုသို့လိမ်စားနေသူများတွင် အဖွဲ့ရှိနိုင်ပါတယ် ထီသမားများ အထူးသတိထားကြဖို့ သတိပေးချင်ပါတယ် ကျတော်လည်း ကံကောင်းလို့သာ အလိမ်မခံလိုက်ရတာပါ။

Credit…Nyein Naing