Knowledge

တစ်စုံတစ်ယောက်က သင့်ကိုထားရစ်ခဲ့တယ် (သို့) လမ်းခွဲ ချင်တယ်လို့ ပြောလာမယ်ဆိုရင်

တစ်စုံတစ်ယောက်က သင့်ကိုထားရစ်ခဲ့တယ် (သို့) လမ်းခွဲ ချင်တယ်လို့ ပြောလာမယ်ဆိုရင်

ကျေနပ်စွာ ထွက်ခွာသွားခွင့် ပေးလိုက်ပါ။ ထိုသူကို မိမိအပါး ဆွဲထားတာက ကျားလှောင်အိမ်ထဲမှာ ထမင်းစားနေရ သလိုပါပဲ။သူကြောင့် စိတ်နဲ့ ခန္ဓာ သောကများတော့မှာကို တွေးပြီးရော ကြောက်စိတ် မဖြစ်ဖူးဘူးလား၊

ကိုယ့်ရဲ့စိတ်တွေ အားလုံး နှစ်မြုပ်ပြီး တွယ်တာခဲ့ရသူဟာ သူဘက်က ခိုင်လုံတဲ့ အကြောင်းပြချက်အမျိုးမျိုးကို သုံးပြီး ထားသွားရက်တဲ့ အခါ။

လူ အတော်များများကနာကျည်းစိတ်တွေနဲ့ မေ့ပစ်လိုက်ဖို့ အတင်းကြိုးစား တတ်ကြပါတယ်။ အရမ်းကို မှားယွင်းတဲ့ လုပ်ရပ်ပါ။

တစ်ကယ်တော့ မေ့ပစ်ဖို့ ကြိုးစား တာဟာ သူ့ကို ပိုသတိ ရနေ စေပါတယ်။ ဒါဟာ မိမိကိုယ်ကို နှိပ်စက်နေတာပါ။လူတိုင်းက ကိုယ့်ကိုကိုယ်ထက် သူများကို ပိုမချစ်ပါဘူး။လက်မခံရင် ဒီအချိန်ထိ ကိုယ်အပေါ် ကျေးဇူးပြုဖူးတဲ့၊

သူ အများကြီးထဲကဘယ်နှစ်ယောက်ကို မှတ်မိသလဲ ရွတ်ကြည့် လိုက်ပါ။ လက် ၁၀ချောင်း ပြည့်ရင် သင်က လူတော်ပေါ့။

တစ်ယောက်ယောက် ကိုယ့်ကို ထားသွားလို့ မစားဘူး၊ မအိပ်ဘူး ဆိုတဲ့သူ ကိုယ်အရှေ့မှာ မြင်တွေ့ခဲ့ရင် သူကို ချက်ချင်း အသိပေးလိုက်ပါ။

အဓိကနဲ့ သာမညကို ခွဲခြားသိမြင်ပါလို့။ အချိန်က အရာရာကို တိုက်စား သွားပါလိမ့်မယ်။ ဇွတ် မေ့လိုက် ဖို့လည်း မကြိုးစားနဲ့လို့ နှစ်သိမ့်ပေး လိုက်ပါနော်။ထားသွားရက်သူကို သင့်ရင်ထဲ့က တွယ်တာနေနိုင် တယ်။ ပိတ်လှောင် ထားဖို့ မကြိုးစာလိုက်ပါနဲ့။ အရှုံးကြီး ရှုံး သွားပါလိမ့်မယ်။

“သေသောသူ ကြာလျှင်မေ့” ဆိုတဲ့ စာဆိုက အလကား ဖွဲ့ပြခဲ့တာမှ မဟုတ်တာ။ စိတ်က မမြင်မတွေ့တာ ကြာရင် မေ့ပစ်စရာ မလိုပဲ။

ပြင်းထန်တဲ့ ခံစားချက်တွေဟာ ကြက်ပျောက်၊ ငှက်ပျောက်ကို ပျောက်ကွယ်သွား ပါလိမ့်မယ်နော် ။

Credit