ရုပ်ရည်မလှပပေမယ့် အမြဲကြည့်ကောင်းပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပနေသူတွေရဲ့ လျှို့ဝှက်ချက်၊
လူတစ်ယောက်ဟာ အများအမြင်မှာ လှပနေတယ်၊ကြည့်ကောင်းနေတယ်ဆိုတာ မိတ်ကပ်တွေလိမ်းထားလို့၊ တန်ဖိုးကြီးအသုံးအဆောင်တွေဆင်မြန်းထားလို့လို့ ထင်တတ်ကြပါတယ်။
တကယ်တော့ အလှအပဆိုတာ အပြင်ပန်းအဆင်တန်ဆာတွေထက် ဒီအရာတွေကြောင့်သာ ပိုပြီးတောက်ပြောင်လာတာပါ။(၁) တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်းမိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် တစ်ကိုယ်ရည်သန့်ရှင်းမှုက အရေးကြီးပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပြီး ခန္ဓာကိုယ်နံ့ဆိုးတွေကင်းစင်နေခြင်းက လှပခြင်းပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိတဲ့သူက အလိုလိုကြည့်ကောင်းနေတာပါပဲ။
(၂) အကောင်းမြင်တတ်တဲ့စိတ်ရှိခြင်း
အဆိုးမြင်တတ်တဲ့စိတ်က ပြဿနာတွေကိုဖြစ်စေပြီး လူကိုလည်း စိတ်ကိုဖိစီးစေကာ ရုပ်ရည်ကိုလည်းမကြည်မလင်၊မလန်းမဆန်းဖြစ်စေပါတယ်။
အကောင်းမြင်စိတ်ရှိတဲ့အခါ စိတ်ကလည်းအမြဲကြည်လင်နေပြီး မျက်နှာကအစ ကြည်လင်လှပနေပါတယ်။
(၃) မုဒိတာပွားတတ်တဲ့စိတ်ရှိခြင်းမုဒိတာပွားတဲ့စိတ်ရှိတဲ့သူတွေဟာ သူများအောင်မြင်မှုကိုမနာလိုတဲ့စိတ်မရှိဘဲ အောင်မြင်မှုကိုမုဒိတာပွားပေးတတ်ကြပါတယ်။သူတစ်ပါးအောင်မြင်မှုကိုမုဒိတာပွားတတ်တဲ့သူက အမြဲလိုလိုကြည့်ကောင်းပါတယ်။မနာလိုစိတ်မရှိခြင်းက လူကိုကြည့်ကောင်းစေပြီး ၊ဘာဝတ်ဝတ်အရောင်ထွက်စေပါတယ်။
မနာလိုစိတ်ကြီးမားတဲ့သူတွေကတော့ ဘယ်လောက်ပဲတန်ဖိုးကြီးတဲ့အဝတ်အစားတွေဝတ်ထားပါစေ ကြည့်လို့ဘယ်လိုမှမလှပါဘူး။
(၄) ကြင်နာတတ်တဲ့စိတ်ရှိခြင်း
ကြင်နာတတ်ပြီး တစ်ဖက်သားကိုကိုယ်ချင်းစာတတ်တဲ့သူတွေက နှလုံးသားလှတာကြောင့် လူကလည်း အလိုလိုကြည့်ကောင်းနေပါတယ်။ ကြင်နာတတ်တဲ့စိတ်က လူကိုလှပစေပါတယ်။
(၅) ကျေးဇူးသိတတ်တဲ့စိတ်ရှိခြင်းလူသားတစ်ယောက်အဖြစ်ရှင်သန်နေတဲံအခါ ကျေးဇူးသိတတ်တဲ့စိတ်ရှိဖို့လည်း လိုပါတယ်။ ကျေးဇူးသိတတ်ခြင်းက ကောင်းမွန်တဲ့စိတ်ကိုဖြစ်စေတာကြောင့် ရုပ်ရည်ကိုကြည်လင်စေပါတယ်။ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေအတွက် ကျေးဇူးတင်တာ၊ ကိုယ့်ဘေးနားကလူတွေအတွက် ကျေးဇူးတင်တာ၊
ကိုယ်ဖြတ်သန်းခဲ့တဲ့အချိန်တွေအတွက်ကျေးဇူးတင်တာ အဲ့ဒီလို ကျေးဇူးတင်တဲ့စိတ်က လူတစ်ယောက်ကို အလိုလိုကြည့်ကောင်းနေစေပါတယ်။
Credit
Unicode
ရုပ်ရည်မလှပပေမယ့် အမြဲကြည့်ကောင်းပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပနေသူတွေရဲ့ လျှို့ဝှက်ချက်။
ရုပ်ရည်မလှပပေမယ့် အမြဲကြည့်ကောင်းပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပနေသူတွေရဲ့ လျှို့ဝှက်ချက်လူတစ်ယောက်ဟာ အများအမြင်မှာ ၊
လှပနေတယ်၊ကြည့်ကောင်းနေတယ်ဆိုတာ မိတ်ကပ်တွေလိမ်းထားလို့၊ တန်ဖိုးကြီးအသုံးအဆောင်တွေဆင်မြန်းထားလို့လို့ ထင်တတ်ကြပါတယ်။တကယ်တော့ အလှအပဆိုတာ အပြင်ပန်းအဆင်တန်ဆာတွေထက် ဒီအရာတွေကြောင့်သာ ပိုပြီးတောက်ပြောင်လာတာပါ။
(၁) တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်း
မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် တစ်ကိုယ်ရည်သန့်ရှင်းမှုက အရေးကြီးပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပြီး ခန္ဓာကိုယ်နံ့ဆိုးတွေကင်းစင်နေခြင်းက လှပခြင်းပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိတဲ့သူက အလိုလိုကြည့်ကောင်းနေတာပါပဲ။
(၂) အကောင်းမြင်တတ်တဲ့စိတ်ရှိခြင်း
အဆိုးမြင်တတ်တဲ့စိတ်က ပြဿနာတွေကိုဖြစ်စေပြီး လူကိုလည်း စိတ်ကိုဖိစီးစေကာ ရုပ်ရည်ကိုလည်းမကြည်မလင်၊မလန်းမဆန်းဖြစ်စေပါတယ်။
အကောင်းမြင်စိတ်ရှိတဲ့အခါ စိတ်ကလည်းအမြဲကြည်လင်နေပြီး မျက်နှာကအစ ကြည်လင်လှပနေပါတယ်။(၃) မုဒိတာပွားတတ်တဲ့စိတ်ရှိခြင်း
မုဒိတာပွားတဲ့စိတ်ရှိတဲ့သူတွေဟာ သူများအောင်မြင်မှုကိုမနာလိုတဲ့စိတ်မရှိဘဲ အောင်မြင်မှုကိုမုဒိတာပွားပေးတတ်ကြပါတယ်။သူတစ်ပါးအောင်မြင်မှုကိုမုဒိတာပွားတတ်တဲ့သူက အမြဲလိုလိုကြည့်ကောင်းပါတယ်။
မနာလိုစိတ်မရှိခြင်းက လူကိုကြည့်ကောင်းစေပြီး ဘာဝတ်ဝတ်အရောင်ထွက်စေပါတယ်။ မနာလိုစိတ်ကြီးမားတဲ့သူတွေကတော့ ၊
ဘယ်လောက်ပဲတန်ဖိုးကြီးတဲ့အဝတ်အစားတွေဝတ်ထားပါစေ ကြည့်လို့ဘယ်လိုမှမလှပါဘူး။
(၄) ကြင်နာတတ်တဲ့စိတ်ရှိခြင်း
ကြင်နာတတ်ပြီး တစ်ဖက်သားကိုကိုယ်ချင်းစာတတ်တဲ့သူတွေက နှလုံးသားလှတာကြောင့် လူကလည်း အလိုလိုကြည့်ကောင်းနေပါတယ်။ ကြင်နာတတ်တဲ့စိတ်က လူကိုလှပစေပါတယ်။
(၅) ကျေးဇူးသိတတ်တဲ့စိတ်ရှိခြင်းလူသားတစ်ယောက်အဖြစ်ရှင်သန်နေတဲံအခါ ကျေးဇူးသိတတ်တဲ့စိတ်ရှိဖို့လည်း လိုပါတယ်။ ကျေးဇူးသိတတ်ခြင်းက ၊
ကောင်းမွန်တဲ့စိတ်ကိုဖြစ်စေတာကြောင့် ရုပ်ရည်ကိကြည်လင်စေပါတယ်။ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေအတွက် ကျေးဇူးတင်တာ၊ ကိုယ့်ဘေးနားကလူတွေအတွက် ကျေးဇူးတင်တာ၊
ကိုယ်ဖြတ်သန်းခဲ့တဲ့အချိန်တွေအတွက်ကျေးဇူးတင်တာ အဲ့ဒီလို ကျေးဇူးတင်တဲ့စိတ်က လူတစ်ယောက်ကို အလိုလိုကြည့်ကောင်းနေစေပါတယ်။
Credit