Knowledge

မွေးလ နက္ခတ်အလိုက် ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရမ္မက်အကြောင်းများ

သင့်ရဲ့မွေးလဟာ သင့်ရဲ့ ချစ်ရမ္မက်လိုအင်ဆန္ဒအပေါ် လွှမ်းမိုးမှုရှိရဲ့လား ဆိုတဲ့ မွေးခွန်းကိုတော့ “ဟုတ်ပါတယ်” လို့ နက္ခတ်ဗေဒင်ဆရာ Suzie Kerr Wright က ပြန်လည်ဖြေကြားထားပြီး၊

အဲဒီအထဲမှာတော့ ဇန်နဝါရီလ မွေးဖွားသူတွေဟာ ချစ်ရမ္မက်နဲ့ ပတ်သက်လို့ မူမမှန်ဆုံးသူတွေ ဖြစ်ကြသလို နိုဝင်ဘာလ မွေးဖွားသူတွေကတော့ ချစ်ရမ္မက် အပြင်းပြဆုံးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။၁။ ဇန်နဝါရီ

ဇန်နဝါရီလ မွေးဖွားသူတွေဟာ ချစ်ရမ္မက်နဲ့ ပတ်သက်လို့ မူမမှန်ဆုံး လက္ခဏာရှိသူတွေ ဖြစ်ကြပေမဲ့ သူတို့မှာ နိုဝင်ဘာလ မွေးဖွားသူတွေနဲ့ တူညီနေပြန်တဲ့ အချက်ကတော့ ၊

အိပ်ယာပေါ်က လုပ်ဆောင်ချက်တွေအပေါ် ကျေနပ်ပျော်ရွှင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

၂။ ဖေဖော်ဝါရီ

ဖေဖော်ဝါရီလ မွေးဖွားသူတွေဟာ စွန့်စားလိုမှု အရှိဆုံးအဖြစ် ပြောစမှတ်ခံရသူတွေ ဖြစ်ပါတယ်။ ချစ်ရမ္မက် ပြင်းပြကြပြီ၊

း သူတို့ကို ရရှိနိုင်ဖို့အတွက် စိတ်ခံစားမှုနဲ့အတူ နားလည်၊ ချိတ်ဆက်ထားမိဖို့ အများဆုံး ကြိုးစားရပါလိမ့်မယ်။

၃။ မတ်

မတ်လ မွေးဖွားသူတွေဟာ အချစ်နဲ့ ပတ်သက်တဲ့အချိန်တွေကို အိပ်ယာပေါ်မှာ အများဆုံး ကုန်ဆုံးစေသူတွေ ဖြစ်ကြပါတယ်။သံယောဇဉ်ကြီး၊ ရမ္မက် တက်ကြွသူတွေ ဖြစ်ကြပြီး သူတို့မှာ ရှိတဲ့အရာမှန်သမျှကို သူတို့အဖော်အတွက် ပေးဆပ်တတ်ကြသူတွေပါ။

၄။ ဧပြီ

ဧပြီလ ဖွေးဖွားသူတွေဟာ အမှီအခို၊ အချုပ်အချယ် ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့ ကြိုးစားသူတွေဖြစ်ကြပြီး တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းကို ခံရချိန်မှာတော့၊

ပိုင်ဆိုင်သမျှ အားလုံးနဲ့ ပေးဆပ်ဖို့ ဝန်မလေးကြသူတွေပါ။ ဧပြီလ မွေးဖွားသူတစ်ယောက်နဲ့ ပျော်ပါးမယ်ဆိုရင်တော့ အချစ် ကြမ်းကြမ်း၊

ရမ္မက်ပြင်းပြင်းနဲ့ ထိတွေ့ခံစားရနိုင်ပေမဲ့ အဲဒီအချက်ကြောင့်ပဲ သူတို့တွေဟာ မြန်မြန်ဆန်ဆန် မောပန်း၊ ပြီးသွားတတ်တဲ့ သူတွေဆိုတာကိုလည်း ထည့်တွက်ရမှာပါ။၅။ မေ

မေလ မွေးဖွားသူတွေဟာ ပြင်းပြင်းထန်ထန် ရမ္မက်မျိုးထက် သက်သောင့်သက်သာရှိတဲ့ ပျော်ပါးမှုမျိုး ပိုပြီး လိုချင်တပ်မက်ကြသူတွေပါ။

ဒါ့ပြင် သူတို့တွေဟာ နေရာမရွေး ဆိုတာထက်လည်း အိစက်နေတဲ့ အိပ်ရာခင်းပေါ်၊ အလှဆင်ထားတဲ့ အခန်းမျိုးမှာ ထူးကဲခံစားချင်သူတွေပါ။

၆။ ဇွန်

ဇွန်လ မွေးဖွားသူတွေဟာ မေလ မွေးဖွားသူတွေနဲ့ ဆန့်ကျင်ဘက်လို့ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုရင် သူတို့တွေဟာ အရာအားလုံးရဲ့အကြောင်းကို၊

အလုံးစုံ ပြည့်ပြည့်၀၀ သိရှိလိုချင်တဲ့စိတ်နဲ့ နေရောင် ကျရောက်တဲ့ နေရာမှန်သမျှမှာ နည်းပေါင်းစုံနဲ့ ပျော်ပါးချင်ကြသူတွေပါ။

တကယ်လို့သာ သင်ဟာ ဖုန်းထဲက ဖြစ်ဖြစ်၊ အွန်လိုင်းပေါ်က ဖြစ်ဖြစ် တစ်စုံတစ်ယောက်နဲ့ သားမယားစကား၊ ညစ်ညစ်ပတ်ပတ် စကားတွေကို) ပြောဆိုကြူ)ချင်တယ် ဆိုရင်တော့ ဇွန်လ မွေးဖွားသူတွေက အသင့်တော်ဆုံးပါ။

၇။ ဇူလိုင်

ဇူလိုင်လ မွေးဖွားသူတွေဟာ နက်ရှိုင်းတဲ့ စိတ်ခံစားမှုကို ဦးစားပေးပြီး ပျော်ပါးချင်ကြသူတွေပါ။ ပျော်ပါးတဲ့ တစ်ကြိမ်တိုင်းဟာ ယုံကြည်စိတ်ချရမှုကို လိုချင်လို့ ဆိုတဲ့ ခံစားချက်ကို ဦးတည်တတ်ပြီး မိမိရဲ့ အပေါင်းအဖော်ကို လိုလေးသေးမရှိ ကျေနပ်စေသူပါ။

၈။ သြဂုတ်

သြဂုတ်လ မွေးဖွားသူတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးသူ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင်တော့ အလွန်တရာ စိတ်ရင်းကောင်းပြီး သဘောထားကြီးသူ ဖြစ်ရင်ဖြစ် ၊

အဲဒီနှစ်ခုထဲက တစ်ခုထဲမှာ ပါဝင်တတ်ကြသူတွေပါ။ ချစ်မက်ရေးရာနဲ့ ပတ်သက်လို့ တောင်ဆိုရတာမျိုးကို ဆန္ဒမရှိသူတွေလည်း ဖြစ်ကြပါတယ်။

၉။ စက်တင်ဘာ

စက်တင်ဘာလ မွေးဖွားသူတွေဟာ ဖို၊ မကိစ္စအတွက် လိုအင်ရမ္မက် အားသန်ကြပေမဲ့ အမြဲတမ်းလိုလို စိတ်ခံစားမှုနဲ့ မျိုးသိပ်၊ ထိန်းချုပ်နေတတ်ကြသူတွေပါ။သူတို့ကို ကိုယ်လက်နှီးနှောပြီး စိတ်အတက်ကြွဆုံး ဖြစ်အောင် အတော်လေးကို လုပ်ယူရပြီး ချက်ချင်းလက်ငင်း ပျော်ပါးဖို့ သူတို့ကိုယ် သူတို့ အလိုမလိုက်တတ်ကြသူတွေပါ။

အဲ.. ဒါပေမဲ့ သူတို့ စိတ်ပါတဲ့အချိန်ကို ရောက်ရှိသွားပြီ ဆိုပြန်ရင်လည်း သူတို့ မဖြည့်ဆည်းပေးမယ့်အရာဆိုတာ မရှိတော့လောက်အောင်ပါ။

၁၀။ အောက်တိုဘာ

အောက်တိုဘာလ မွေးဖွားသူတွေဟာ ထားဝရအချစ်မျိုးနဲ့ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းမျိုး အချိန်ကြာကြာ လက်တွဲချင်ကြသူတွေပါ။

နှစ်ကိုယ်ကြား ဇာတ်လမ်းနဲ့ ပတ်သက်လာရင်တော့ ကြည်နူးစရာ အချစ်ဇာတ်သိမ်းမျိုးတွေ ပုံဖော်၊ ချစ်စိတ်ပြင်းပြနေတဲ့ ရုပ်ပုံတွေကို ပြပြီး ဘယ်လိုရှိလဲ၊

သင့်ရဲ့စိတ်ခံစားမှု ဘယ်လိုခံစားရလဲ ဆိုတာ မေးမြန်းချင်ကြသူတွေပါ။ သင့်ရဲ့ စိတ်ခံစားမှုကို ဖွင့်ဟ ပြောပြလိုက်တဲ့အခါမှာလည်း ၊

ပျော်ပါးဖို့အတွက် တစ်ဆင့်ချည်းစီ ဖြေးဖြေးမှန်မှန်နဲ့ နောက်ဆုံးအချိန်၊ နောက်ဆုံးအဆင့် အထိ ခံစားချင်ကြသူတွေပါ။

၁၁။ နိုဝင်ဘာနိုဝင်ဘာလ မွေးဖွားသူတွေဟာ အားလုံးထဲမှာ စိတ်အားပြင်းပြဆုံး စံနမူနာအဖြစ် သတ်မှတ်ထားရမယ့် သူတွေပါ။ သူတို့တွေဟာ သူတို့ရဲ့အဖော်ကိုယ်စီကို အလုံးစုံ၊

ရယူပိုင်ဆိုင်ဖို့ လိုအပ်ကြသလို သူတို့ ကိုယ်စီ၌ကလည်း သူတို့အဖော်ကိုယ်စီအတွက်သာ ဖြစ်ချင်ကြသူတွေပါ။

၁၂၊ ဒီဇင်ဘာ

ဒီဇင်ဘာလ မွေးဖွားသူတွေဟာ ထိုးထွင်းတီထွင်နိုင်စွမ်းရှိတဲ့ ဖန်တီးရှင်တွေလို့ သတ်မှတ်ခံထားရသူတွေ ဖြစ်ကြပါတယ်။ ချစ်ရေးချစ်ရာ အပိုင်းမှာ ကိုယ်တိုင် ချစ်ဇာတ်လမ်း ဖန်တီးရတာကို နှစ်သက်၊

သဘောကျကြပြီး မိမိရဲ့ အဖော်နဲ့ ပျော်ပါးချိန်မျိုးမှာလည်း ကိုယ်တိုင် အဓိကအခန်းကနေ လှုပ်ရှားရတာကို အကြိုက်တွေ့သူတွေပါ။ကြမ်းကြမ်းတမ်းတမ်း အထိအတွေ့ကို ရယူပျော်ပါးဖို့ ခက်ခဲတတ်ကြပေမဲ့ ပျော်ပါးတဲ့အချိန်တိုင်းကိုတော့ စိတ်ကျေနပ်စေသူတွေပါ။

ဘယ်လိုလဲ။ သင့်ရဲ့ မွေးလနဲ့ သင့်ရဲ့ ချစ်ရမ္မက် ကိုက်ညီရဲ့လား။

Credit