Local News

ပြင်ဦးလွင်မြို့ကိုရောက်ရှိနေတုန်း သဘာဝအလှတရားတွေဖြစ်တဲ့ ချယ်ရီပန်းတွေကြားမှာ အလှကြီးလှနေတဲ့ နေခြည်ဦး






Credit …Nyein Naing

ပရိသတ်ကြီးရေ နေခြည်ဦးကတော့ လတ် တလောမှာ ရိုက်ကူးရေးနဲ့ ပြင်ဦးလွင်မြို့ကိုရောက်ရှိနေခဲ့ပါတယ်။ ချီချီကတော့ ပြင်ဦးလွင်မြို့ကိုရောက်ရှိနေချိန်မှာ သူ့ရဲ့ပရိသတ်တွေအတွက်၊

အလှပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။ နေခြည်ကတော့ အမြဲတမ်းလိုလို သူ့ရဲ့နေ့စဉ်လ ှုပ်ရှားမှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ချပြလေ့တဲ့သူပါ။

လတ်တလောမှာလည်း ပြင်ဦးလွင်မြို့ကိုရောက်ရှိနေတုန်း သဘာဝအလှအပတွေကို အပြည့်အဝ ခံစားနေခဲ့ပြီး ပရိသတ်တွေကိုလည်း ပြင်ဦးလွင်မြို့ရဲ့ဆောင်းရာသီအေးချမ်းလှတဲ့အလှအပတွေကို မျှဝေလာပါတယ်။

ချယ်ရီပန်းတွေရဲ့ကြားထဲမှာ ခြည်ခြည်ကိုယ်တိုင်လည်း လှပကျော့ရှင်းစွာနဲ့ အလှပုံတွေရိုက်ကူးခဲ့ ပါသေးတယ်။ ချီချီကိုယ်တိုင်ကလည်း ပြင်ဦးလွင်မြို့ရဲ့ ချယ်ရီပန်းတွေနဲ့အလှပြိုင်နေတဲ့အလားထင်မှတ်ရလောက်အောင်ကိုလှပနေခဲ့တာပါ။

ပရိသတ်တွေကလည်း ချီချီရဲ့ ချယ်ရီပန်းတွေကြားအလှကြီးလှလွန်းလှတဲ့ ပုံလေးတွေကိုကြည့်ပြီး ချီချီရဲ့ လှပကျော့ရှင်းနေမှုကို ချီးကျူးနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ ချီချီရဲ့ ချယ်ရီပန်းတွေကြား လှပလွန်းနေတဲ့ ချီချီရဲ့ ပုံရိပ်လေးကို မျှဝေဖော်ပြပေးလိုက်ပါ တယ်နော်။

Credit…Nyein Naing