Knowledge

ယောက်ျားလေးတွေ မနှစ်မြိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နေထိုင်ပုံ (၁၀) ချက်

ယောက်ျားလေးတွေ မနှစ်မြိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နေထိုင်ပုံ (၁၀) ချက်

အပျင်းကြီးတဲ့ မိန်းကလေးတွေကို ယောကျ်ားလေးတိုင်း မနှစ်သက်သလိုပဲ တချို့အနေအထိုင်မတတ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေမှာလည်း ယောကျာ်းလေးတွေကို စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်ဆံရတဲ့ အခါမျိုးတွေမှာပါ။ ယခုလို မနှစ်မြိုတဲ့အကြောင်းကို သင့်ကိုဖွင့်ပြောချင်မှပြောပါလိမ့်မယ်။ ဖွင့်ပြောတဲ့အခါမှာလည်း body shaming လုပ်တယ်လို့ သတ်မှတ်လို့မရပါဘူး

ဘာကြောင့်လဲဆိုတော့ ယောကျ်ားလေးတိုင်းလိုလို ကိုယ့်ချစ်သူအနားကပ်တဲ့အခါ ဒီလိုအရာတွေကို မနှစ်သက်လို့ပါပဲ။ ဒီလိုအရာလေးတွေကို သိထားမှသာလျှင် ချစ်သူရဲ့အငြိုငြင်ခံရမှုကို ရှောင်ရှားနိုင်မှာဖြစ်ပြီး ချစ်သူကိုအကောင်းဆုံးဆွဲဆောင်နိုင်ပါလိမ့်မယ်။

၁။ သင့်ခန္ဓာကိုယ် အစိတ်အပိုင်းအချို့မှာ ပေါက်တတ်တဲ့ အမွှေးအမျှင်တွေကို မရိတ်ထားဘူးမိန်းကလေးတစ်ယောက်ရဲ့ လက်မှအမွှေးတွေ အရမ်းရှည်နေရင် သို့မဟုတ် ဂျိုင်းမွှေး နဲ့ ခြေသလုံးမှာ အမွှေးတွေရှိနေရင် ယောကျ်ားလေးတွေ အမြင်မှာ ကြည့်ရဆိုးပါတယ်။

သင့်ရဲ့မျက်နှာကို အမြဲတမ်းနူးညံ့ချောမွတ်နေအောင် ချယ်သနေသလိုပဲ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုလည်း ဂရုစိုက်ပြင်ဆင်ဖို့လိုပါလိမ့်မယ်

၂။ မိတ်ကပ်တွေအရမ်းလိမ်းရင်ယောကျ်ားလေးတိုင်းဟာ မိန်းကလေးတစ်ယောက်ရဲ့ သဘာဝအလှကို ချစ်မြတ်နိုးကြပါတယ်။

တကယ်လို့သင်ဟာ မိတ်ကပ်လိမ်းရတာကို နှစ်သက်သူတစ်ယောက်ဆိုရင် သဘာဝအလှကို အရမ်းကြီးဖုံးကွယ်သလို မျိုး သို့မဟုတ် အခြားသူတစ်ယောက်လိုမျိုး ပြောင်းလဲသွားတဲ့အထိ ၊မလိမ်းချယ်သင့်ပါဘူး။ ပင်ကိုယ်အလှကို အနည်းငယ်ပံ့ပိုးပေးရုံနဲ့ ကိုယ့်အသားအရေနဲ့ လိုက်ဖက်အောင်သာ လိမ်းချယ်ပါ။

မိတ်ကပ်အရမ်းကြီးလိမ်းရင် သင့်ချစ်သူက သင့်ကိုနမ်းချင်စိတ်လျော့နည်းသွားသလို သင့်အလှကို မိတ်ကပ်ဖုံးပြီး သူ့ကိုလှည့်ဖျားနေတယ်လို့ ထင်မှတ်နိုင်ပါတယ်။

၃။ သင့်ရဲ့သောက်နိုင်စွမ်းကို မထိန်းချုပ်နိုင်ရင်အရက်အရမ်းသောက်ထားတဲ့ ချစ်သူကို ထိန်းရတာဘယ်သူမှ နှစ်သက်မယ်မထင်ပါဘူး။

ဒါ့ကြောင့်သူငယ်ချင်းတွေနဲ့ပဲဆုံဆုံ ချစ်သူနဲ့ပဲသောက်သောက် သူစိတ်ပျက်စေအောင် အထိန်းအကွပ်မဲ့ သောက်တတ်တာကို ရှောင်ကျဉ်ပါ။ မိန်းကလေးတစ်ယောက်ရဲ့ အိန္ဒြေပျက်တဲ့အထိ မသောက်မိအောင်ဂရုစိုက်ပါ။၄။ ဆံပင်ကိုအမြဲတမ်းသပ်ရပ်အောင်မနေဘူးမနက်ခင်အိပ်ရာထတဲ့အချိန်မှာ ဆံပင်ရှုပ်ပွရင် သင်ရဲ့အလှလျော့နည်းသွားပါတယ်။

ဒါပေမယ့် မနက်အိပ်ရာထတဲ့အချိန်အပြင် အချိန်တော်တော်များများမှာ ဆံပင်ကိုသပ်ရပ်စွာမဖီးပဲ ဖြစ်သလိုနေရင် သင့်ချစ်သူကိုစိတ်ပျက်စေပါလိမ့်မယ်။

ဆံပင် အမြဲတမ်းရှုပ်ပွအောင် နေတာဟာ အိမ်မရှိယာမရှိတဲ့ လူတစ်ယောက်နဲ့ တူစေပါတယ်။ ဒါ့ကြောင့် ချစ်သူစိတ်ချမ်းသာစေဖို့ ခေါင်းကိုပုံမှန်လျှော်ပြီး ဆံသားကိုဂရုစိုက်ပေးပါ။

၅။ လေးနက်မှုမရှိရင်အမျိုးသားတိုင်းဟာ လေးနက်မှုရှိပြီး ဉာဏ်ကောင်းတဲ့အမျိုးသမီးတွေကို ပိုမိုနှစ်သက်လေ့ရှိကြပါတယ်။

တကယ်လို့ မိန်းကလေးတစ်ယောက်က ရုပ်ပိုင်းစည်းစိမ်တွေ အကောင်းစားတွေကိုပဲ တန်ဖိုးထားပုံပြပြီး ကိန်းကြီးခန်းကြီးနေရင်တော့ ချစ်သူက ကြာလာရင်အော့နှလုံးနာလာပါလိမ့်မယ်။၆။ ခံတွင်းသန့်ရှင်းမှုကို ကောင်းစွာမလုပ်ရင်ချစ်သူကနမ်းတဲ့အခါ သင့်ခံတွင်းကနံနေရင် နောက်တခါနမ်းချင်စိတ်ရှိမှာ မဟုတ်ပါဘူး။

ခံတွင်းသန့်ရှင်းမှုဟာ အမျိုးသားရော အမျိုးသမီးအတွက်ပါ အရေးအကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် အစားစားပြီးတိုင်း ပလုတ်ကျင်းတာ သွားတိုက်တာနဲ့ ခံတွင်းသန့်ဆေးကို ပုံမှန်သုံးတာတွေ ပြုလုပ်သင့်ပါတယ်

၇။ ဆေးလိပ်သောက်တတ်ရင်ဆေးလိပ်သောက်တတ်တဲ့ အမျိုးသားနဲံ ဆိုရင်တော့ သင်ဆေးလိပ်သောက်တတ်တာ အဆင်ပြေကောင်းပြေပါလိမ့်မယ်။ ဒါပေမယ့် ဆေးလိပ်မသောက်တဲ့ သူနဲ့ဆိုရင်တော့ သင့်ခံတွင်းနံ့နဲ့ ချွေးနံ့ကို ခံနိုင်မှာမဟုတ်ပါဘူး။

၈။ စရိုက်ကြမ်းပြီး အောက်တန်းကျတဲ့ စကားတွေသုံးရင်အမျိုးသမီးတိုင်း ယဉ်ကျေးသိမ်မွေ့ပြီး လိမ္မာရေးခြားရှိဖို့ လိုအပ်ပါတယ်။ဒီလိုမိန်းကလေးမျိုးတွေက အမျိုးသားတွေကို ပိုပြီးဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်စကားပြောတဲ့အခါတိုင်း အောက်တန်းစားစကားလုံးတွေပြောတာ အဓ္ဓမဆန်ဆန်စကားတွေ ပြောတာကို ရှောင်ဖို့လိုပါတယ်။

၉။ ချစ်စရာကောင်းအောင် အမြဲကြိုးစားပြီး ဟန်ဆောင်နေရင်သင့်ရဲ့ ကလေးအသံနဲ့ပြောတာ ပလီပလာချွဲတာတွေက ကလေးတစ်ယောက်လို ချစ်စရာမကောင်းပဲ၊

မရင့်ကျက်တဲ့ပုံစံဖြစ်နေတတ်ပါတယ်။ ဒီလိုအရည်အချင်းမဲ့တဲ့ပုံစံမျိုးနဲ့ အမြဲတမ်းဆိုးနွဲ့နေရင်တော့ ကြာလာရင် စိတ်ကုန်လာပါလိမ့်မယ်။ယောကျ်ားလေးတိုင်းဟာ သူတို့ရဲ့အမျိုးသမီးကို ကြံ့ခိုင်ပြီး လွတ်လပ်တဲ့သူတွေအဖြစ်မြင်တွေ့ချင်ကြပါတယ်။

၁၀။ ရေမွှေးတွေ အရမ်းသုံးရင်ရေမွှေးနံ့ဟာ အခြားသူတွေကို ခေါင်းကိုက်စေနိုင်ပါတယ်။ တစ်ရက်ကို တစ်ခါနှစ်ခါလောက် နည်းနည်းစီဖြန်းရင် အဆင်ပြေပေမယ့် အလွန်အကျူးတော့မလုပ်ပါနဲ့ ၊ အမျိုးသားတွေ မနှစ်သက်တတ်ပါဘူး။

LM_Naung_Naung

Credit