Knowledge

၂၄ နှစ်နောက်ပိုင်းမှာတော့ ဒီအပြုအမူတွေကို အတတ်နိုင်ဆုံး လျှော့ချထားလိုက်ပါ

သင်ဟာ ၁၉၉၆ခုနှစ်မှာ မွေးသူတစ်ဦးဆိုရင် ဒီနှစ်ထဲမှာ ၂၅ နှစ်ပြည့်မှာဖြစ်ပြီး ၉၆ အောက်မွေးသူတွေကတော့ ၂၅ ကျော်သွားပါပြီ။

ဒီအရွယ်ဟာ လူငယ်လည်းမဟုတ်တော့သလို၊ လူကြီးလည်းမဟုတ်ပေမယ့် လူလတ်ပိုင်းအရွယ်အစ ဖြစ်တာမို့နေထိုင်မှုပုံစံမှာ ပြုပြင်ပြောင်းလဲမှုလေး အနည်းငယ် လိုအပ်လာပါပြီ။

၁ – ဈေးပေါပေါအင်္ကျီတွေမဝယ်နဲ့တော့။ဒီအရွယ်မှာ အများအားဖြင့် ဝင်ငွေရှာနိုင်တဲ့ အရွယ်အပိုင်းအခြား ဖြစ်နေပြီဖြစ်သလို ငယ်ငယ်တုန်းကလို၊ဈေးနည်းနည်းနဲ့ အထည်များများ ဝယ်တာမျိုး မလုပ်သင့်တော့ပါဘူး။

သင့်ရဲ့အလုပ်အကိုင်၊ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်သလို။

ခပ်ပေါပေါ အဝတ်အစားမျိုးထက် ဈေးနှုန်းသင့်တင့်ပြီး ဝတ်လိုက်တာနဲ့ အဆင့်အတန်းတစ်ခုရှိတဲ့ ပုံစံမျိုးကို ဝတ်ဆင်သင့်ပါတယ်။

၂ – ရည်းစားမရှုပ်နဲ့တော့ဘဝအတွက် အတည်တကျ ရွေးချယ်သင့်တဲ့ အရွယ်တစ်ခု ရောက်နေပြီမို့ ငယ်ငယ်တုန်းကလို အပျော်ရည်းစားထားတာမျိုးကို။ဒီအချိန်မှာ ရှောင်ရှားသင့်ပါပြီ။သင်နဲ့ အမူအကျင့်ခြင်း လိုက်ဖက်ညီမယ့်၊ သင်ကိုချစ်တဲ့၊ သင်ကလည်းချစ်တဲ့

ဘဝလက်တွဲဖော်တစ်ဦးကို နှလုံးသားနဲ့ ဦးနှောက်တို့ ပူးပေါင်းပြီးရွေးချ ယ်သင့်တဲ့အချိန်ပါ။

၃ – သူများတွေရဲ့ထင်မြင်ချက်တွေကို ဂရုမစိုက်နဲ့တော့။ငယ်ငယ်တုန်းကတော့ မိဘကခွင့်မပြုလို့ မလုပ်ရဘူး။ ပတ်ဝန်းကျင်က ဒီလိုမြင်မှာဆိုးလို့ မလုပ်ဖြစ်ဘူး။ ဟိုလူတွေက၊

ဟိုလိုများပြောမလား၊ ဒီလိုများပြောမလားဆိုပြီး သူများရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ပါနဲ့တော့။သင့်မှာလည်း ထိုက်သင့်တဲ့ အသိဉာဏ်၊

အတွေးအခေါ်ရှိနေပြီမို့ သင့်ရဲ့လုပ်ကိုင်ပုံ ကောင်းခြင်း၊ ဆိုးခြင်းကို သင်ကိုယ်တိုင် အမှားအမှန်ခွဲခြားနေနိုင်ပါပြီ။၄ – မိဘတွေကို အပြစ်မတင်နဲ့တော့။ဟုတ်ပါတယ်။ ဘယ်သူမှတော့ အရာရာပြီးပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။ ဆင်းဆင်းရဲရဲမွေးလာရတဲ့ သင့်အပြစ်မဟုတ်ပါဘူး။ ဆင်းဆင်းရဲရဲသေသွားရရင်သာ သင့်အပြစ်ပါ။

သင်မိဘတွေက သင့်အပေါ် မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အချို့သော ကိစ္စရပ်တွေအတွက် သူတို့ကို ဗွေမယူပါနဲ့။ သင့်သားသမီးတွေလက်ထက်မှာ သင်ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပါ။

၅ – ငွေတွေမဖြုန်းနဲ့တော့။လူငယ်ဘဝမှာတော့ ငွေတန်ဖိုးမသိသေးလို့ မလိုအပ်တဲ့ အပိုတွေကို သုံ းဖြုန်းပစ်မိခဲ့ပေမယ့် ၂၄ ဆိုတဲ့ ဒီအရွယ်နောက်ပိုင်းမှာတော့ ငွေစုချိန်ရေ ာက်ပြီ ဖြစ်ပါတယ်။

သင့်ဘဝတိုးတက်ရေးအတွက် ငွေကို မလိုအပ်ပဲ မဖြုန်းပစ်သင့်သလို စုနေယုံနဲ့လည်း မပြီးပဲ တိုးပွားအောင် ကြံဆောင်နိုင်ရမယ့် အရွယ်ပါ။ ပညာကိုရှာပြီးချိန်မို့ အချိန်တွေကို ဥစ္စာအတွက် ရင်းနှီးမြှုပ်နှံပါ။၆ – အင်တာနက်မှာပဲ အချိန်တွေအကြာကြီး မဖြုန်းနဲ့တော့။ယနေ့ခေတ်မှာ လူငယ်တွေဟာ အင်တာနက် လူမှုကွန်ယက်တွေကို ပိုမိုစွဲ လမ်းလာကြပြီး အဲ့ဒီအပေါ်မှာပဲ အလကားအချိန်တွေ ကုန်နေတတ်ကြပါတယ်။

၂၄ နှစ်နောက်ပိုင်းမှာတော့ ဒီအပြုအမူတွေကို အတတ်နိုင်ဆုံး လျှော့ချထားလိုက်ပါ။ အင်တာနက်သုံးတယ်ဆိုရင်လည်း။

Facebook တစ်ခုထဲသာ အဓိကမထားပဲ သင့်ရဲ့ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေးဆိုင်ရာတွေအတွက် အချိန်အနည်းငယ်တော့ အသုံးချထားသင့်ပါတယ်။

၇ – လူတိုင်းအပေါ် အရမ်းမကောင်းနဲ့တော့။စေတနာသည် လူတိုင်းနဲ့မတန်ဆိုတာ ဒီအရွယ်မှာ သဘောပေါက်သင့်သ လောက် ပေါက်ပြီးသား ဖြစ်မှာပါ။

လူတိုင်းအပေါ် အရမ်းမကောင်းပါနဲ့။ ဒါဟာစိတ်ယုတ်မွေးဖို့ကို ဆိုလိုတာမဟုတ်ပဲ၊ လှိုက်လှိုက်လဲှလှဲ ပစ်ယုံလိုက်တာမျိုးကို။ရှောင်ရှားတတ်ဖို့ ဆိုလိုတာပါ။ အားနာလို့ ခါးပါရတဲ့ ကိစ္စမျိုးကို ပရိယာ ယ်နဲ့ ရှောင်ပါ။

Credit

Unicode