Knowledge

( ၂၀ ) ကျော်တွေထက် အသက် ( ၃၀ ) ကျော်မမတွေက ပို ဆွဲဆောင်မှု ရှိနေရခြင်း အကြောင်းအရင်း ( ၇ ) ချက်

( ၂၀ ) ကျော်တွေထက် အသက် ( ၃၀ ) ကျော်မမတွေက ပို ဆွဲဆောင်မှု ရှိနေရခြင်း အကြောင်းအရင်း ( ၇ ) ချက်၊

ဒီနေ့ခေတ် အသက် ၃၀ ကျော် အမျိုးသမီး တွေဟာ ၂၀ ကျော် အရွယ် မိန်းကလေး တွေထက် ပိုပြီးလည်းလှ ပိုပြီးလည်း စမတ်ကျ ကြည့်ကောင်း နေကြတာကို တွေ့ရပါတယ် ။

အထူးသဖြင့် အပေါ်ယံ လှနေတာမျိုးပဲ မဟုတ်ဘဲ သူတို့ရဲ့ အပြုအမူ။အပြောအဆိုနဲ့ ခံယူချက် စတာတွေကလည်း လေးစားစရာ ကောင်းနေပြီး အဖက်ဖက်က ပြည့်စုံတဲ့ ၊

အမျိုးသမီးတစ်ယောက် ဖြစ်နေတာမျိုးပါ။ အဲ့ဒီလိုမျိုး အဖက်ဖက်က ပြည့်စုံလှပတဲ့ အမျိုးသမီးလေးတွေ ဖြစ်နေတာဟာ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်နော် ။

(၁) အသက်ကြီးလာပြီလို့ တွေးပြီး စိတ်ဖိစီးတာမျိုး မရှိဘူး ”

အသက် ၃၀ အရွယ်ကို ရောက်လာပြီဆိုတာနဲ့ ပတ်ဝန်းကျင်က အသက်ရလာပြီ၊ အိမ်ထောင်မပြုသေးဘူးလား၊ ကလေးမယူသေးဘူးလား စသဖြင့် မေးတတ်ကြပါတယ်။

ဒါပေမယ့် ဒီလိုသတ်မှတ်ချက်တွေကို ဂရုစိုက်မနေဘဲ အေးအေးဆေးဆေး လစ်လျူရှု နေနိုင်တဲ့အပြင် ကိုယ့်အတွက် အမှန်တကယ် သင့်တော်တဲ့အရာ ၊ ကိုယ့်ကို စိတ်ချမ်းသာစေတဲ့ ၊

အရာက ဘာလဲဆိုတာကို သေချာသိပြီး ရွေးချယ်နိုင်တာကြောင့် အပူအပင်ကင်းကင်းနဲ့ တက်ကြွလှပ နေနိုင်တာပဲ ဖြစ်ပါတယ်။

(၂) ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကဘာလဲ ကောင်းကောင်းသိတယ် ”

မိန်းကလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာအနေအထား၊ ခန္ဓာကိုယ်အချိုးအစား မတူကြတာကြောင့် သူနဲ့လှနေတဲ့ ဖက်ရှင်က ကိုယ်နဲ့ လှချင်မှ လှတာပါ။

ဒါကို ၃၀ ကျော်မတ်မတ်တွေက ကောင်းကောင်း နားလည်နေပြီး ကိုယ်နဲ့ ဘယ်လိုဖက်ရှင်နဲ့ လိုက်ဖက်တယ်၊ ဘယ်နေရာကို ဘာဝတ်သွားရင် သင့်တော်တယ် ဆိုတာကိုလည်း ၊

ကောင်းကောင်းကြီး သိနေတာကြောင့် ဘယ်အချိန်ကြည့်ကြည့် ဖက်ရှင်ကျ၊ ကြည့်ကောင်းနေတာမျိုးပါ။

(၃) အရည်အသွေး ကောင်းတာတွေ ရွေးချယ်တယ်

ဈေးပေါတဲ့ပစ္စည်းတွေ အများကြီးသုံးတာထက် အရည်အသွေးကောင်းတဲ့ အဝတ်အထည်၊ အိတ်၊ ဖိနပ် စတာတွေကို သုံးတာကြောင့် အဆင့်အတန်းမြင့်တဲ့ ပုံစံမျိုးနဲ့ ကျက်သရေရှိတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားပါတယ်။

(၄) ကိုယ့်ကိုယ်ကို လေးစားတယ်

မရင့်ကျက်ခင် အချိန်ကလို ကိုယ့်ကို မချစ်တော့တဲ့ သူတစ်ယောက်ကို အောက်ကျ နောက်ကျခံပြီး ဆွဲမထားတတ်တော့ဘူး၊ ကိုယ့်ကို မလိုလားတဲ့ ပတ်ဝန်းကျင်မှာ တွယ်ကပ်နေတာမျိုးတွေ မလုပ်တော့ဘူး၊

ဒီအချိန်မှာ ကိုယ့်ကိုယ်ကို လေးစားတတ်နေပြီး ကိုယ့်အထာလေးနဲ့ ကိုယ် နေတတ်လာတာကလည်း ၃၀ ကျော်မမတွေ ကြည့်ကောင်းနေရခြင်းထဲက အချက်တစ်ခုပဲ ဖြစ်ပါတယ်။

(၅) မဝံ့မရဲပုံစံမျိုး မရှိဘူး

ဒီအချိန်မှာ သင်ယူတတ်မြောက်ထားတဲ့ ပညာတွေကလည်း မနည်းတော့ဘူး၊ အတွေ့အကြုံတွေကလည်း မနည်းတော့ဘူး ၊ ဒါကြောင့် အရင်ကလို မဝံ့မရဲပုံစံမျိုးတွေ မရှိတော့ဘဲ ၊

ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတယ်၊ အဲ့ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေတဲ့ ပုံစံကပဲ မတ်မတ်တွေကို ဆွဲဆောင်မှု ပိုရှိစေတာပါ။

(၆) ကိုယ့်အတွက် ထိခိုက်မယ့် အလေ့အကျင့်တွေကို ရှောင်တယ်

ဒီအသက်အရွယ်မှာ ရင့်ကျက်သင့်သလောက် ရင့်ကျက်နေပြီ၊ နားလည်သင့်တာတွေကို သိနားလည်နေပြီ ဖြစ်တဲ့အတွက် ကိုယ့်အတွက် ထိခိုက်စေတဲ့ မိုက်ရူးရဲ လုပ်ရပ်တွေ မလုပ်တော့ဘူး၊

စိတ်ညစ်စရာတွေထဲမှာ ကိုယ့်ကိုယ်ကို နှစ်မြှုပ်မထားတော့ဘဲ ရုန်းထွက်တတ်လာပြီ၊ ကိုယ့်ကိုယ်ကို ပျော်အောင် ထားတတ်လာပြီမို့ စိတ်ညစ်၊ စိတ်ဆင်းရဲနေတာမျိုးတွေ မရှိဘဲ ပေါ့ပါးလန်းဆန်းနေတာပါ။

(၇) အရှိကို အရှိအတိုင်း လက်ခံတတ်တယ်

အရင်ကတော့ ကိုယ့်ကိုယ်ကို မလှဘူးလို့ ထင်တဲ့နေရာတွေကို အတင်းပြုပြင်ဖို့၊ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမယ့် အခုတော့ အဲ့ဒီလိုမဟုတ်တော့ဘဲ ကိုယ့်ရဲ့ ချို့ယွင်းချက်၊

အပြစ်အနာအဆာလို့ ထင်ရတဲ့အရာတွေကို အရှိအတိုင်း လက်ခံပြီး နေတတ်လာပြီ၊

အားသာချက်ကို များသထက်များအောင် လုပ်ပြီး အားနည်းချက်တွေကို လက်ခံတတ်လာပြီ၊ ဒီအချက်ကပဲ အသက် ၃၀ ကျော် မမတွေကို ပိုပြီးရင့်ကျက်လှပတဲ့ အမျိုးသမီးလေးတွေ ဖြစ်နေစေတာပါပဲနော်။

Credit

Unicode