Love

အချိန်အများကြီး အတူတူ ရှိခဲ့ဖူးတဲ့လူက ရုတ်တရက်ကြီး ကိုယ့်အနားရှိမနေတဲ့အခါ အရာရာဟာ လျစ်ဟာနေသလိုမျိုးနဲ့ တစ်နေ့လုံးကို ဖြတ်သန်းရတယ်

ဒီနေ့ဆက်ဆံရေးတွေက အေးစက်တယ်နော် ..

အစစအရာရာပေါ့ .. ကလေးရယ် ။ မနေ့ကနဲ့ တူမနေဘူးဆိုတဲ့ ခံစားချက်တွေနဲ့ .. မွန်းကျပ်နေပေမယ့် မင်းမအားလို့နေမှာပါဆိုတဲ့ စိတ်နဲ့ပဲ ဖြေဖြစ်တယ် ။ မင်းမအားတာပါ ပြီးတော့ အလုပ်တွေ များနေတာ နေမှာပါ တစ်ခုခုအဆင်မပြေနေလို့ပဲ ဖြစ်မှာပါဆိုပြီးပဲ ကိုယ့်ကိုယ်ကိုယ် ညာနေမိတယ် ။ ကျွန်တော့အနားကနေ ထွက်သွားချင်လို့တော့ မဟုတ်ဘူးမလား ။

ထုံးစံအတိုင်းပဲ မင်းပို့လာမှာပါဆိုတဲ့ စာလေးတွေ မျှော်ဖြစ်တယ် ။ အရင်နေ့တွေကလို ပေါ်မလာတာကလွဲလို့ အချိန်တွေအားလုံးမှာ မင်းကို မျှော်နေဖြစ်တယ် ။ အရင်လို အပြုံးချိုချိုလေးတွေ မော်မူးချင်တယ် ။ အရင်လို စကားတွေ အများကြီးပြောပြီး အတူတူ ရီမောချင်တယ် ။ တချိန်က ပြောခဲ့ဖူးတာလေး မှတ်မိသေးလား ။ ကျွန်တော်တို့က အဝေးကြီးမှာလေ တစ်ရက်လောက

ဖြစ်ဖြစ် ၂၄ နာရီလုံး မင်းအနားရှိနေသလိုလေး နေကြည့်ချင်တယ်ဆိုတဲ့ စကားတွေနဲ့ စိတ်ကူးယဥ်ခဲ့ဖူးတယ် မဟုတ်လား။ မင်းချော့သိပ်မှ အိပ်ပျော်တဲ့ ညတွေဟာ တဖြေးဖြေး အိပ်ရခက်လာပြီဖြစ်သလို မင်းအသံလးလေးကြားရဖို့တောင် တကူးတကကြီး ဆုတောင်းနေရတဲ့ရက်တွေဆီ ကူးပြောင်းလာခဲ့တာကတော့ ရင်နာစရာပါ ။

အချိန်အများကြီး အတူတူ ရှိခဲ့ဖူးတဲ့လူက ရုတ်တရက်ကြီး ကိုယ့်အနားရှိမနေတဲ့အခါ အရာရာဟာ လျစ်ဟာနေသလိုမျိုးနဲ့ တစ်နေ့လုံးကို ဖြတ်သန်းရတယ် ။ စကားတွေ အများကြီးပြောတတ်တဲ့ ကလေးက ရုတ်တရက် တိတ်ဆိတ်သွားတဲ့အခါ အရာရာဟာ ခြောက်ကပ်လွန်းနေသလိုမျိုး နေ့ရက်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်းရတယ် ။

ဒီနေ့ဆက်ဆံရေးတွေက အရမ်းကို အေးစက်တယ်နော် … ကိုယ်ရှိမနေခြင်းတွေမှာ အဆင်ပြေနေသယောင် ပုံရိပ်တွေ ငေးကြည့်နေရခြင်းက ရင်တွေနာစေရတယ် ။ ကိုယ်နဲ့ ပြောမနေရလဲ ပျော်ပါတယ်ဆိုတဲ့ အမူအရာလေးတွေက မျက်ရည်တွေကျရတယ် ။ ကမ္ဘာကြီးက ၂၃ နှစ်ပိုင်း

တစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေမြဲဖြစ်သလို လည်ပတ်နေမြဲဖြစ်ပေမယ့် မင်းနဲ့ပတ်သက်တဲ့အရာရာက မနေ့ကနဲ့တော့ တူမနေတော့ဘူး ။အရမ်းနီးကပ်ခဲ့လို့ထင်ပါတယ် အရမ်းကြီး အေးစက်သွားတဲ့အခါကျ … ကိုယ့်မှာ ခံနိုင်ရည်တွေ သိပ်မရှိသေးဘူးရယ် ။

မင်းနာမည်လေး မတပ်ဖြစ်တာကလွဲရင် မင်းဆီကိုပဲ ဦးတည်ပြီး ပို့ဖြစ်ခဲ့တဲ့စာမို့ မြင်နိုင်တဲ့အရပ်မှာရှိနေမယ်ဆိုရင် မြင်ပါစေ ကြားနိုင်မယ့်အရပ်မှာရှိနေမယ်ဆိုရင် ကြားပါစေ ပြီးတော့ ကိုယ်လွမ်းနေတာတွေလဲ မင်းသိပါစေ ။ အရာရာဟာ ပုံမှန်အတိုင်းပြန်နွေးထွေးသွားမှ ကိုယ်လဲ ငိုနေတာတွေ ရပ်မှာမို့ပါ

#ကျေးကို

Credit