Knowledge

မာနကြီးတယ်လို့ ထင်ရတဲ့ မိန်းကလေးတစ်ချို့ရဲ့ နားလည်ဖို့ခက်တဲ့ စိတ်နေစိတ်ထားများ

တစ်ချို့ မိန်းကလေးတွေက လူပုံကြည့်ရင် မာနကြီး တယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ သူတို့ရဲ့ ပင်ကိုယ်စိတ်ရင်းက နူးညံ တတ်ကြ ပါတယ်။

သူတို့ရဲ့ ပုံစံက နည်းနည်း အေးစက်စက် နေတတ်တဲ့ အတွက် သူတို့ကို လူတွေက မာနကြီးတဲ့ သူတွေအဖြစ် လွယ်လွယ် သတ်မှ တ်လိုက်တတ်ကြ တာပါ။တကယ်တမ်း မာနကြီးတယ်လို့ ထင်ရတဲ့ မိန်းကလေးတစ်ချို့ရဲ့ စိတ်နေစိတ်ထားလေးတွေက ဒီလိုရှိလို့နေပါတယ်။

(1) အပေါင်းအသင်းရွေးလို့

သူတို့တွေဟာ တွေ့ရာလူကို မခင်တတ်ကြ သလို သူတို့ဆီမှာ သူတို့တကယ်ခင်တဲ့ အပေါင်းအသင်း အနည်းငယ်လောက်သာ ရှိပါတယ်။

သူတို့တကယ်မခင်တဲ့ သူတွေ အပေါ် သိပ်ရင်းနှီး ဟန်မပြတတ်ကြတဲ့အတွက် သူတို့ကို မာနကြီး တယ်လို့ ထင်တတ် ကြပါ တယ်။

တကယ်တမ်း သူတို့ခင်မင်တဲ့ သူတွေနဲ့ ဆိုရင်တော့ သူတို့ဟာ စကားတွေ ပေါက်ပေါက်ဖောက် သလို ပြောတတ်ကြပြီး မထင်ရအောင် ပေါတောတောတွေ လည်း လုပ်တတ်ကြတဲ့ ခင်မင်စရာကောင်းသူလေးတွေ ဖြစ်ကြပါတယ်။(2) မလိုအပ်ပဲ စကားတွေ အများကြီး မပြောတတ်လို့

နောက်ထပ် မာနကြီးတယ်လို့ ထင်ရတဲ့ အချက်တစ်ချက်က စကားနည်းတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

သူစိမ်းတွေနဲ့ ဒါမှမဟုတ် သူတို့နဲ့ မရင်းနှီးတဲ့ သူတွေနဲ့ဆို မလိုအပ်ပဲ စကားတွေ အများကြီး မပြောတတ်ကြပါဘူး။ ဒါတွေကပဲ တစ်ခြားသူတွေက၊

သူတို့ကို မာနာကြီးတယ်၊ သူတို့နဲ့ စကားလည်း မပြောဘူးဆိုပြီး မာနကြီးတယ်လို့ သတ်မှတ်လိုက်ကြပါတယ်။

(3) နူးညံတဲ့ နှလုံးသားတစ်စုံကို ဝှက်ထားချင်လို့

မာနကြီးတယ်လို့ ထင်ရတတ်တဲ့ မိန်းကလေးတွေမှာ တကယ်တမ်းတော့ နူးညံတဲ့ နှလုံးသား တစ်စုံရှိလို့နေပါတယ်။ ဒါပေမယ့် ဒါက သူတို့ကို၊အားနည်းတယ်၊ အသုံးချ လွယ်တယ်လို့ ထင်သွားမှာ စိုးတဲ့အတွက်ကြောင့်မာမာကျောကျော ပုံစံမျိုးလေးဖြစ်အောင် နေထိုင်ကြ တာ ဖြစ်ပါ တယ်။

တကယ်တမ်းတော့ သူတို့ဟာ စိတ်သဘောထား နူးညံပြီး ကြင်နာတတ်တဲ့ သူတွေဖြစ်ကြပါတယ်။

(4) လူတိုင်းကို သူတို့ရဲ့ ခံစားချက်တွေ ထုတ်မပြတတ်လို့

ဒီလိုမိန်းကလေးတွေဟာ သူစိမ်းတွေနဲ့ဆို ခပ်တင်းတင်းနေတတ်ကြပြီး သူတို့ရဲ့ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို ထုတ်ပြလေ့ မရှိတတ်ကြ ပါဘူး။သူတို့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြ တတ်တဲ့သူတွေကတော့ သူတို့ တကယ် အလေးအနက်ထား ခင်မင်တဲ့ သူတို့ဘဝရဲ့ အရေးပါဆုံး သူတွေပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး ခံစားချက်တွေဖုံးကွယ်ပြီး ခပ်တည်တည်နေတတ်တဲ့အတွက် သူတို့ကို မာနကြီးတယ်လို့ အများက ထင်သွားတတ်ကြတာပဲ ဖြစ်ပါတယ်နော်။

Credit