Knowledge

ကောင်လေးတွေ သူတို့ချစ်သူဆီက သိပ်လိုချင်ကြတဲ့ ထိတွေ့မှုပုံစံ (၉) မျိုး

ချစ်သူတွေ ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြလို့ ထိ တွေ့တာလေးတွေ လုပ်ကြတာကိုတော့ သဘာဝပါ။

ကိုယ့်ချစ်သူ ကောင်လေးကို ကိုယ်ချစ်တဲ့ အကြောင်း အထိ အတွေ့လေးတွေ ကနေ ဖော်ပြ ပေးလို့ရပါတယ်။(၁) ဖက်တာယောက်ျားလေးတွေက သူတို့လည်းပဲ အဖက်ခံချင်ကြပါတယ်။ ဖက်တယ်ဆိုတာက ချစ်ခင်မြတ်နိုးမှုနဲ့ အားပေးမှုကို ဖော်ပြတဲ့ အသံတိတ် အမူအရာပါ။

သင့်သူ့ကို အရမ်းချစ်တယ်ဆိုတာကို ရံဖန်ရံခါ ပွေ့ဖက်ပေးခြင်းအားဖြင့် ကိုယ့်အချစ်ကို ဖော်ပြ လို့ရပါတယ်။(၂) ပခုံးလေးကို ခပ်ဖွဖွလေး ညှစ်ပေးတာဒါကတော့ ချစ်တယ်ဆိုတာထက် ကိုယ့်သူ့ကို ဂရုစိုက် ကြောင်း ပြတဲ့ အခါမှာ ၊

သုံးသင့်တဲ့ အသံတိတ် အမူအရာ ပါ။ကောင်လေးတွေ မှာလည်း အားငယ်တဲ့ အချိန် ဆိုတာရှိပါတယ်။ချစ်သူက သူစိတ်ညစ်တာတွေ ကို ၊

ရင်ဖွင့်လာတဲ့ အချိန်မှာ ပခုံးကို ခပ်ဖွဖွ လေးညှစ်ပြီး အားပေးလိုက်တာမျိုးကလည်း သူတို့ အတွက် အားဖြစ်စေပါတယ်။(၃)တံတောင်ဆစ်ကို ခပ်ဖွဖွ ကိုင်တာကောင်လေးတွေက သူတို့ တံတောင်ဆစ် လေးတွေ ကို ထိ တွေ့ပေးရင် သဘောကျပါတယ်။

တံ တောင်ဆစ်လေးကို ခပ်ဖွဖွ လေး ထိ တွေ့ ပေးတာက သင့်တို့နှစ်ယောက် ကို ပိုပြီး ရင်းနှီးစေ ပါတယ်။သင့်သူ့ကို ဂရုစိုက်တယ်ဆိုတာကို၊

ဒီလို အထိ အတွေ့လေးက တစ်ဆင့် ဖော်ပြ လို့ရပါတယ်။ ဥပမာ ကိုယ့်ချစ်သူက ကိုယ့်ကိုမျက်နှာချင်းဆိုင် ဖက်ထားတဲ့အချိန်မှာ သူ့တံတောင်ဆစ်လေးနားကကို ကိုင်ပေးတာမျိုးပေါ့။(၄) နာက်ကနေသိုင်းဖက်တာယုံကြည်ကိုးစားမှုနဲ့ ချစ်ခင်မှုကို ပြတဲ့ နောက်ထပ် နည်းလေး တစ်ခု ဖြစ်သလို ကောင်လေးတော်တော် များများက၊

သူတို့ချစ်သူ ဆီက နေ လိုချင်တဲ့ အထိ အတွေ့ ထဲမှာ ဒါလည်း တစ်ခု အပါအဝင်ပါ။အဲ့လို နောက်ကနေ ဖက်တာ ခံလိုက်ရတဲ့ အခါ မှ၊

ာ ကောင်လေး တွေ က သူတို့ စိတ်ထဲမှာ အားကိုးခံလိုက်ရတယ်လို့ ခံစားရပြီး စိတ်ကျေနပ်မှုကို ဖြစ်စေပါတယ်။

(၅) လက်ကလေးကို ပုတ်တာချစ်သူနဲ့ အတူတူ ဆိုင်တစ်ဆိုင်မှာ ထိုင်နေတဲ့ အချိန် မှာ စားပွဲပေါ်မှာရှိနေတဲ့ သူ့ရဲ့ လက်ကို ခပ်ဖွဖွ လေး ပုတ်တာက လည်း ကိုယ့်သူ့ကို ချစ်ကြောင်း ဖော်ပြ တာပါ။

(၆) ပါးလေးကို နမ်းတာမိန်းကလေးတွေပဲ အနမ်းခံချင်တာ မဟုတ်ပါဘူး။ ကောင်လေးတွေ လည်း ချစ်သူဆီက ပေးတဲ့ အနမ်းကို လိုချင်ကြပါတယ်။

ချစ်သူရဲ့ ပါးလေး ကို ဖွဖွ လေး နမ်းပြီး ကိုယ်သူ့ကို ချစ်တယ်ဆိုတာကိုလည်း ပြလို့ရပါတယ်။ ရုတ်တရက်အနမ်းမျိုးဆို ပိုလို့တောင် သူတို့က သဘောကျသေး။ ရှက်ပြုံးပြုံးသွားတာကို မြင်ရမှာနော်။(၇) စပြီးလက်ကိုင်လိုက်တာချစ်သူ ကောင်လေးကပဲ ကိုယ့်လက်ကို အရင်စ ကိုင်တာ မဟုတ်ပဲ သူ့လက်လေးကိုလည်း ကိုယ်က အရင် စကိုင် လို့ရပါတယ်။

နှစ်ယောက်အတူတူ ယှဉ်တွဲပြီး လမ်းလျှောက်နေတာ ပဲဖြစ်ဖြစ်၊တစ်နေရာရာမှာ ထိုင်ပြီး စကားပြော နေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် သူတို့ရဲ့ လက်ကို ခပ်ဖွဖွ လေး လှမ်းကိုင်လိုက်တာမျိုးကို၊

ကောင်လေးတွေ က အရမ်း သဘော ကျ ကျ ပါတယ်။လက်ကိုင်တာကလည်း အချစ်ကို ဖော်ပြတဲ့နေရာမှာ ဘယ်တော့မှ မရိုးနိုင်တဲ့ အမူအရာ အထိ အတွေ့ ပုံစံ တွေထဲက တစ်ခုပါ။

(၈) ဆံပင်လေးတွေကို ဆော့ကစားတာခေါင်းဆိုတာကလည်း Private အစိတ်အပိုင်းထဲက တစ်ခုပါ။တစိမ်းတစ်ယောက်က ခေါင်းကို လာကိုင်ရင်တော့၊

လုံး၀ စိတ်ဆိုးတာ မကြိုက်တာ မျိုး ရှိတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်ရတဲ့ သူမျိုးက လာကိုင်ရင်တော့ အရမ်းကို သဘောကျတတ်ပါတယ်။မိန်းကလေးမှာ မဟုတ်ပါဘူး။

ယောက်ျားလေးတွေ ကလည်း သူတို့ချစ်ရတဲ့ သူက ချစ်စနိုးနဲ့ ဆံပင်လေးကို ခပ်ဖွဖွ ကိုင်ဆော့ကစားတာမျိုးကိုု။လိုချင်ကြပါတယ်။

(၉) ပါးလေးကို ဆွဲညှစ်တာယောက်ျားလေးတွေမှာလည်း ကလေးဆန်ချင်တဲ့ ကလေးလေးလို နေချင်တဲ့ အချိန်ဆိုတာ ရှိပါတယ်။

ကောင်လေး တော်တော်များများက သူတို့ရဲ့ ပါးကို ထိ တာ ကြိုက်ကြပါတယ်။ချစ်သူက ပါးလေးကို ဆွဲညှစ်တာ မခံ ချင်တဲ့ ယောက်ျားလေး မရှိပါဘူး။

Credit