Knowledge

သေတတ်သည် သတိထားပါ ညနေကတောင်ဖြစ်သေးတယ်

သေတတ်သည်_သတိထားပါညနေကတောင်ဖြစ်သေးတယ်တံတွေးခန်းပြီး လူက မိုက်ကနဲပဲရေပြေးသောက်လိုက်မှ သက်သာတယ်အယ်နီညိုမှာဒီရောဂါကြောင့်အများကြီးသေနိင်ပါတယ်။

Heat Strokeအပူလျှပ်တဲ့ရောဂါပေါ့။ ကျွန်တော်ဖြစ်ဖူးပါတယ်။ကားစီးနေရင်းခန္ဓာ ကိုယ်တစ်ခုလုံးပူလာပါတယ်။ပါးစပ်နှာခေါင်း မျက်စိတွေကအစပေါ့။ပြီးတော့ ဒီလောက်ပူနေတာချွေးမထွက်ဘူး။ခေါင်းတွေမူးခြေတွေလက်တွေတုန်လာတယ်။

ဖြစ်တာကဥက္ကံမြို့အကျော်ဖလုံရွာနားမှာ။ Expressပေါ်မှာနာရီတွက်ကြည့်မိတယ်။နောက်မိနစ်၂၀မှတိုက်ကြီးရောက်မယ်။

ရေသန့်ဗူးကိုသောက်ပါတယ်။ မရ။သောက်ပြီးတာနဲ့ပါးစပ်ထဲမှာတံတွေးမရှိတော့ပါ။ခြောက်ကပ်သွားပါတယ်။ရေလဲကုန်ပြီ။ပေလို့မရတော့။ကားစပါယ်ယာခေါ်ပြီးဓါတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုင်္ပြီးအကူအညီတောင်းပါတယ်။ဓါတ်ဆားနှစ်ထုပ်ရပါတယ်။

ရေဗူးတွေလည်းရပါတယ်။သောက်လိုက်တော့ပါးစပ်မှာတံတွေးပြန်ထွက်လာပါတယ်။မူးတာမပျောက်နှလုံးခုန်မြန်တာနဲနဲသက်သာပါတယ်။ မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပါ။

တိုက်ကြီးမှာဆင်းပြီးအနီးဆုံးဆေးခန်းကိုကျွန်တော်ပြေးပါတယ်။ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပါတယ်။

သွေးချိန် တော့၅၀/၄၀ကိုကျသွားပါပြီ။ဆရာဝန် မလေးကချက်ချင်းဒရစ်ချိတ်ဆယ်လူပေးပြီပေါ့။ရှင့်ဆုံးဖြတ်ချက်မှန်တယ်။ မဟုတ်ရင်အသက်အန္တရာယ်နီးတယ်တဲ့။ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။ သတိရှိလို့ပါ။ ပေရင်သေပါတယ်။ဒါကြောင့်ချွေးမထွက်ပ ဲတကိုယ်လုံးပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။ မရှက်ပါနဲ့။

ရေဖျော်ရည်ဓါတ်ဆားရေသောက်ပါ။ အချိန်မဆွဲပါနဲ့။ ရောက်တဲ့နေရာက ကျန်းမာရေးဌာနာမှာ ဒရစ်ချိတ်ပါ။ ဓါတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။

ချက်ချင်းသောက်ပါလို့ဖြစ်ဖူးတာကိုတင်ပြပါတယ်။အယ်နီညိုမှာ ကိုယ့်ဟာကိုယ်Heat Stroke ဖြစ်တာမသိရင်ဒုက္ခနဲ့လှလှတွေ့မှာပါ။ သတိထားပေးကြပါ။ပေလို့မရပါ။၁၅မိနစ်အတောအတွင်းBody heat ကို ၄၀အောက်ပြန်မချနိင်ရင် ဆိုးရွားသွားနိင်ပါတယ်။ ရေဖျော်ရည်ဓါတ်ဆားအဓိကပါ။

မဟုတ်တဲ့ဆေးတွေလျှောက်တိုက်ရင်အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာမဟုတ်ပါ။

ဒါကြောင့်အပူလျှပ်တာကိုဖျားတာနဲ့ရောမှာစိုးလို့ပါ။ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ။နီးစပ်ရာလည်းသတိပေးပါ။ လာမှာနော်အယ်နီညိုနဲ့ အတူHeat Stroke တဲ့။

Credit