Knowledge

အရေပြားထိန်းသိမ်းမှုဆိုင်ရာဗဟုသုတများ

နုပျိုလတ်ဆတ်သောအသားအရေကိုနေ့တိုင်းပိုင်ဆိုင်လိုပါ ကအရေပြားကိုအနည်းငယ်ဂရုစိုက်သင့်ပါတယ်။

မနက်ခင်း အသားအရေအခြေအနေသည်ညရှိအသားအရေထိန်းသိမ်း ထားမှုပေါ်တွင်မူတည်ပါတယ်။ ထို့ကြောင့်မနက်ဖြစ်စေည ဖြစ်စေအရေပြားကိုဂရုစိုက်သင့်ပါတယ်။Cleansing လုပ်ပါ။သင့်အရေပြားနှင့်ကိုက်ညီသော facial cleanser နှင့်သန့် စင်ပါ။ သင့်မျက်နှာကိုစက်ဝိုင်းပုံစံနှိပ်နယ်ရန်မမေ့ပါနှင့်။

မျက်နှာကိုသာမန်ဆပ်ပြာနှင့်သစ်ပါကအသားခြောက် စေသောကြောင့်မသစ်သင့်ပါဘူး။ အသားခြောက်ပါကသင့် တော်သော cleanser သို့ cleansing မလုပ်ဘဲရေနွေးနွေး နှင့်သစ်သင့်ပါတယ်။

ညဘက်တွင်မျက်နှာသစ်ပါကအရေပြားဆဲလ်အသေများ၊ မိတ်ကပ်နှင့် ဖုန်အညစ်အကြေးများကိုသန့်စင်ပေးနိုင် သဖြင့်အရေးပါသောအဆင့်ဖြစ်ပါတယ်။cleansing လုပ် ခြင်းဖြင့်အရေပြားပြဿနာများကိုကာကွယ်နိုင်ပြီးskincare လိမ်းလျှင်အရေပြားအတွင်းသို့စိမ့်ဝင်လွယ်စေပါတယ်

။ cleansingလုပ်ပါကသန့်ရှင်းနူးညံ့သောအဝတ်နှင့်လုပ်ရန်မ မေ့ပါနှင့်။Water-based serum များသည်အသားခြောက်ခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် ပတ်ဝန်းကျင်အညစ်အကြေးများမှ၊

ကာကွယ်ပေးပါတယ်။ ထို့ပြင်အရေပြားထဲသို့စိမ့်ဝင်လွယ် စေပါတယ်။ သင့်အရေပြားသည်ဓါတ်မတည့်ဖြစ်တတ်ပါက အရေပြားခြောက်မှ serum လိမ်းသင့်ပါတယ်။

ညနေခင်းအချိန်သည်serumလိမ်းရန်အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ retinol ပါသော serum များသည်အလင်း ရောင်ရှိပါကပျက်စီးနိုင်သောကြောင့်အပြင်သွားမည်ဆိုပါက မလိမ်းသင့်ပါဘူး။retinol ပါသော serum များကိုကိုယ်ဝန် ဆောင်ချိန်၊ နို့တိုက်ချိန်နှင့် အရေပြားဓါတ်မတည့်ဖြစ်လွယ် သူများတွင်မသုံးသင့်ပါဘူး။

Credit