Knowledge

ယောကျ်ားတစ်ယောက် ထား သွားခံရလို့ မိန်ကလေး တစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး

မိန်းကလေး တိုင်း ဖတ်ဖို့ ”ယောကျ်ားတစ်ယောက် ထား သွားခံရလို့ မိန်ကလေး တစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး။အဲ့ဒီ ယောကျ်ားကို ချစ်နေသေး တဲ့စိတ်ကြောင့်သာ ဘဝ ပျက်စီးသွားမှာပါ။

မိန်းကလေးတစ်ယောက် အယုံကြည် လွယ်တယ်ခံစားရလွယ်တယ် အားနာလွယ်တယ်အစွဲလမ်းကြီးတတ်တယ် ဆိုရင် နောင်တတွေနဲ့အလိမ်အညာတွေပဲ ခဏခဏ ခံနေရမှာပေါ့။ဖောက်ပြန်တတ်တဲ့ ယောကျ်ား တစ်ယောက်ကို ဘယ်တော့မှ ခွင့်လွှတ်ပြီး ရှေ့ဆက်လက်မတွဲပါနဲ့။အနေနီးမှုကို မလွန်ဆန်နိုင်ပဲ ဖောက်ပြန် တာဟာ အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး။

မွေးရာပါ ဆင်ခြင်တုံတရား အားနည်းတာစာရိတ္တ သက်လုံ မကောင်းခဲ့တာပါ။ပြောချင်တာကဆန္ဒ နဲ့ သိက္ခာကို ရွေးချယ်ရတဲ့အခါသိက္ခာကိုသာ ဦးစားပေးပါ။

လိုချင်တာနဲ့လိုအပ်တာကို ရွေးချယ် တဲ့အခါလိုအပ်တာကိုသာ ဦးစားပေးပါ။ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်တဲ့အခါ ဖြစ်သင့်တာ ကိုသာ ဦးစားပေးပါ။လက်တလော အဆင်မပြေဘူး ထင်ရပေမယ့်နောင်တချိန် နောင်တ ကင်းလိမ့်မယ် ဆိုတာသိလာ ပါလိမ့်မယ်။ကိုယ့်ကစပြီး ခွင့်လွှတ်ပေးတတ်တဲ့ သူဟာဘဝမှာ စိတ်ဓာတ်အခိုင်မာဆုံးသူ။

ကိုယ်ကစပြီး တောင်းပန်တတ်တဲ့ သူဟာဘဝမှာ အရဲရင့်ဆုံးသူ။ကိုယ်ကစပြီး မေ့နိုင်တဲ့သူကတော့ဘဝမှာ အပျော်ရွှင် ရဆုံးသူပဲပေါ့။

နောက်ဆုံး မှာလိုက် ပါရစေ.မိန်းကလေးဆိုတာ စကားနည်းပြီး ယဉ်ကျေး ရမယ်အလှထက် ဘဝအတွက်ပဲ ဦးစားပေး တတ်ရမယ် ဂုဏ်သိက္ခာကိုတော့ အသက်ထက်တန်ဖိုးထားပါ။

ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေဟာ ကိုယ့်ဘဝထဲကအလိုလို ထွက်ခွာသွား ပါလိမ့်မယ်။ထိုက်တန်မှု ရှိတဲ့ မိဖုရားအတွက်ပလ္လင်ဟာ ရှိပြီးသားပါ။

Credit