ချစ်သူ ကောင်မလေး ကို တကယ်ချစ်မှ အောက်ကစာတွေ ဆက်ဖတ်ပါမအော်ပါနဲ့.. ခံစားလွယ်တာ မိန်းကလေး တွေပါ ချစ်သူ တွေဆိုရင်ပိုတောင်ခံစားလွယ်တယ်ချစ်သူ ကောင်မလေး ကို။
တကယ်ချစ်မှ အောက်ကစာတွေ ဆက်ဖတ်ပါမအော်ပါနဲ့ခံစားလွယ်တာ မိန်းကလေး တွေပါ ချစ်သူ တွေဆိုရင်ပိုတောင်ခံစားလွယ်တယ် ။ဘာအကြောင်းရှိရှိ မအော်ပါနဲ့ စကားနဲ့ပဲပြောပါသူတို့ပဲအော်ပါစေလက်မပါနဲ့။မိဘ တွေကတောင် မရိုက်ရက်တဲ့နုနယ်တဲ့ မိန်းကလေး ပါ ရိုက်ဖို့နေနေသာသာ အော်တာတောင်လွန်လှပီ။
သူ့ မိဘ ထက် မင်းကပိုကောင်းအောင်ထားနိုင်ရင်တောင် လက်ပါဖို အခွင့်အရေးမ ရှိဖူး ( ခုတလော မိန်းကလေး တွေကပဲလက်ပါနေသလိုပဲ )အလိုလိုက်ပါ. အလျှော့ပေး ပါ. သည်းခံပါ။
သူမကိုအလျှော့ပေးတာက ဘယ်လောက်ချစ်လဲဆိုတာ အလုပ်နဲ့သက်သေပြတဲ့သဘောပါပဲချစ်သူဘဝမှာတောင်အလျှော့မပေးနိုင်ရင် လက်ထပ် ပီးရင်ဘယ်လိုလုပ်မလဲ။
ငါ့ ချစ်သူ က ငါ့ကိုဘယ်လောက်အလျှော့ပေးတယ် ဘယ်လောက်ချစ်တယ်ဆိုပီးသူငယ်ချင်း တွေကိုကြွားချင်တာလည်း မိန်းကလေး တွေပါပဲသူမကိုကြွားခွင့်ရအောင် လုပ်ပေးလိုက်ပါစိတ်ကောက် ပါစေ။သူမ စိတ်ကောက် တယ်ဆိုတာ မင်းသူမအပေါ် ချစ်တာသိလို့ပါ အပြင်ပန်းကစိတ်ဆိုးချင်ယောင်ဆောင်နေပေမယ့် စိတ်ထဲက မင်းချော့တာလေးတွေကိုကြည်နူးနေတာပါရစ် ပါစေ။
သူမ ရစ် တာ မင်းကို စိတ်ပူ လို့တစ်ဝက်ပါတယ်ဆိုတာ သိထားပါ သူမ ရစ် တာလေးတောင်သည်းမခံနိုင်ရင်ဘယ်လိုအာမခံချက်နဲ့မင်းကိုလက်ထပ်နိုင်မှာလဲ။
ချစ်လို့ရစ်တယ် တွေးပေးလိုက်ပါ… ( မိန်းကလေး ကလည်းသိပ်မရစ်နဲ့ပေါ့ စိတ်ညစ်ပင်ပန်းနေတုန်းသွားရစ်ရင် လူသတ်မှုတွေဖြစ်ကုန်မယ် )မငိုစေနဲ့။
ချစ်သူ ထားတာ တစ်ဘဝလုံးပျော်ရွှင်ရဖို့ပါ သူမကို ပျော်အောင်မထားနိုင်သေးရင်တောင် ဘာအကြောင်းကြောင်းနဲ့မှ မငိုပါစေနဲ့ ပူဆာပါစေ။သူမ ပူဆာ တယ်ဆိုတာ သူမအပေါ် မင်းအလိုလိုက်မှန်းသိလို့ နွဲ့ဆိုးဆိုးတာပါ တတ်နိုင်သလောက်လိုက်လုပ်ပေးပါ။မိန်းကလေးကလည်း ကိုယ့်ကောင်လေးမတတ်နိုင်တာတွေသိပ်မပူဆာနဲ့ပေါ့။
ချစ်တာနဲ့ ရယူတာတခြားစီပါ.မတော်တဆမင်းနဲ့ကွဲသွားခဲ့ရင် သူမရဲ့အိမ်ထောင်ရေး မှာ မင်းရယူခဲ့တာကအမည်းစက်ဖြစ်သွားမှာပဲ..မြတ်နိုးတန်ဖိုးထားပါ
အဲ့ဒါလေးတွေ လိုက်လုပ်နိုင်ရင်ကို တော်တော်ပြည့်စုံနေပါပီ။
Credit