Knowledge

ညီမလေး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် ဒီစာကိုဖတ်ပါ

ညီမလေး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် ဒီစာကိုဖတ်ပါညီမလေး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင်။

1။စာတတ်တဲ့ယောက်ထက် စာနာစိတ်ရှိတဲ့ယောက်ျားကိုသာရွေးချယ်ပါ ။တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ကြည့်မြင်တတ်သူ ဖြစ်နေဖို့သိပ်လိုအပ်တယ် ။2။ပညာတတ်သူထက် ကြင်နာစိတ်ရှိသူကိုသာရွေးချယ်ပါ ။ကိုယ့်ဘဝတစ်သက်တာလုံး အနီးဆုံးမှာရှိနေမဲ့သူဟာကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့စိတ်နဲ့ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ်ပါတယ် ။

3) ငွေချမ်းသာသူထက် စိတ်ထားရိုးဖြောင့်သူကိုသာရွေးချယ်ပါ ။ဘဝတစ်လျှောက်လုံး အေးအတူပူအမျှလက်တွဲထားရမဲ့သူဟာ၊ကိုယ့်လိုအပ်ချက်တွေကိုငွေနဲ့ဖြည့်ဆည်းပေးနိုင်ရုံနဲ့ ၊

မရဘူးဘယ်အရာမှာမဆို ပွင့်လင်းရိုးသားစွာနဲ့ ဆက်ဆံရေးကသာနှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်တယ် ။

4။ဂုဏ်ရှိသူထက် ပြုံးရယ်နိုင်စေသူကိုသာရွေးချယ်ပါ ။လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ်ကိုယ့်အရိပ်အဖြစ်၊ခိုလှုံနေရသူဟာဘယ်လိုအခက်ခဲတွေနဲ့ကြုံလာပါစေမားမားမတ်မတ်ရပ်တည်ပေးပြီး ပြုံးရယ်နိုင်စေသူဖြစ်ဖို့အဓိကကျတယ် ။

5) ရုပ်ချောသူထက် အသိုင်းဝိုင်းသန့်ရှင်းသူကိုသာရွေးချယ်ပါ ။မတူညီတဲ့အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွားလာသူတွေတစ်ဘဝအတူလက်တွဲပြီး၊

တစ်မိုးအောက်ထဲနေဖို့ဆိုတာပတ်ဝန်းကျင်ပါလာသလို နှစ်ဖက်အသိုင်းဝိုင်းဆိုတာလည်းအိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာပါဝင်ပါတ်သက်စေပါတယ် ။

ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာကိုယ်နှုတ်အမူအယာ ယဉ်ကျေးပြီးမိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ ။6) ဥစ္စာပြည့်စုံသူထက် နားလည်မှုရှိသူကိုသာရွေးချယ်ပါ ။ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆိုတာ မတော်တဆအမှားတွေအပေါ်ဒါမှမဟုတ်၊

မိမိအသိုင်းဝိုင်းနဲ့ဆက်ဆံရေးမှာ သဘောထားကြီးပြီးနားလည်မှုရှိသူဖြစ်ဖို့လည်း လိုအပ်ပါတယ် ။

တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတဲ့အရာကိုကျူးလွန်ပြီးသွားရင် ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေ လက်ရှိတန်ဖိုးထက်တော့ကျဆင်းသွားရတာပါပဲ ။

အိမ်ထောင်သည်ဘဝရောက်သွားပြီးရင်မိန်းမသားတွေက ယောက်ျားသားတွေထက်မိမိကိုယ်ပိုင်အခွင့်အရေးတွေ ၊ထိန်းချုပ်ခံရတာတွေပိုလာသလို ၊မိမိဖြစ်ခြင်တဲ့အခွင့်အရေးတွေများစွာ ပေးဆပ်လိုက်ရပါတယ်။ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ၊

ဆုံးဖြတ်လိုက်ရင်လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ်တာမျိုးရှောင်ကျဉ်ပါ ။အချိန်ပေးပြီးလေ့လာပါ ။

လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့ အချိန်ကြာကြာစောင့်ကြည့်ဖို့ မလိုအပ်ပါဘူး ။သတိကြီးကြီးနဲ့စောင့်ကြည့်ကြည့်လိုက်ပါ။

လူတစ်ယောက်ရဲ့မနောဆိုတာမထင်မှတ်တဲ့အရာတွေကနေအဖြေတွေပေါ်လာတတ်ပါတယ်။တစ်သက်တာစိတ်ချမ်းသာချင်ရင်လူရွေးမမှားဖို့အတွက်တခါတရံတော့ မျက်ရည်တွေလည်းရင်းနှီးလိုက်ပါ ညီမလေး။

Credit

Unicode

ညီမလေး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် ဒီစာကိုဖတ်ပါညီမလေး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင်။1) စာတတ်တဲ့ယောက်ထက် စာနာစိတ်ရှိတဲ့ယောက်ျားကိုသာရွေးချယ်ပါ ။တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ကြည့်မြင်တတ်သူ ဖြစ်နေဖို့သိပ်လိုအပ်တယ် ။

2) ပညာတတ်သူထက် ကြင်နာစိတ်ရှိသူကိုသာရွေးချယ်ပါ ။ကိုယ့်ဘဝတစ်သက်တာလုံး အနီးဆုံးမှာရှိနေမဲ့သူဟာကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့စိတ်နဲ့ဖေးမနိုင်သူဖြစ်ဖို့ ၊

သိပ်လိုအပ်ပါတယ် ။3) ငွေချမ်းသာသူထက် စိတ်ထားရိုးဖြောင့်သူကိုသာရွေးချယ်ပါ ။ဘဝတစ်လျှောက်လုံး အေးအတူပူအမျှလက်တွဲထားရမဲ့သူဟာ၊

ကိုယ့်လိုအပ်ချက်တွေကိုငွေနဲ့ဖြည့်ဆည်းပေးနိုင်ရုံနဲ့ မရဘူးဘယ်အရာမှာမဆို ပွင့်လင်းရိုးသားစွာနဲ့ ဆက်ဆံရေးကသာနှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်တယ် ။4) ဂုဏ်ရှိသူထက် ပြုံးရယ်နိုင်စေသူကိုသာရွေးချယ်ပါ ။လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ်ကိုယ့်အရိပ်အဖြစ် ခိုလှုံနေရသူဟာဘယ်လိုအခက်ခဲတွေနဲ့ကြုံလာပါစေမားမားမတ်မတ်ရပ်တည်ပေးပြီး ပြုံးရယ်နိုင်စေသူဖြစ်ဖို့အဓိကကျတယ် ။

5) ရုပ်ချောသူထက် အသိုင်းဝိုင်းသန့်ရှင်းသူကိုသာရွေးချယ်ပါ ။မတူညီတဲ့အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွားလာသူတွေတစ်ဘဝအတူလက်တွဲပြီး၊

တစ်မိုးအောက်ထဲနေဖို့ဆိုတာပတ်ဝန်းကျင်ပါလာသလို နှစ်ဖက်အသိုင်းဝိုင်းဆိုတာလည်းအိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာပါဝင်ပါတ်သက်စေပါတယ် ။ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာကိုယ်နှုတ်အမူအယာ ယဉ်ကျေးပြီးမိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ ။

6) ဥစ္စာပြည့်စုံသူထက် နားလည်မှုရှိသူကိုသာရွေးချယ်ပါ ။ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆိုတာ မတော်တဆအမှားတွေအပေါ် ၊

ဒါမှမဟုတ် မိမိအသိုင်းဝိုင်းနဲ့ဆက်ဆံရေးမှာ သဘောထားကြီးပြီးနားလည်မှုရှိသူဖြစ်ဖို့လည်း လိုအပ်ပါတယ် ။

တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတဲ့အရာကိုကျူးလွန်ပြီးသွားရင် ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေ လက်ရှိတန်ဖိုးထက်တော့ကျဆင်းသွားရတာပါပဲ ။အိမ်ထောင်သည်ဘဝရောက်သွားပြီးရင်မိန်းမသားတွေက ယောက်ျားသားတွေထက်မိမိကိုယ်ပိုင်အခွင့်အရေးတွေ ၊ထိန်းချုပ်ခံရတာတွေပိုလာသလို ၊

မိမိဖြစ်ခြင်တဲ့အခွင့်အရေးတွေများစွာ ပေးဆပ်လိုက်ရပါတယ်။ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ရင်လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ်တာမျိုးရှောင်ကျဉ်ပါ ။အချိန်ပေးပြီးလေ့လာပါ ။

လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့ အချိန်ကြာကြာစောင့်ကြည့်ဖို့ မလိုအပ်ပါဘူး ။သတိကြီးကြီးနဲ့စောင့်ကြည့်ကြည့်လိုက်ပါလူတစ်ယောက်ရဲ့မနောဆိုတာမထင်မှတ်တဲ့အရာတွေကနေအဖြေတွေပေါ်လာတတ်ပါတယ်။

တစ်သက်တာစိတ်ချမ်းသာချင်ရင်လူရွေးမမှားဖို့အတွက်တခါတရံတော့ မျက်ရည်တွေလည်းရင်းနှီးလိုက်ပါ ညီမလေး။

Credit