Knowledge

ရှားပါးစာရင်းဝင် ချစ်သူလက္ခဏာ (၅) မျိုး

ရှားပါးစာရင်းဝင် ချစ်သူလက္ခဏာ (၅) မျိုးဒီလိုလူမျိုးတွေ့ရင် လုံး၀ လက်လွတ်မခံပါနဲ့အချစ်စစ် ဆိုတာတဖြည်းဖြည်း ရှားပါး လာတာနဲ့ အမျှ

သင့်ကို စိတ်ရင်းအမှန်နဲ့ ချစ်တဲ့သူ၊ဘာအကျိုးကိုမှ မမျှော်ကိုးပဲချစ်တဲ့သူ၊သစ္စာရှိရှိ ချစ်တဲ့သူဆိုတာတကယ်ကို ရှားပါးလာမှာ ဖြစ်ပါတယ်။တကယ်လို့ ခုဖော်ပြတဲ့ အချက်တွေနဲ့ကိုက်ညီနေတဲ့ ချစ်သူ မျိုးကို ပိုင်ဆိုင်ထားရတယ်ဆိုရင်တော့ သင်ဟာအရမ်းကိုကံကောင်းတာကြောင့်လက်လွှတ်မခံပါနဲ့လို့ ပြောပါရစေနော်။

(၁) သင့်ဆီက ဘာမှမမက်မောဘူးဒီလို မိန်းကလေး မျိုးဟာ သင့်ရဲ့ နောက်ကြောင်းတွေ၊ကျောထောက်နောက်ခံတွေ၊သင့်ရဲ့ဂုဏ်တွေ၊ ငွေကြေးချမ်းသာမှုတွေကိုစိတ္မဝင္စားတဲ့သူပါ။သူ့စိတ်ထဲမှာ သင့်ကိုသင်လို့ပဲ မြင်ပြီးသင်ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊သင့်ကိုအမြဲတမ်း ချစ်နေမယ့်သူ ဖြစ်ပါတယ်။

ဒါကြောင့် သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဘာမှမမက်မောပဲသင့်ဆီမှာ ဘာမှမရှိသည့်တိုင်အောင်သင့်ကိုချစ်နေတဲ့ မိန်းကလေးမျိုးကိုဘယ်တော့မှ လက်လွှတ်မခံပါနဲ့။

(၂) အရမ်းဂရုစိုက်တယ်သင့်ချစ်သူဟာ သင့်ကို အမြဲတမ်းဂရုစိုက်မယ့် သူပါ။တစ်ခါတလေမှာ သင်ကိုယ်တိုင်တောင်ဖွင့်ပြောလို့ မတတ်တဲ့ နာကျင်စရာတွေ၊

အဆင်မပြေမှုတွေကို သင်မပြောလည်း သိနေ၊နားလည်ပေးနေတဲ့ သူပါ။အကြောင်းကတော့ သင့်ကို အသေးအမွှားကအစအရမ်းဂရုစိုက်တဲ့သူ ဖြစ်နေတာကြောင့်ပါ။ဒါကြောင့် ဒီလိုချစ်သူမျိုးကို လက်လွှတ်မခံပါနဲ့။(၃) အကောင်းမြင်စိတ်ရှိတယ်အကောင်းမြင်စိတ်ရှိတဲ့မိန်းကလေး ဆိုတာ ရွှေလိုပဲ အဖိုးတန်ပါတယ်။လောကကြီးဟာ ဘယ်တော့မှသင့်စိတ်တိုင်းကျ ဖြစ်လာမှာ မဟုတ်သလို၊

လောကကြီးမှာ နေထိုင်အသက်ရှင်နေသရွေ့စိတ်ကျေနပ်မှု အမြဲတမ်း မရနိုင်ပါဘူး။ဒီလိုအရာတွေကို နားလည်ထားပြီး

အကောင်းမြင်စိတ်ရှိတဲ့ မိန်းကလေးဟာသင့်ဘဝကို ငြိမ်းချမ်းခြင်းတွေယူဆောင်လာပေးမယ့် သူဖြစ်ပါတယ်။

(၄) ကြိုးစားတယ်ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဖို့ ကြိုးစားတဲ့ မိန်းကလေးမျိုးကိုပိုင်ဆိုင်ထား ရတယ်ဆိုရင် သင်အရမ်း ကံကောင်းပါတယ်။သူမရဲ့စိတ်ဓာတ်ဟာ အရမ်းကို မြင့်မြတ်ပြီးသင့်ကို အထောက်အကူ ကောင်းတွေပေးမယ့်၊သင့်ကို ကြီးပွားချမ်းသာမှုတွေဆောင်ကျဉ်းလာပေးမယ့် မိန်းကလေးဖြစ်ပါတယ်။ဒါကြောင့် ဒီလိုချစ်သူမျိုးကို လက်လွှတ်မခံပါနဲ့။

(၅) သစ္စာရှိတယ်ဒါကတော့ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။သင်နဲ့ နီးနေသည်ဖြစ်စေ၊ ဝေးနေသည် ဖြစ်စေသင့်တစ်ယောက်တည်းကိုပဲ စိတ်ထဲမှာထားပြီးသင့်ကို အမြဲတမ်းချစ်နေမယ့် သူပါ။သင့်ရဲ့အနီးမှာ ရှိမနေရင်တောင်မှသင့်အပေါ် အမြဲသစ္စာရှိမယ်ဆိုတာယုံကြည်စိတ်ချရတဲ့ သူဖြစ်ပါတယ်။

ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရတာသင်အရမ်း ကံကောင်းပါတယ်။ဒီလိုလူမျိုးနောက်တစ်ယောက်တွေ့ဖို့ဆိုတာ မလွယ်တာကြောင့်လုံး၀ လက်လွှတ် မခံပါနဲ့နော်။

Credit