Knowledge

ယောကျာ်းလေးတိုင်း ကြိုက်နှစ်သက်တဲ့ မိန်းကလေးပုံစံ အချက်(၅)ချက်

ယောက်ျားတစ်ယောက်ရဲ့စိတ်ကို ဆွဲငင်နိုင်ဖို့အတွက် ဘယ်လိုတွေ လုပ်ဆောင်ရမလဲဆိုတာ ခေါင်းအပူခံပြီး စဉ်းစားနေစရာမလိုပါဘူး။ အကြောင်းကတော့၊

လွယ်ကူရိုးရှင်းတဲ့အဖြေလေးတွေ ရှိပြီးသားမို့လို့ပါပဲ။ ခုဖော်ပြပေးမှာကတော့ ယောက်ျားတိုင်းကြိုက်န်ှစ်သက်ကြတဲ့ မိန်းကလေးတစ်ယောက်မှာရှိတဲ့ အရာတွေပဲဖြစ်ပါတယ်။

(၁) လွတ်လပ်တယ်ယောက်ျားလေးတွေဟာ လွတ်လပ်ပြီး ကိုယ့်ဖာသာကို ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိတဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်။ တစ်ခုခုဆို ချိတုံချတုံမဖြစ်ပဲ ကိုယ့်ဖာသာကို၊

လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပြီး ဆုံးဖြတ်တဲ့အတိုင်းလည်း တာဝန်ယူနိုင်တဲ့မိန်းကလေးမျိုးကို သဘောအကျဆုံးပါပဲ။

(၂) ထက်မြက်ပြီးအလုပ်ကြိုးစားတယ်ယောက်ျားလေးတွေဟာ ကလေးဆန်တာမျိုးတွေကို မနှစ်သက်ကြပါဘူး။ တည်ငြိမ်ပြီးအခြေတကျရှိတဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်။ အလုပ်အကိုင်ရှိပြီး ၊

ကိုယ်ပိုင်ဝင်ငွေနဲ့ရပ်တည်နိုင်တဲ့မိန်းကလေးတွေ၊ ထက်မြက်ပြီး အလုပ်ကိုတန်ဖိုးထားတဲ့၊ အလုပ်ကြိုးစားတဲ့မိန်းကလေးတွေဟာ ယောက်ျားတွေရဲ့အမြင်မှာ ဆွဲဆောင်မှုအရှိဆုံးဖြစ်ပါတယ်။

(၃) စိတ်နဲ့ခန္ဓာကိုဂရုစိုက်တယ်

ယောက်ျားလေးတွေဟာ ရုပ်လှတာကိုကြိုက်ရုံမကပါဘူး။ စိတ်ထားလှတာကိုပါသဘောကျတဲ့သူတွေပါ။ ခန္ဓာကိုယ်အလှကိုလည်း ကောင်းမွန်စွာထိန်းသိမ်းနိုင်ပြီး၊

စိတ်အလှကိုလည်း ဂရုစိုက်နိုင်တဲ့မိန်းကလေးတွေဟာ ယောက်ျားတွေအတွက် ဆွဲဆောင်မှုအရှိဆုံးပါပဲ။ သွယ်လျကျစ်လျစ်ပြီး ၊

အဆီပိုတွေမရှိတဲ့ ခန္ဓာကိုယ်နဲ့၊ မြင့်မြတ်တည်ကြည်တဲ့စိတ်ထားပိုင်ရှင်ကတော့ ယောက်ျားလေးတွေအတွက် ရှားပါးရတနာတစ်ခုလို တန်ဖိုးကြီးပါတယ်။

(၄) ရပ်တည်ပေးတယ်ယောက်ျားလေးတွေဟာ ကိုယ့်ဖက်မှာအမြဲရပ်တည်ပေးတဲ့ ချစ်သူမျိုးကိုပဲလိုချင်ကြပါတယ်။ ဘာတွေပဲဖြစ်နေပါစေ၊ ဘယ်လိုအခြေအနေ၊ ဘယ်လိုနေရာမှာပဲရောက်ရောက် ကိုယ့်လက်ကိုမြဲမြဲတွဲပြီ၊

း ကိုယ့်ဖက်ကနေ အမြဲတမ်းရပ်တည်ပေးနိုင်မယ့် ချစ်သူမျိုးကိုပဲ လိုချင်ကြပါတယ်။ ကိုယ့်ကိုအမြဲတမ်းအားပေးပြီး ကိုယ့်အနားမှာအမြဲရှိနေပေးတဲ့မိန်းကလေးကတော့ ယောက်ျားအားလုံးရဲ့အိပ်မက်ပါပဲ။

(၅) ငွေမမက်ဘူး

ယောက်ျားလေးတွေဟာ ဂုဏ်တွေ၊ ပကာသနတွေအရမ်းမက်မောတဲ့ မိန်းကလေးတွေကို သဘောမကျပါဘူး။ ကိုယ့်ရဲ့အရှိကိုအရှိတိုင်းလက်ခံနိုင်ပြီး ဆိုးတူကောင်းဖက်၊

အတူတူမျှဝေခံစားပေးနိုင်မယ့် မိန်းကလေးမျိုးကို လိုချင်ကြပါတယ်။ ကိုယ့်ဆီက တစ်ခုခုကိုမျှော်ကိုးတာမျိုး၊

ပကာသနတွေကိုမက်ပြီး ကိုယ့်ကိုလာကပ်တာမျိုးကို လုံးဝမကြိုက်ပါဘူး။ ငွေမမက်၊ ဂုဏ်မမက်တဲ့ မိန်းမအတွက်ဆို ဘာမဆိုပေးချင်တဲ့သူတွေဖြစ်ပါတယ်။

AuntyMay

Credit