Knowledge

အတွေ့အကြုံမရှိပဲ ချစ်သူကောင်လေးကိုပထမဆုံးစနမ်းမယ်ဆိုရင်

ပထမဆုံးအနမ်းဟာ ချစ်သူဘဝမှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဘဝတစ်ခုလုံးစာ အမှတ်တရ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်သွားဖို့ သင့်တဲ့ ကိစ္စရပ်တစ်ခုပါ။

ဒီတော့ Shwemom ပရိသတ်ကြီးအနေနဲ့ ချစ်သူ ကောင်လေးကို ပထမဆုံးအနမ်းပေး မယ်ဆိုတဲ့ စိတ်ကူးရှိရင် အောက်ဖော်ပြချက်လေးတွေကို ဖတ်ထားသင့်ပါတယ်။(၁) ခံတွင်းအနံ့ သန့်ရှင်းပါစေအရေးကြီးဆုံးအချက်ကတော့ ခံတွင်းအနံ့ ဆိုးဆိုးဝါးဝါး မဖြစ်ဖို့ လိုပါတယ်။ လူတိုင်းနီးပါးမှာ ခံတွင်းအနံ့ဆိုးဝါးကြပါတယ်။

သာမန်အချိန်ဆို မိမိဘာသာ မသိသာပေမယ့်၊ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါ အတော်လေး ဆိုးဝါးပါ တယ်။ အထူးသဖြင့် ချစ်သူနဲ့ နမ်းချိန်မှာ ခံတွင်းအနံ့ သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။

ဒီတော့ သွားတိုက်ပါ၊ ယင်းနောက် ခံတွင်းအနံ့ပျောက်ဆေး ငုံပါ၊ ယင်းနောက် ပူရှိန်းပီကေကဲ့သို့ အနံ့လုံစေတဲ့အရာတစ်ခုခုကို ငုံသွားပါ။

(၂) ညင်သာစွာ တို့ထိပွတ်သပ်ပါသူ့ကို အနမ်းပေးမယ်စိတ်ကူးကတည်းက လူက ဒီအတိုင်း ထိုင်နေလို့ မရပါဘူး။ သေချာပေါက် သူ နမ်းချင်စိတ်ပေါ် လာအောင် ပြုမူရမှာပါ။

ဒီတော့ လူချင်းယှဉ်ရက်အနေအထားမှာ သူ့ကို သိုင်းဖက်ခြင်း၊ လက်ချောင်းများဖြင့် ကျော၊ လည်ပင်း စသည်တို့ကို ပွတ်သပ်ခြင်း၊ ခန္ဓာကိုယ်ယှဉ်လျှက်အနေအထားမှာ ကနွဲ့ကလျ မှီထားခြင်းတို့ဟာ ထိရောက်ပါတယ်။

(၃) မှန်ကန်သော နေရာယူမှုအနမ်းပေးဖို့ အကောင်းဆုံး နေရာယူမှုကတော့ မျက်နှာချင်းဆိုင်အနေအထားပါဘဲ။

ဒါပေမယ့် အခြေအနေအရ ထိုင်လျှက်ဆိုရင်တော့ မိမိခန္ဓာကိုယ်က အထိုက်အလျှောက် လူးသာလွန့်သာ အခြေအနေမျိုး ထိုင်နေသင့်ပါတယ်။

(၄) မျက်လုံးချင်း အထာနပ်နေပါစေချစ်သူတွေကြားမှာ မျက်လုံးနဲ့တစ်ဆင့် ပြောလို့ပြီးသွားတဲ့ စကားလုံးတွေ အများကြီးပါ။

ဒီတော့ ကျွန်မကို နမ်းပါလို့ ပါးစပ်ကနေ ထုတ်ပြောနေဖို့ မလိုပါဘူး။ မျက်လုံးချင်းသာ အရိပ်အမြွက်ပြလိုက်တာနဲ့ ချစ်သူက သင့်ရဲ့ဆန္ဒကို သိပြီးသား ဖြစ်သွားမှာပါ။(၅) ဘေးကို အနည်းငယ် ယိမ်းလိုက်ပါသူလည်း အထာနပ်သွားပြီဆို သင့်ကို သူ နမ်းဖို့ ပြင်ဆင်ပါလိမ့်မယ်။ ဒီတော့ ခန္ဓာကိုယ်ကြီးကို ဒီအတိုင်း မလှုပ်မရှက်ကြီး ဖြစ်နေလို့ မရပါဘူး။

များသောအားဖြင့်တော့90%သော အနမ်းတွေဟာ ညာဘက်ကိုစောင်းပြီး နမ်းကြတာ များတယ်လို့ ဆိုပါတယ်။ ဒီတော့ ညာဘက်ကို မသိမသာလေး လည်ပင်းကို ယိမ်းပေးလိုက်ပါ။

(၆) ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်ဟ တုန့်ပြန်ပါနမ်းတဲ့အခါမှာလည်း အငမ်းမရ ဖြစ်မနေဖို့ လိုပါတယ်။ မဟုတ်ရင် ချစ်သူက တစ်လွဲအတွေးတွေ တွေးသွားနိုင်ပါတယ်။

ဒီတော့ စက္ကန့်ပိုင်းလောက် နှုတ်ခမ်းကို မပွင့်သေးပဲ၊ သူ့လှုပ်ရှားမှုပေါ်မူတည်ပြီးမှာ နှုတ်ခမ်းတွေကို ဖွင့်ပြီးတုန့်ပြန်တာ မျိုး လုပ်သင့်ပါတယ်။

(၇) လည်ပင်းကို သိုင်းဖက်ပါအနမ်းအရှိန်ရလာရင်တော့ သူ့လည်ပင်းကို သိုင်းဖက်လိုက်ပါ။ သင်ဟာ နောက်ထပ် အနမ်းအတွက်လည်း အဆင်သင့်ဆိုတာ သူ့ကို သိစေချင်တဲ့သဘောပါ။

source :herinterest.com

Credit