Knowledge

ကိုယ့်ကိုယ်ကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ အမျိုးသမီးတိုင်း လိုက်နာသင့်တဲ့ အချက် (၁၀) ချက်

ကိုယ့်ကိုယ်ကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ အမျိုးသမီးတိုင်း လိုက်နာသင့်တဲ့ အချက် (၁၀) ချက်

ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးဖို့ဆိုတာသိပ်ကို အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။လူပေါင်းစုံရှိတဲ့ လောကကြီးမှာကိုယ့်ကိုယ်ကိုလောက် ကိုယ့်ကို ချစ်မယ့်သူ၊

ထပ်ရှိဖို့ဆိုတာ မသေချာပါဘူး။ကိုယ့်ရဲ့အစစအရာရာကို ကိုယ်ကမှ မချစ်ရင်တခြားသူ ချစ်လာဖို့ကို မျှော်လင့်ကြည့်မယ်ဆိုရင်ဒါက အဓိပ္ပာယ် မရှိတဲ့ အချက်ပါပဲ။ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်၊ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်တော့အခုဖော်ပြမယ့် အချက်တွေကမဖြစ်မနေ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) ကျန်းမာရေးကို ဂရုစိုက်ပါကျန်းမာရေးမကောင်းရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကျန်းမာရေးကောင်းဖို့က

နံပါတ်(၁) မို့ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်ကျန်းမာရေးကောင်းအောင် နေဖို့၊အစားအသောက် ဆင်ခြင်ဖို့၊ကျန်းမာရေးပိုကောင်းစေမယ့်။

အစားအသောက်တွေကို စားသောက်ဖို့နဲ့တခြားသော ကိုယ်လက်လှုပ်ရှားမှုတွေလည်းလုပ်သင့်ပါတယ်။

(၂) လှလှပပလေး နေထိုင်ပါလူတစ်ယောက်ရဲ့ အသွင်အပြင်ကသူ့ရဲ့ ဘဝကို အများကြီး သက်ရောက်ပါတယ်။အလုပ်အတွက် ဖြစ်စေ၊ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက် ဖြစ်စေ၊

ကိုယ့်က ဘယ်လိုလူလဲဆိုတာကိုဖြစ်စေဖော်ပြပေးနိုင်တာမို့ လှတပတလေးနေထိုင်ဖို့က အရေးကြီးပါတယ်။လှနေတဲ့ ကိုယ်က ကိုယ့်အတွက်စိတ်ခွန်အားလည်း ဖြစ်စေပါတယ်။(၃) မိသားစုကို ဂရုစိုက်ပေးပါမိသားစုက ငယ်တဲ့အချိန်နဲ့အချိန်မလွန်ခင်မှာပဲ ဂရုစိုက်ခွင့် ရတာပါ။သွေးသားတော်စပ်တဲ့တစ်ခုတည်းသော မိသားစုကို ဂရုစိုက်ပေးတဲ့အခါသင်လည်း ၊

စိတ်ကျေနပ်မှုနဲ့အတူ ပျော်ရွှင်လာပါလိမ့်မယ်။အထူးသဖြင့် ကိုယ့်ကို ကလေးဘဝတည်းကဂရုတစိုက် မွေးမြူခဲ့တဲ့ မိဘတွေကိုပိုပြီး ဂရုစိုက်ပေးသင့်ပါတယ်နော်။

(၄) ငွေရှာပါကိုယ့်ဘဝကို တခြားတယောက်အပေါ်မှာမှီတည်ထားရတယ်ဆိုတာ မကောင်းပါဘူး။ကိုယ်က ဘယ်သူမှ မရှိရင်တောင်ကိုယ့်အရည်အချင်းနဲ့ ကိုယ် ငွေရှာနိုင်တယ်။

စားဝတ်နေရေးအတွက် တစ်ယောက်ယောက်ကိုမှီခိုစရာ မလိုဘူးဆိုတာ ဂုဏ်ယူစရာ ဖြစ်ပြီးသူများ မျက်နှာ မကြည့်ရမယ့် အချက်လည်း ဖြစ်ပါတယ်။(၅) ဗဟုသုတတွေ ဖြည့်ပါလောကမှာ ဖြစ်လာမယ့် အခြေအနေတွေကကိုယ်မမျှော်လင့်ထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် ကိုယ်က လောကနဲ့ ပတ်သတ်တဲ့၊

ဗဟုသုတတွေလည်း အမြဲ ဖြည့်သင့်ပါတယ်။လောကမှာ ရှိတဲ့ မကောင်းတဲ့သူတွေအကြောင်း၊လက်ရှိခေတ်စားနေတဲ့အရာတွေအကြောင်းအပြင်ကိုယ့်အရည်အချင်းနဲ့ ပတ်သတ်တဲ့ဗဟုသုတတွေက ကိုယ်ကို အထောက်အကူ ဖြစ်စေမှာပါ။

(၆) ကိုယ့်ကိုယ်ကို ပျော်အောင် နေပါဘဝဆိုတာ ရှင်သန်ရချိန်က ခဏလေးပါ။ဒီအချိန်ခဏမှာ ကိုယ့်ကိုယ်ကို ပျော်ရတဲ့အချိန်တွေ များအောင် ဂရုစိုက်ပေးသင့်ပါတယ်။

တခြားသူတွေကြောင့် ကိုယ့်အပျော်တွေပျက်သုဉ်းရတာမျိုး မဖြစ်ပါစေနဲ့။ပျော်ရွှင်ခြင်းက ကိုယ့်ကိုယ်ကို ချစ်တဲ့သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။

(၇) ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ပြုပါရှင်သန်ခဲ့တဲ့ တစ်လျှောက်လုံးမှာကိုယ်တိုင်ရဲ့ ပြုလုပ်ခဲ့တဲ့ အရာတွေကိုလည်းကျေးဇူးတင်သင့်ပါတယ်။ကျန်းမာနေတာမျိုး၊ အရည်အချင်း ရှိနေတာမျိုး၊အသားအရေကို ဂရုစိုက်ပေးနိုင်တာမျိုး စတဲ့အချက်တွေအတွက်လည်းကိုယ့်ကိုယ်ကို ချီးကျူး ဂုဏ်ပြုသင့်ပါတယ်။

(၈) ဝါသနာပါတာ လုပ်ပါစိတ်ပင်ပန်းစရာတွေ၊ အလုပ်တာဝန်တွေနဲ့တစ်သက်လုံး ရှင်သန်နေခဲ့တဲ့အတောအတွင်းမှာကိုယ့်ကိုယ်ကို အနားပေးဖို့လည်း လိုအပ်ပါတယ်။

ဒီအတွက် ကိုယ် ဝါသနာ ပါတာလေးတွေလုပ်ရင်း အနားပေးနိုင်ပါတယ်။သိုးမွှေးထိုးတာမျိုး၊ အဝတ်ချုပ်တာမျိုး စတဲ့ဝါသနာလေးတွေကို အချိန်ပေးနိုင်ပြီဆိုရင်တော့ကိုယ့်ကိုယ်ကို ချစ်တာ သေချာသလောက်ပါပဲ။

(၉) ငွေစုပါဘဝဆိုတာ ခန့်မှန်းလို့ မရပါဘူး။ကိုယ့်အတွက် တခြားသူတစ်ယောက်ရှိမလားဆိုတာလည်း မသေချာပါဘူး။ဒါကြောင့် ကိုယ့်အတွက် ကိုယ့်ကိုယ်ကိုပဲ အားကိုးပါ။

ငွေရှာနိုင်တဲ့အချိန်မှာ ချွေတာသုံးပြီး ငွေစုဖို့ ပြုလုပ်ပါ။ငွေစုတာက သင့်အတွက် တချိန်မဟုတ် တချိန်မှာအထောက်အကူ ဖြစ်စေမယ့် အချက် ဖြစ်ပါတယ်။(၁၀) စိတ်အေးချမ်းအောင် ပြုလုပ်ပါအကြည်ဓာတ်ရှိရာကို အကြည်ဓာတ်တွေလာတယ်ဆိုသလို ကိုယ့်မှာ ကောင်းတဲ့အရာတွေ။ပိုပြီး ဖြစ်လာစေဖို့အတွက်ကိုယ့်ရဲ့ စိတ်တွေက အေးချမ်းမှုတွေ ရှိနေဖို့ လိုအပ်ပါတယ်။

မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ၊သိမ်းထားဖို့ မလိုတဲ့ ပူလောင်မှုတွေကို လွှတ်ချပြီးကိုယ့်စိတ်ကို အေးချမ်းဖို့လည်း ပြုလုပ်ပေးသင့်ပါတယ်။

Credit