Knowledge

တည်ငြိမ်အေးဆေးတဲ့ မိန်းကလေးတွေမှာ ရှိနေတတ်တဲ့ ထူးခြားတဲ့ လက္ခဏာရပ်လေးများ

ခေတ်ကာလက ပြောင်းလဲလာလို့ မိန်းကလေးတွေရဲ့ ပုံစံလေးတွေလည်း ရှေးယခင်ကနဲ့ မတူဘဲ ပြောင်းလဲလာကြပါတယ်။ ပိုပြီး အမြင်ကျယ်လာကြသလို ပိုပြီးလည်း လွတ်လွတ်လပ်လပ် နေထိုင်လာကြပါတယ်။

ဒါပေမယ့်လည်း တစ်ချို့ကောင်မလေးတွေကတော့ ရှေးရိုးဆန်တာလည်း မဟုတ် ခေတ်ဆန်လွန်းတာမျိုးလည်း မဟုတ်ဘဲ အနေတည်ကြပါတယ်။ သူတို့တွေကို ကြည့်လိုက်ရင် တည်ငြိမ်ပြီး အေးဆေးတဲ့သူတွေလို့ မြင်ရပြီး သူတို့မှာ ထူးခြားတဲ့ အကျင့်စရိုက်လေးတွေလည်း ရှိနေပါသေးတယ်။တစိုက်မတ်မတ် ရှိတယ်သူတို့တွေလို တည်ငြိမ်အေးဆေးတဲ့သူတွေက ကြိုးစားမှု ရှိတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေက တစ်ခုခုကို လေ့လာမယ်ဆိုရင် တစိုက်မတ်မတ်နဲ့ကို ကြိုးစားတတ်ကြပါတယ်။

ဒီအတွက်လည်း သူတို့က သူတို့ မျှော်လင့်ထားတဲ့အတိုင်း လုပ်နိုင်ကြတာ များပါတယ်။ ဝီရိယ ရှိတဲ့သူတွေထဲမှာ သူတို့က ထိပ်ဆုံးပါပဲ။စကားပြော ယဉ်ကျေးတယ်။သူတို့တွေက စိတ်တိုဒေါသထွက်တတ်ပေမယ့်လည်း ဘယ်သူနဲ့မဆို စကားပြော ချိုသာတဲ့သူတွေ ဖြစ်ပါတယ်။ လူကြီးတွေကို လေးစားသမှု ပေးသလို ငယ်သူတွေကိုလည်း ချစ်ခင်တတ်ပါတယ်။

ခွဲခြားမှု မရှိဘဲ ယဉ်ကျေးတတ်ကြတဲ့သူတွေ ဖြစ်ပြီး သူတို့ကို လာစော်ကားတာမျိုးကိုတော့ သည်းခံ မနေတတ်ကြပါဘူး။လူမှုရေးအရှုပ်တွေ မလုပ်ဘူး။သူတို့တွေ လူ့ကျင့်ဝတ်တွေကိုလည်း သိနားလည်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူငယ်ချင်းရည်းစားနဲ့လည် အရမ်း ရင်းနှီးအောင် မနေသလို သူတို့ကို ရည်းစားရှိတဲ့သူတွေ လာပတ်သတ်ရင်လည်း၊

ပြတ်ပြတ်သားသား ပြောတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့မှာ လူမှုရေး အရှုပ်အရှင်းဆိုတာမျိုး ဘယ်တော့မှ ရှိမလာအောင်ကို နေတတ်ကြပါတယ်။ပျော်ပွဲရွှင်ပွဲတွေကို သိပ်စိတ်မဝင်စားဘူး။သူတို့တွေက ခေတ်ဆန်တဲ့ မိန်းကလေးတွေလို သူငယ်ချင်းတွေ ဝိုင်းဖွဲ့ သောက်စားတာမျိုး၊ EDM ပွဲတွေ သွားရတာမျိုးတွေကို စိတ်မပါကြပါဘူး။ ပျော်တတ်ကြပေမယ့်လည်၊

း ဟေးလားဝါးလား လုပ်ရတာမျိုးက သူတို့နဲ့ မကိုက်ညီတာမျိုး ဖြစ်ပါတယ်။ သူငယ်ချင်းတွေ သောက်ကြတယ်ဆိုရင် သူတို့က ကူညီတာမျိုးလည်း လုပ်ပေးတတ်ကြပါတယ်။ရင့်ကျက်ပြီး အမျှော်အမြင်ရှိတယ်။သူတို့တွေ တည်ငြိမ်ပြီး အေးဆေးတဲ့ သူတို့ရဲ့ပုံစံအတိုင်း ရင့်ကျက်မှုလည်း ရှိကြတဲ့သူတွေပါ။ ဘာလုပ်ရင် ဘာဖြစ်နိုင်တယ်ဆိုတဲ့ ကျိုးကြောင်းဆီလျော်အောင် တွေးနိုင်ကြသလို ရှေ့ရေးကိုလည်း တွေးကြည့်တတ်တဲ့သူတွေပါ၊

ဒါကြောင့် သူတို့က နောင်တစ်ချိန်မှာ နောင်တရမယ့် ကိစ္စမျိုး မဖြစ်ရလေအောင် ကိုယ်တိုင်လည်း ဂရုစိုက်သလို သူငယ်ချင်းတွေကို ထိန်းသိမ်းအကြံပေးတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

Credit