Knowledge

သင့်ရဲ့ relationship ကိုပိုပြီး romantic ဆန်စေဖို့အတွက် နည်းလမ်း (၁၀) ချက်

လူတွေပြောကြသလိုပဲ romantic ဆန်ခြင်းဟာ relationship တစ်ခုအတွက် အဓိကသော့ချက်ဖြစ်ကြောင်း ပြောကြပါတယ်။ အဲ့ဒါကတော့ ဟုတ်ပါပြီ၊ ကျွန်တော်တို့တွေ romantic ဆန်အောင် ဘယ်လိုလုပ်ကြမှာလဲ၊

လူအများစုကတော့ သူတို့ရဲ့ RS ကို ရိုဆန်တာတစ်ခုခုလုပ်ဖို့ အမြဲစဉ်းစားကြပါတယ်။ ဒါပေမယ့် ဘယ်ကနေဘယ်လိုစလုပ်ပြီး ဘယ်အရာကို pinpoint ထားရမယ်ဆိုတာတော့ ၊

သိသူနည်းပါတယ်။ ဒါကြောင့် သင့်ရဲ့ချစ်သူကို သင့်ရဲ့ဂရုစိုက်မှုတွေ ပြသရင်းနဲ့ ရိုဆန်နိုင်မယ့် နည်းလမ်း(၁၀) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။၁။ မနက်ခင်းအံ့အားသင့်စရာသင့်ရဲ့မနက်ခင်းအချိန်လေးမှာ သင့်ရဲ့လက်တွဲဖော် surpriseဖြစ်စေဖို့အတွက် သူ/သူမအိပ်ရာမနိုးခင် အချိန်လေးမှာပဲ ကော်ဖီဖျော်ထားပေးတာ၊

သို့မဟုတ် အိပ်ရာထဲမှာပဲ မနက်စာပြင်ပေးတာတွေ ကြိုးစားကြည့်ပေးပါ။ ဒီလို လုပ်ဆောင်ချက်တွေက သင့်လက်တွဲဖော်ရဲ့ ခံစားချက်တွေကို ရိုဆန်စေပြီး သူဟာသင့်အတွက် ဘယ်လောက်ထိအရေးကြီးကြောင်းနဲ့ သင့်ရဲ့ ဂရုစိုက်မှုတွေကို သက်ဝင်ခံစားမိစေပါတယ်။

၂။ အခွင့်အလမ်းတိုင်းမှာ သက်ရောက်မှုကို ပြသပါအလုပ်ပြီးလို့ သင်အိမ်ပြန်လာတဲ့အခါ သင့်ရဲ့လက်တွဲဖော်ကို အကြာကြီးဖက်ထားပြီး kiss ပေးပါ။

ယခုလိုပြုလုပ်ပေးခြင်းဟာ သင်တို့နှစ်ယောက်စလုံး ပိုပြီးနက်ရှိုင်းစွာ ဆက်သွယ်စေသလို ညနေခင်းနဲ့ လာမယ့်နေ့အတွက် ကောင်းခြင်းမေတ္တာဓာတ်တွေ ဖြစ်ပေါ်စေပါလိမ့်မယ်။

ဒီလိုနေ့စဉ်ပြုလုပ်ပေးခြင်းဟာ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးပိုပြီး ရိုမန်တစ်ဆန်စေသလို တစ်ယောက်ကိုတစ်ယောက် ကြင်နာမှုတွေ တိုးပွားစေပါလိမ့်မယ်။၃။ date လုပ်ဖို့အတွက် အချိန်ပေးပါသင်တို့နှစ်ယောက် လက်ထပ်ပြီးပါစေ၊ အပြင်မှာ date လုပ်ဖို့အတွက် အချိန်ပေးပါ။ ယခုလို ရိုမန်တစ်ဆန်တဲ့ ချိန်းတွေမှုလေးတွေက ရင်ခုန်သံတွေကို ပြန်လည်နွေးထွေးစေနိုင်ပြီး ဆက်ဆံရေးကိုပိုမို ခိုင်မြဲစေနိုင်ပါတယ်။

၄။ သူ့ကိုအပြည့်အဝ အာရုံစိုက်မှုပေးပါသင့်ရဲ့လက်တွဲဖော်က သင့်ကိုတစ်စုံတစ်ခု ပြောဆိုချင်တဲ့ အခါမျိုးမှာ သူ့အပေါ် ၁၀၀ ရာခိုင်နှုန်းအာရုံစိုက်မှု ပေးဖို့ကြိုးစားပေးပါ။

သူစကားပြောနေတဲ့ အချိန်မျိုးတွေမှာ တီဗွီကြည့်နေတာ၊ ဖုန်းသုံးနေတာတွေပြုလုပ်ပြီး ဂရုမစိုက်သလို ပုံစံမျိုး မပြုလုပ်မိပါစေနဲ့။ ယခုလိုဂရုစိုက်ခြင်းကြောင့် သူပြောတာတွေ နားထောင်ဖို့ သင်မှာလိုလားမှုရှိကြောင်း၊ သူ့ကိုဂရုစိုက်ကြောင်း ပေါ်လွင်ထင်ရှားစေပါတယ်။

၅။ ချီးကျူးပေးပါသင်တို့ရဲ့ relationship အရင်ကထက်ပိုပြီး ရိုဆန်ဖို့အတွက် သူ့ရဲ့လှပမှု၊ ခန့်ညားမှု၊ ဆွဲဆောင်မှုတွေကို ချီးကျူးပေးဖို့အတွက် အားထုတ်ပါ။

လူတိုင်းဟာ တခါတရံ အားပေးမှုလိုအပ်ပါတယ်။ သင့်ရဲ့လက်တွဲဖော်ကတော့ သင့်ဆီကအားပေးမှု၊ ချီးကျူးမှုတွေကို ပိုပြီးလိုအပ်ပါလိမ့်မယ်။

၆။ ပုံမှန်လုပ်နေကြအရာတစ်ခု ဖန်တီးပါမနက်ခင်းပိုင်း သင်အလုပ်သွားမယ့် အချိန်မျိုးမှာ သူ့ကိုအသိအမှတ်ပြု နှုတ်ဆက်စကား သို့မဟုတ် ချစ်ကြောင်းပြောဖို့ မမေ့ပါနဲ့။ယခုလိုအလေ့အထလေးကို နေ့စဉ်ပြုလုပ်ပေးသင့်ပြီး ဒီလိုအသိအမှတ်ပြုစကားမပြောမိပဲ အိမ်ကထွက်ခွာခြင်း မပြုလုပ်ဖို့ ဂရုစိုက်ပေးပါ။

၇။ လက်ဆောင်သေးသေးလေးတွေနဲ့ သူမကိုအားပေးပါနောက်တခေါက် သင်တို့ ဈေးဝယ်ထွက်တဲ့အခါ သူ/သူမ ကြိုက်လောက်တဲ့အရာလေးတွေ၊ ပစ္စည်း၊ လက်ဆောင်လေးတွေကို ၊

ဂရုတစိုက်နဲ့ မှတ်ထားထားပေးပါ။ သင့်ရဲ့လက်တွဲဖော် စိတ်ညစ်နေတဲ့အချိန်၊ သို့မဟုတ် စိတ်ဓါတ်ကျနေတဲ့ အချိန်မျိုးတွေမှာ ယခုလိုလက်ဆောင်လေးတွေကို ဝယ်ပေးပြီး သူ့ကိုအားပေးပေးပါ။

ဒီလိုကြင်နာမှုတွေကို သင့်ရဲ့ချစ်သူက ထာဝရသတိရနေမှာဖြစ်ပြီး အချိန်ကြာမြင့်တဲ့အထိ သင့်ကိုပိုပိုပြီးချစ်လာပါလိမ့်မယ်။

၈။ ကူညီဖို့အတွက် ကမ်းလှမ်းပါသင့်ချစ်သူရဲ့ တစ်နေ့တာအခက်အခဲကို ကူညီပေးဖို့အတွက် အပြင်မှာညစာထွက်စားဖို့ ကမ်းလှမ်းတာ၊ တစ်ခုခုသောက်ဖို့ ကမ်းလှမ်းတာတွေပြုလုပ်ပေးပြီး ၊

သူတို့စိတ်ပြေလက်ပျောက်ဖြစ်အောင် ကူညီပေးသင့်ပါတယ်။ အမျိုးသမီးတွေဆိုရင် ချက်ရပြုတ်ရနဲ့၊ ယခုလိုအပြောင်းအလဲလေးဖြစ်အောင် ကမ်းလှမ်းခြင်းကို သူတို့နှစ်ခြိုက်ကြပြီး သင့်ကိုကျေးဇူးတင်နေပါလိမ့်မယ်။

၉။ ရံဖန်ရံခါ surprise လုပ်ပေးပါသင့်ရဲ့ချစ်သူကို ကြိုတင်အသိမပေးပဲ သူပျော်ရွင်စေမယ့် အရာတစ်ခုခုကို ကြိုတင်စီစဉ်ထားပြီး လုပ်ဆောင်ခြင်းက သင့်ကိုပိုပြီးချစ်ခင်စေပါလိမ့်မယ်။ဥပမာ သူမနဲ့အပြင်သွားတဲ့အချိန် သူမနှစ်သက်တဲ့ ဇာတ်ကားကြည့်ဖို့အတွက် လက်မှတ်ကြိုဝယ်ထားတာမျိုး၊ ကားမောင်းနေရင်းနဲ့ သူမကိုအသိမပေးပဲ ပျော်စရာကောင်းတဲ့တစ်နေရာရာကို သွားတာမျိုး၊

ခရီးအတူတူထွက်ဖို့အတွက် ကားလက်မှတ်နဲ့ ဟိုတယ်ကြိုတင်ဘွတ်ထားတာမျိုးတွေက သူမအတွက် အရမ်းကို ရိုဆန်စေပြီး သင်တို့ရဲ့ relationship ကိုပိုမိုခိုင်မြဲစေပါလိမ့်မယ်။

၁၀။ အိမ်အလှဆင်ခြင်းသင်တကယ့်ကို romantic ဆန်ချင်ရင် သင့်လက်တွဲဖော်ပြန်မလာခင် အချိန်မျိုးမှာ တစ်အိမ်လုံးဖယောင်းတိုင်တွေပဲ ထွန်းထားတာ၊ ပန်းတွေနဲ့အလှဆင်ထားတာတွေက သူ့ကိုအံ့အားသင့်စေပြီး ကြည်နူးစေပါလိမ့်မယ်။LM_Naung_Naung၊Lifestyle_Myanmar ၊Source_dailytenminutes

Credit