Knowledge

ချစ်သူက ဂရုမစိုက်ဘူးဆိုရင် မိန်းကလေးတွေ လုပ်တတ်ကြတဲ့ အချက်(၅)ချက်

မိန်းကလေးဆိုတာ ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်နေပါစေ၊ ကိုယ်ချစ်တဲ့သူတွေရဲ့ဂရုစိုက်မှုကို လိုချင်ကြတာချည်းပါပဲ။

ကိုယ့်ချစ်သူက ဂရုမစိုက်ဘူးဆိုရင် အလွန်ကို ဝမ်းနည်းရတတ်ပါတယ်။ ဒါတင် မကသေးပါဘူး၊ နောက်ဆက်တွဲ ဒီလိုအရာတွေ ဖြစ်လာပါတော့တယ်နော်။

(၁) သူကိုယ့်ကိုယ်မချစ်တော့ဘူးလို့ထင်လာတယ်တချို့ ယောကျာ်းလေးတွေက ချစ်သူဖြစ်တာကြာလာရင် အရင်ကလောက်ဂရုမစိုက်တတ်တော့သလို၊ ဂရုစိုက်ဖို့လည်း သိပ်မလိုဘူး၊ငါတို့နှစ်ယောက်က ပြတ်တော့မှာ မဟုတ်ဘူးလို့ တွေးတတ်ကြပါတယ် ။မိန်းကလေးတွေကတော့ ဂရုမ စိုက်တော့တာဟာ၊

မချစ်တော့တာပဲလို့သတ်မှတ်ကြပါတယ်။ ဒီတော့ ချစ်တဲ့သူက ဂရုမစိုက်တာဟာ သူ့ကို မချစ်တော့တာပဲလို့ယူဆသွားနိုင်ပါတယ် ။

(၂) အတွေးလွန်လာတယ်သူ ငါ့ကိုဘာလို့ဂရုမစိုက်တော့တာလဲ၊ အသစ်တစ်ယောက်တွေ့နေလို့လား၊ ငါ့ကိုစိတ်ကုန်နေတာလား၊ ငါ့ကိုထား သွားဖို့ကြံစည်နေတာလား ၊ဒါဆို ငါဘာလုပ်ရမလဲ စသဖြင့်၊

အမျိုးမျိုးတွေတွေပြီး စိုးရိမ်သောကရောက်နေပါလိမ့်မယ်။ အရင်က အဲ့လောက်မတွေးတတ်ရင်တောင် အခု အလွန်အကျွံတွေ တွေးတတ်နေပါပြီ။

(၃) သံသယတွေဝင်လာတယ်မိန်းကလေးတွေက ကိုယ့်ချစ်သူကိုယ့်အပေါ်ဂရုစိုက်မှုတွေလျော့နည်းလာတာ၊ စိတ်ဝင်စားမှုလျော့နည်းလာတာတွေကို မပြောရင်သာနေမယ်၊ ကောင်းကောင်း ရိပ်မိကြပါတယ် ။

ဒီလိုဖြစ်လာတာဟာလည်း အသစ်တစ်ယော က်တွေ့နေ လို့လားဆိုပြီး ချစ်သူကောင်လေးဘာလုပ်လုပ်၊ဘယ်သွားသွား သံသယတွေ ဝင်နေတတ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုမေးခွန်းတွေထုတ်လာတယ်ကိုယ့်ဘက်က ဘာအားနည်းချက်၊ ချို့ယွင်းချက်တွေရှိနေလို့လဲ၊ ဘာအမှားတွေလုပ်မိလို့လဲ၊ ဘာလို့များ သူပြောင်း လဲသွားတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုမေးခွန်းတွေ ထုတ်နေတတ်ပါတယ် ။(၅) ထွက်သွားဖို့ကြံစည်လာတယ်ချစ်သူကောင်လေးက ဂရုမစိုက်တော့တဲ့အခါ၊ စစချင်းမှာ သူ့ကိုဂရုစိုက်လာအောင်ကြိုးစားမယ်၊ ဘယ်လိုမှကြိုးစား လို့မရတော့တဲ့အခါ၊

ထွက်သွားဖို့တိတ်တဆိတ်ကြံစည်လာပြီး နောက်ဆုံးမှာ သူ့ချစ်သူရဲ့အနားကနေ အပြီးထွက် သွားပါလိမ့်မယ်နော် ။

Credit Original

Unicode

မိန်းကလေးဆိုတာ ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်နေပါစေ၊ ကိုယ်ချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုကို လိုချင်ကြတာချည်းပါပဲ။

ကိုယ့်ချစ်သူက ဂရုမစိုက်ဘူးဆိုရင် အလွန်ကို ဝမ်းနည်းရတတ်ပါတယ်။ ဒါတင် မကသေးပါဘူး၊ နောက်ဆက်တွဲ ဒီလိုအရာတွေ ဖြစ်လာပါတော့တယ်နော်။

(၁) သူကိုယ့်ကိုယ်မချစ်တော့ဘူးလို့ ထင်လာတယ်တချို့ ယောကျာ်းလေးတွေက ချစ်သူဖြစ်တာကြာလာရင် အရင်ကလောက်ဂရုမစိုက်တတ်တော့သလို၊ ဂရုစိုက်ဖို့လည်း သိပ်မလိုဘူး၊ ငါတို့နှစ်ယောက်က ပြတ်တော့မှာ မဟုတ်ဘူးလို့ တွေးတတ်ကြပါတယ် ။မိန်းကလေးတွေကတော့ ဂရုမ စိုက်တော့တာဟာ မချစ်တော့တာပဲလို့ သတ်မှတ်ကြပါတယ်။ ဒီတော့ ချစ်တဲ့သူက ဂရုမစိုက်တာဟာ သူ့ကို မချစ်တော့တာပဲလို့ ယူဆသွားနိုင်ပါတယ်။

(၂) အတွေးလွန်လာတယ်သူ ငါ့ကိုဘာလို့ ဂရုမစိုက်တော့တာလဲ၊ အသစ်တစ်ယောက်တွေ့နေလို့လား၊ ငါ့ကိုစိတ်ကုန်နေတာလား၊ ငါ့ကိုထား သွားဖို့ကြံစည်နေတာလား၊

ဒါဆို ငါဘာလုပ်ရမလဲ စသဖြင့် အမျိုးမျိုးတွေတွေပြီး စိုးရိမ်သောကရောက်နေပါလိမ့်မယ်။ အရင်က အဲ့လောက်မတွေးတတ်ရင်တောင် အခု အလွန်အကျွံတွေ တွေးတတ်နေပါပြီ။

(၃) သံသယတွေဝင်လာတယ်မိန်းကလေးတွေက ကိုယ့်ချစ်သူကိုယ့်အပေါ် ဂရုစိုက်မှုတွေလျော့နည်းလာတာ၊ စိတ်ဝင်စားမှုလျော့နည်းလာတာတွေကို မပြောရင်သာနေမယ်၊ ကောင်းကောင်း ရိပ်မိကြပါတယ် ။

ဒီလိုဖြစ်လာတာဟာလည်း အသစ်တစ်ယော က်တွေ့နေ လို့ လားဆိုပြီး ချစ်သူကောင်လေးဘာလုပ်လုပ်၊ဘယ်သွားသွား သံသယတွေ ဝင်နေတတ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုမေးခွန်းတွေထုတ်လာတယ်ကိုယ့်ဘက်က ဘာအားနည်းချက်၊ ချို့ယွင်းချက်တွေရှိနေလို့လဲ၊ ဘာအမှားတွေလုပ်မိလို့လဲ၊ ဘာလို့များ သူပြောင်း လဲသွားတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုမေးခွန်းတွေ ထုတ်နေတတ်ပါတယ် ။(၅) ထွက်သွားဖို့ကြံစည်လာတယ်ချစ်သူကောင်လေးက ဂရုမစိုက်တော့တဲ့အခါ၊ စစချင်းမှာ သူ့ကိုဂရုစိုက်လာအောင်ကြိုးစားမယ်၊ ဘယ်လိုမှကြိုးစား လို့မရတော့တဲ့အခါ၊

ထွက်သွားဖို့တိတ်တဆိတ်ကြံစည်လာပြီး နောက်ဆုံးမှာ သူ့ချစ်သူရဲ့အနားကနေ အပြီးထွက် သွားပါလိမ့်မယ်နော်။

Credit Original