Knowledge

အမျိုးသားတွေအိပ်မက်ထဲက အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်ရည်လှပခြင်းမဟုတ်သော ကိုယ်ရည်ကိုယ်သွေး(၈) ချက်

”သန်မာသော အမျိုးသမီးတစ်ဦးဟာ မိမိကမ္ဘာကို မိမိကိုယ်ကိုယ်ကောင်းကောင်းတည်ဆောက်နိုင်သူဖြစ်ပါတယ်။ သူမက အမျိုးသားတစ်ယောက်ကို ဆွဲဆောင်ဖို့အတွက် အဓိကအရေးကြီးဆုံးအချက် သူမရဲ့ အသိပညာတွေကို ၊

မျှဝေခြင်းဖြစ်တယ်ဆိုတာ ကောင်းကောင်းနားလည်သူလည်းဖြစ်ပါတယ်။ – Ellen J. Barrierကမ္ဘာပေါ်မှာ အင်မတန်ချောမောလှပတယ်ဆိုတဲ့ အမျိုးသမီးတွေဟာ မရေမတွက်နိုင်အောင်ပါပဲ။

တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ သတ်မှတ်ထားတဲ့ နည်းဗျူဟာတွေနှင့် လိုအပ်သောစွမ်းရည်တွေနဲ့ ကစားပေးရတဲ့ အထူးဂိမ်းဖြစ်ပါတယ်။ လူတွေထင်ကြတာက အမျိုးသားတွေက၊

အင်မတန်ရိုးရှင်းကြပြီး အမျိုးသမီးတွေကတော့ ထင်သလောက် မရိုးရှင်းကြဘူးလို့ ထင်ကြပါတယ်။ လက်တွေ့မှာ အမျိုးသားတွေက အင်မတန်ရှုတ်ထွေးကြပါတယ်။

အမျိုးသားတွေ လိုချင်တဲ့အမျိုးသမီးရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကလည်း များပြားလှပါတယ်။ Relationship တစ်ခုမှာ နှစ်ဦးနှစ်ဖက်ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။

ဒါကြောင့် တစ်စုံတစ်ဦးက တစ်ဖက်က တစ်စုံတစ်ယောက်ကို စိတ်ပျက်တာမျိုးတွေမဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေကို အမျိုးသမီးတွေရဲ့၊

ဘယ်လိုကိုယ်ရည်ကိုယ်သွေးတွေက ဆွဲဆောင်နေသလဲဆိုတာကို သိထားသင့်တာကြောင့် မျှဝေပေးလိုက်ပါတယ်။

၁။ အသိဉာဏ်ပညာအသိဉာဏ်ဟာ အမျိုးသားတွေရဲ့ နှလုံးသားကို တိုက်ရိုက်ဖွင့်နိုင်သော အရေးကြီးသော့ဖြစ်ပါတယ်။ ၎င်းက ရုပ်ရည်သွင်ပြင်လှပခြင်းထက် အမျိုးသားတွေကိုပိုပြီး စိတ်လှုပ်ရှားစေပါတယ်။

အမျိုးသားတိုင်းက သေသပ်လှပသော ဖိနပ်တွေအကြောင်း၊ ကျော့ရှင်းအိန္ဒြေရနေတဲ့ ဝတ်စုံတွေ၊ ကျက်သရေရှိစွာ တောက်ပြောင်နေတဲ့ မိတ်ကပ်တွေအကြောင်းကနေ အသိဉာဏ်ပညာဆိုင်ရာအကြောင်းအရာတွေအကြောင်၊

း ဆွေးနွေးတတ်တဲ့ပါတနာမျိုး အထူးသဖြင့် သူတို့စိတ်ကျေနပ်နိုင်လောက်တဲ့အထိ သူတို့နဲ့အတူ ဆွေးနွေးနိုင်မယ့် ပါတနာမျိုးကိုလည်း လိုချင်ကြပါတယ်။

သူတို့က သင့်ကို သူတို့နှင့်အတူ ဘဝအကြောင်း၊ ကမ္ဘာကြီးအကြောင်း ဆွေးနွေးပေမယ့်သူမျိုး၊ အသစ်အသစ်တွေကို သင်ကြားပေးပြီး သူတို့ဆီကနေလည်း ပြန်ပြီးသင်ယူမယ့် လူမျိုးကို လိုချင်ကြပါတယ်။

တကယ်တော့ ဒီလိုဆွေးနွေးနိုင်ဖို့ ကျောင်းကောင်းကောင်းကနေ ဘွဲ့ကောင်းကောင်းရဖို့အထိ မလိုအပ်ပါဘူး။ ၎င်းက အခြေခံဉာဏ်လောက်ပါပဲ။ သင့်ရဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းက သင်ရှာဖွေတွေ့ရှိခဲ့တဲ့ လူရဲ့ အဆင့်အတန်းဖြစ်ပါလိမ့်မယ်။

၂။ ကိုယ်ကျင့်တရား/ အကျင့်စရိုက်မျက်မမြင်တစ်ဦး/ အသက်ကြီးကြီးလူတစ်ဦးလမ်းဖြတ်ကူးနေစဉ် ကူညီပေးခြင်း (သို့) ကလေးတွေနဲ့ သူမရဲ့ အဝတ်အစားတွေ ညစ်ပေမှာ စိုးရိမ်ခြင်းမရှိဘဲ ရွှံ့တွေထဲမှ၊

ာ ဘောလုံးကစားနေရရင် ပျော်တတ်တဲ့ မိန်းကလေးရဲ့ နှလုံးသားဟာ ရယ်မောနေတတ်တယ်ဆိုတာ အမျိုးသားတွေက မြင်အောင်ကြည့်နိုင်ပါတယ်။

ဒါက သင့်ရဲ့ စစ်မှန်တဲ့သဘာဝဖြစ်ပြီး ဒီစွမ်းရည်ဟာတွေကို ပျော်ရွှင်စေနိုင်သလို သူတို့ကိုယ်သူတို့လည်း ပျော်အောင်ထားနိုင်ကြပါတယ်။ အရေးကြီးဆုံးကတော့ သူတို့ဟာ တစ်စုံတစ်ယောက်နဲ့ ၊

ချစ်တဲ့အခါ တစ်စုံတရာဟန်ဆောင်တာမျိုး လုပ်မယ့်သူတွေမဟုတ်ပါဘူး။ သင်ဟာ အမျိုးသမီးတစ်ယောက်လိုပဲ ရှင်သန်ပါ၊ ဖြစ်တည်ပါ၊ အမျိုးသားတွေက သင့်ကို တန်ဖိုးထားပါလိမ့်မယ်။ အထူးသဖြင့် သင့်ကောင်လေးကပေါ့။

၃။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအသိဉာဏ်ရှိပြီး ထက်မြက်သော အမျိုးသားတိုင်းက သူတို့ထက် အသိဉာဏ်နိမ့်ပြီး နုံအအအမျိုးသမီးကို ကြိုက်လေ့မရှိပါဘူး။ သူတို့နဲ့ အသိဉာဏ်တန်းတူ (သို့) သူတို့အသိဉာဏ်သာတဲ့ အမျိုးသမီးမျိုးကိုပဲ ကြိုက်လေ့ရှိကြပါတယ်။

သင့်အမျိုးသားရဲ့ အာရုံစိုက်မှုကို ရရှိဖို့ အမျိုးသားရဲ့ အကူအညီကို မရှိမဖြစ် လိုအပ်နေတဲ့အမျိုးသမီးတစ်ဦး (သို့) တစ်ချိန်လုံးသဝန်တိုနေတဲ့ အမျိုးသမီးဖြစ်နေဖို့ မလိုအပ်ပါဘူး။

သင်ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နေမယ်ဆိုရင် သင်လိုအပ်တဲ့အချိန်တိုင်း သင့်ကောင်လေးက အနားမှာရှိနေပါလိမ့်မယ်။ Self – Confidence ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့၊

ဆက်ဆီကျသော အလှတစ်မျိုးဖြစ်ပါတယ်။ ဘဝဆိုတာ နှင်းဆီပန်းတွေ ဖြန့်ခင်းထားတဲ့ အိပ်ရာမဟုတ်ပါဘူး။ အမျိုးသားတစ်ဦးဟာ ဘဝလက်တွဲဖော်ရှာဖွေတဲ့အခါ လိုအပ်တဲ့အချိန်မှာ ၊

သူနှင့်အတူ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အင်အားလုံလုံလောက်လောက်ရှိတဲ့ တစ်စုံတစ်ယောက်ကို ရှာဖွေနေခြင်းဖြစ်ပါတယ်။ မိန်းကလေးဖြစ်ရုံလေးပဲဆိုတဲ့ မိန်းကလေးကို ရှာဖွေနေတာမဟုတ်ပါဘူး။

ကိုယ်အားသန်ရာ ကျွမ်းကျင်မှုမှာ ယုံကြည်မှုအပြည့်ရှိပါ။ ရှိအောင်လည်း ကြိုးစားပါ။ ဒီလိုကျွမ်းကျင်ရာ ယုံကြည်နေသရွေ့ ကိုယ့်ရဲ့ အားနည်းချက်တွေကို သီးသန့်ကြီး အာရုံစိုက်ဖြစ်တော့မှာမဟုတ်ပါဘူး။

သင့်ရဲ့ တန်ဖိုးကိုသာ သင်ကိုယ်သင် ရှာဖွေပြီး အမျိုးသားတွေဆီက အကူအညီတွေကို မလိုအပ်ကြောင်း သင်ကိုယ်တိုင် သိမယ်ဆိုရင် သူတို့လည်း သိပါလိမ့်မယ်။

၄။ ကိုယ့်ကိုယ်ကိုယ်လေးစားမှုအမျိုးသားတွေ အမျိုးသမီးတွေဆီမှာ နောက်ထပ်ရှာဖွေတတ်ကြတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုက လေးစားမှုဖြစ်ပါတယ်။ သင်ဟာ သင့်ကိုယ်သင် ဖွင့်ထားတဲ့စာအုပ်တစ်အုပ်လို ပြုမူမယ်ဆိုရင်၊

အမျိုးသားတွေက စိတ်ဝင်စားမှုနည်းပါလိမ့်မယ်။ လူသားတစ်ယောက်အဖြစ် ဖြစ်တည်ခြင်းမှာ လူသားတွေက လျှို့ဝှက်ဆန်းကြယ်သော အရာတွေကို စိတ်ဝင်စားလေ့ရှိကြပါတယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်လေးစားမှုအတွက် ကိုယ်ပိုင်အချိန်နှင့် ကိုယ်ပိုင်နေရာလေးတွေ သီးသန့်ထားပါ။ သင်ဟာ အလွယ်ရနိုင်သူဆိုတာမျိုး သူတို့မသိရင် ပိုစိတ်ဝင်စားကြပါလိမ့်မယ်။

၅။ ရည်မှန်းချက်ကြီးမားခြင်းအမျိုးသားတွေဟာ သူတို့ရဲ့ မိသားစုတွေကို စောင့်ရှောက်ရတာကို အင်မတန်ကြိုက်နှစ်သက်ကြပေမယ့် ရည်မှန်းချက်ကြီးမားပြီး သန်မာသော အမျိုးသမီးတွေကို ပိုသဘောကျတတ်ကြပါတယ်။

ဘဝမှာ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို ဘယ်သူကမှ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ သို့ပေမယ့် သူတို့ရဲ့ ဘဝမှာ ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီးနဲ့ လက်တွဲမိတဲ့အခါ သူတို့ရဲ့ အနာဂတ်အတွက် ပိုပြီး ယုံကြည်မှုရှိလာကြပါတယ်။

အခက်အခဲဖြစ်နေချိန်မှာ ဘယ်လိုရုန်းကန်ရမယ်၊ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ဘေးနားမှာ ပံ့ပိုးပေးမယ့်အမျိုးသမီးရှိလာသောအခါ ပိုပြီး အားရှိလာကြပါတယ်။

၆။ ချစ်ခင်မှုဒီအချက်က အထူးပြောစရာလိုမယ်မထင်ပါဘူး။ ဘယ်သူကမှ ကိုယ့်ကို မချစ်တဲ့လူအနားမှာ မနေချင်ကြပါဘူး။ သို့ပေမယ့် တစ်ခုရှိတာက လူအများက အမျိုးသမီးတွေသာ အချစ်ခံချင်ကြပြီး ၊

အမျိုးသားတွေကတော့ ထင်သလောက် အချစ်ကို ငတ်မွတ်တောင့်တမှုနည်းပါးတယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် အမျိုးသားတွေကလည်း အင်မတန်အချစ်ခံချင်ကြပါတယ်။ ဂရုအစိုက်ခံချင်ကြပါတယ်။



၈။ လုံလဝီရိယကြိုးစားအားထုတ်သော အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက အမြဲတမ်းတန်ဖိုးထားလေးမြတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဇိမ်ခံအတန်းအစားလူတစ်ယောက်လိုလုပ်မယ့်အစား၊

သင်ကြိုးစားလုပ်ဆောင်မယ်ဆိုရင် အလုပ်ရဲ့ တန်ဖိုးကိုလည်း ကောင်းကောင်းနားလည်လာပါလိမ့်မယ်။ သင်ဟာ သင့်ကောင်လေးထက် အရုပ်တစ်ရုပ်ထက် ပိုသင့်ပါတယ်။ မဟုတ်ရင် သင်တို့ရဲ့ Relationship က ရေရှည်အဆင်ပြေမှာမဟုတ်ပါဘူး။

Credit