Knowledge

သင့်နာမည်နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ ပြောပြမယ်

ဒီနေ့ test လေးမှာ မေးခွန်းလေး ၅ခုကို မေးသွားမှာဖြစ်ပြီး မေးခွန်းတစ်ခုချင်းစီက သင်ရရှိခဲ့တဲ့ အမှတ်တွေကိုပေါင်းပြီး နောက်ဆုံးရတဲ့အမှတ်ပေါင်းကတစ်ဆင့် သင့်ရဲ့လျှို့ဝှက်ချက်တွေကို ဖော်ပြပေးသွားမှာပါ။

မေးခွန်း (၁) – သင့်နာမည်ရဲ့ “ပထမစာလုံး” ပါဝင်တဲ့အုပ်စုကို ရွေးချယ်ပါ။(က) A B C D E F ( ၁၀ မှတ်)(ခ) G H I J K L ( ၂၀ မှတ် )(ဂ) M N O P Q R ( ၃၀ မှတ် )(ဃ) S T U V W X Y Z ( ၄၀ မှတ် )၊မေးခွန်း (၂) – သင် “မွေးဖွားခဲ့တဲ့လ” ပါဝင်တဲ့အုပ်စုကို ရွေးချယ်ပါ။(က) ဇန်နဝါရီလ ၊ ဖေဖော်ဝါရီလ ၊ မတ်လ ( ၃၀ မှတ်)(ခ) ဧပြီလ ၊ မေလ ၊ ဂျွန်လ (၂၀ မှတ် )(ဂ) ဇူလိုင်လ ၊ သြဂုတ်လ ၊ စက်တင်ဘာလ ( ၁၀ မှတ် )(ဃ) အောက်တိုဘာလ ၊ နိုဝင်ဘာလ ၊ ဒီဇင်ဘာလ ( ၄၀ မှတ် )၊

မေးခွန်း (၃) – သင် “မွေးဖွားတဲ့ရက်” ပါဝင်တဲ့အုပ်စုကို ရွေးချယ်ပါ။(က) ၁ရက် – ၈ရက် ( ၂၀ မှတ် )(ခ) ၉ရက် – ၁၆ရက် ( ၁၀ မှတ် )(ဂ) ၁၇ရက် – ၂၄ရက် ( ၃၀ မှတ် )(ဃ) ၂၅ရက် – ၃၁ရက် ( ၄၀ မှတ် )၊

မေးခွန်း (၄) – သင့်နာမည်မှာ ပါဝင်တဲ့ “စာလုံးပေါင်းအရေအတွက်” ပါဝင်တဲ့အုပ်စုကို ရွေးချယ်ပါ။(က) ၂လုံး ( ၃၀ မှတ် )(ခ) ၃လုံး ( ၁၀ မှတ် )(ဂ) ၄လုံး ( ၄၀ မှတ် )(ဃ) ၅လုံး – ၅လုံးနှင့်အထက် ( ၂၀ မှတ် )မေးခွန်၊

း (၅) – သင့်ကိုယ်သင် ဘယ်လိုလူမျိုးလို့ သတ်မှတ်ထားလဲ?(က) ပေါင်းသင်းဆက်ဆံရေးကောင်းသူ ( ၁၀ မှတ် )(ခ) ရှက်ပြီးမပွင့်လင်းသူ ( ၂၀ မှတ် )(ဂ) စပ်စုတတ်သူ ( ၄၀ မှတ် )(ဃ) မာနကြီးသူ ( ၃၀ မှတ် )၊

ကဲ အခုအားလုံးလည်း မေးခွန်းလေးတွေဖြေပြီး အဖြေလေးတွေ ရလောက်ရောပေါ့။ နောက်ဆုံးရရှိတဲ့အမှတ်ပေါင်းအလိုက် ရလဒ်လေးတွေကို အောက်မှာပြောပေးထားတာမို့လို့ အဖြေရှာလိုက်ဦးနော်၊(၁) ၅၀မှတ် – ၈၀မှတ်သင်ဟာ ဉာဏ်ကောင်းပြီး အလွန်ထက်မြက်သူတစ်ယောက်ပါ။ ကိုယ်နှုတ်အမှုအရာ ယဉ်ကျေးသိမ်မွေ့ပြီး ကိုယ်ပိုင်အမြင်ကိုယ်ပိုင်ဟန်နဲ့ နေတတ်ပါတယ်။ အနုပညာပိုင်းမှာ ထူးချွန်ထက်မြက်ပြီး ၊

သူများနဲ့မတူပဲ တမူထူးခြားတဲ့ လက်ရာတွေ ဖန်တီးတတ်ပါတယ်။ ပြောရရင် သူများနဲ့ယှဉ်ရင် သင်တင်ဆက်တဲ့ ပုံစံတွေက ဆန်းပြားပြီး ထူးခြားပြောင်မြောက်နေတာမျိုးပေါ့။

(၂) ၈၁မှတ် – ၁၂၀မှတ်သင်ဟာ အလုပ်ကြိုးစားပြီး အံ့သြဖို့ကောင်းတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ထားသူမျိုးပါ။ ဘယ်အရာကိုမဆို အလျှော့မပေးတတ်ဘဲ ရဲရဲဝံ့ဝံ့သန်သန်မာမာ ရင်ဆိုင်ဖြေရှင်းတတ်ပါတယ်။ ပြောရရင် စိတ်မာတာပေါ့။

လွတ်လွတ်လပ်လပ်နေတတ်ပြီး စိတ်ကူးယဉ်တတ်တဲ့ အကျင့်လေးရှိပြီး တစ်ခါတလေမှာ သူများထက် နည်းနည်းတော့ ဇီဇာကြောင်ပြီး ရူးတာမျိုးတော့ ရှိပါတယ်။

(၃) ၁၂၁မှတ် – ၁၆၀မှတ်သင်ဟာ ရည်မှန်းချက်ကြီးပြီး မိမိရည်မှန်းချက်၊ အလုပ်ပေါ်မှာပဲ သင့်စိတ်ကိုနှစ်မြှုပ်ထားပါတယ်။ သင့်ရဲ့လုပ်ပုံကိုင်ပုံနဲ့ ပြောပုံဆိုပုံတွေက တဖက်လူအပေါ် အတော်လေးသြဇာသက်ရောက်ပြီး မာန်ပါပါတယ်။ သင်ဟာ တစ်ခုခုကို လိုချင်ပြီဆိုရင် မရရအောင် ကြိုးစားယူတတ်ပြီး ရမ္မက်ကြီးတဲ့အပြင် အယူလည်းသန်ပါတယ်။

(၄) ၁၆၁မှတ် – ၂၀၀မှတ်သင်ဟာ စွဲမက်စရာအလှတရားတွေနဲ့ ပြည့်စုံပြီး ချစ်ဖို့ကောင်းတဲ့သူမျိုးပါ။ ဒါ့အပြင် နူးနူးညံ့ညံ့ပြောဆိုဆက်ဆံတတ်တဲ့အပြင် လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်နေတတ်ပြီး ဟာသတွေလည်း ပြောတတ်ပါသေးတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ရူးပေါပေါအပြုအမူတွေ လုပ်တတ်ပါတယ်။

Credit