Knowledge

ပိုက်ဆံတွေကို Milo ဘူးထဲထည့်ပြီး စုထားခဲ့မိလို့ ၉၈၃ သိန်းခန့်ဆုံးရှုံးလိုက်ရတဲ့ အဘွားအို

မလေးရှားအဖွားတစ်ဦးဟာ အနည်းဆုံး ရင်းဂစ် ၃၀၀,၀၀၀( သိန်း ၉၉၀ ကျော် ) ကို ပိုးမွှားများကြောင့် အဆုံးရှုံးခံခဲ့ရပြီးနောက် ဘဝတသက်တာ ဖူလုံရေးအတွက် စုဆောင်းနိုင်ရန် Milo tin ဘူးတွေက အကောင်းဆုံးနေရာမဟုတ်ကြောင်း၊

သဘောပေါက်သွားခဲ့ရပါတယ်။အဆိုပါဖြစ်ရပ်ကို Penang News Group က ဖော်ပြပေးခဲ့တာပါ။” ငါ ထုတ်လိုက်တဲ့အထုပ်တိုင်းက ပြဿနာရှိနေတယ် ၊ ပိုက်ဆံတစ်အုပ်ကို

ရင်းဂစ် ၁၁,၀၀၀ (၃၆ သိန်းကျော်) ရှိတယ် ၊ အဲ့ဒီမှာ ၂၃အုပ်ရှိတယ်ဆိုတော့ ရင်းဂစ် ၂၃၀,၀၀၀ ( သိန်း ၇၆၀ နီးပါး)ပေါ့” လို့ အဆိုပါ ပိုက်ဆံအပျက်အစီးကို ရိုက်ကူးထားခဲ့တဲ့အမျိုးသားက ဆိုပါတယ်။ပိုက်ဆံတစ်အုပ်ချင်းစီမှာ ရင်းဂစ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင် (၄၉ သိန်းကျော် မှ ၆၆ သိန်းကျော် ) သို့မဟုတ် အဲ့ဒီထပ်ပိုနိုင်ပြီး စုစုပေါင်းတွက်ချက်မှုအရ ရင်းဂစ် ၃၀,၀၀၀ မှ ၄၀,၀၀၀ (၉၉ သိန်းကျော် မှ သိန်း ၁၃၂ ကျော်) အထိရှိကြောင်း World of Buzz က ခန့်မှန်းထားပါသေးတယ်။

ဗီဒီယိုထဲအရ အတော်လေးပျက်စီးသွားတဲ့ ပိုက်ဆံအုပ်တွေကို ကြမ်းပြင်ပေါ် ပြန်ကျဲလျက် တွေ့နိုင်ပြီး ပိုးမွှားဖြစ်ကြောင်းသံသယရှိတဲ့ အနက်ရောင် အစက်အပြောက်များလည်း ပါရှိနေခဲ့ပါတယ်။ပျက်စီးမှုတွေက အတော်ဆိုးရွားနေခဲ့ပေမဲ့ အသုံးပြုနိုင်သေးတဲ့ ရင်းဂစ် ၁၁၀,၀၀၀ (သိန်း ၃၆၃ ကျော်)တန်ဖိုးရှိ ပိုက်ဆံအုပ် ၁၁ အုပ်ကို ရှာတွေ့ခဲ့ကြပါသေးတယ်။အဖွားတော့ Milo tin ဘူးတွေကြောင့် ကိုယ် ခက်ခက်ခဲခဲရှာထားခဲ့တဲ့၊

ပိုက်ဆံရဲ့သုံးပုံနှစ်ပုံလောက်ကိုာက်ကိုကို အဆုံးရှုံးခံခဲ့ရပါတယ်။စာဖတ်သူတို့လည်း ခက်ခက်ခဲခဲရှာထားရတဲ့ပိုက်ဆံတွေကို အဖွားလို မဖြစ်အောင် သေချာသိမ်းထားကြပါဗျာ။

Mia (Mckzone Daily)

Source nextshark

Credit

Unicode

မလေးရှားအဖွားတစ်ဦးဟာ အနည်းဆုံး ရင်းဂစ် ၃၀၀,၀၀၀( သိန်း ၉၉၀ ကျော် ) ကို ပိုးမွှားများကြောင့် အဆုံးရှုံးခံခဲ့ရပြီးနောက် ဘဝတသက်တာ ဖူလုံရေးအတွက် စုဆောင်းနိုင်ရန် Milo tin ဘူးတွေက အကောင်းဆုံးနေရာမဟုတ်ကြောင်း ၊

သဘောပေါက်သွားခဲ့ရပါတယ်။အဆိုပါဖြစ်ရပ်ကို Penang News Group က ဖော်ပြပေးခဲ့တာပါ။ငါ ထုတ်လိုက်တဲ့အထုပ်တိုင်းက ပြဿနာရှိနေတယ် ၊ ပိုက်ဆံတစ်အုပ်ကို ၊

ရင်းဂစ် ၁၁,၀၀၀ (၃၆ သိန်းကျော်) ရှိတယ် ၊ အဲ့ဒီမှာ ၂၃အုပ်ရှိတယ်ဆိုတော့ ရင်းဂစ် ၂၃၀,၀၀၀ ( သိန်း ၇၆၀ နီးပါး)ပေါ့” လို့ အဆိုပါ ပိုက်ဆံအပျက်အစီးကို ရိုက်ကူးထားခဲ့တဲ့အမျိုးသားက ဆိုပါတယ်။ပိုက်ဆံတစ်အုပ်ချင်းစီမှာ ရင်းဂစ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင် (၄၉ သိန်းကျော် မှ ၆၆ သိန်းကျော် ) သို့မဟုတ် အဲ့ဒီထပ်ပိုနိုင်ပြီး စုစုပေါင်းတွက်ချက်မှုအရ ရင်းဂစ် ၃၀,၀၀၀ မှ ၄၀,၀၀၀ (၉၉ သိန်းကျော် မှ သိန်း ၁၃၂ ကျော်) အထိရှိကြောင်း၊

World of Buzz က ခန့်မှန်းထားပါသေးတယ်။ဗီဒီယိုထဲအရ အတော်လေးပျက်စီးသွားတဲ့ ပိုက်ဆံအုပ်တွေကို ကြမ်းပြင်ပေါ် ပြန်ကျဲလျက် တွေ့နိုင်ပြီး ပိုးမွှားဖြစ်ကြောင်းသံသယရှိတဲ့ အနက်ရောင် အစက်အပြောက်များလည်း ပါရှိနေခဲ့ပါတယ်။

ပျက်စီးမှုတွေက အတော်ဆိုးရွားနေခဲ့ပေမဲ့ အသုံးပြုနိုင်သေးတဲ့ ရင်းဂစ် ၁၁၀,၀၀၀ (သိန်း ၃၆၃ ကျော်)တန်ဖိုးရှိ ပိုက်ဆံအုပ် ၁၁ အုပ်ကို ရှာတွေ့ခဲ့ကြပါသေးတယ်။အဖွားတော့ Milo tin ဘူးတွေကြောင့် ကိုယ် ခက်ခက်ခဲခဲရှာထားခဲ့တဲ့၊

ပိုက်ဆံရဲ့သုံးပုံနှစ်ပုံလောက်ကို အဆုံးရှုံးခံခဲ့ရပါတယ်။စာဖတ်သူတို့လည်း ခက်ခက်ခဲခဲရှာထားရတဲ့ပိုက်ဆံတွေကို အဖွားလို မဖြစ်အောင် သေချာသိမ်းထားကြပါဗျာ။

Mia (Mckzone Daily)

Source nextshark

Credit