Knowledge
သူ့ဘက်ကနေ သင့်အကြောင်းကိုပဲ တွေးနေတဲ့အခါ သင့်ဆီမှာ ဖြစ်ပေါ်လာမယ့် အရာမျာ
Credit
Unicode
စိတ်ချင်းဆက်တယ်ဆိုတာ ကြားဖူးကြတယ်မလား။ စကားလုံးအဖြစ် ပြောပြမရပေမဲ့ စိတ်ထဲကနေ သိနေတာမျိုး၊ မမျှော်လင့် တစ်ခုတည်းကို တူတူလုပ်မိနေကြတာမျိုး၊ ဘာဖြစ်လို့ ဖြစ်မှန်းမသိရုတ်တရက် ဖြစ်သွားတဲ့ အပြုအမူ/ခံစားချက်မျိုး၊ တစ်ယောက်ကို တစ်ယောက် စကားပြောစရာမလိုပဲ
နားလည်နေသလိုမျိုး၊ မျက်လုံးချင်းဆုံရုံနဲ့ သူ ဘာပြောလဲ ကိုယ်သိနေတာမျိုး ပေါ့။ဒီလို အခြေအနေတွေကို ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါက စိတ်ချင်းဆက်တဲ့ သူတွေမှာပဲ ရှိတတ်သလို မသိစိတ်ကနေ သိတဲ့ အလိုအလျောက်အခြေအနေတွေလည်း ဖြစ်ပါတယ်။
တကယ်လို့ သင့်ကို တစ်ယောက်ယောက်က စိတ်ဝင်စားနေတယ်ဆိုရင် သင်သိနေသလိုပေါ့။တစ်ယောက်ယောက်က သင့်အကြောင်း တွေးနေတဲ့အခါ သင့်ကို နှစ်သက်နေတဲ့အခါတွေမှာ သင့်မှာ ဒီလို လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။(၁) ရုတ်တရက် ပြုံးမိတာသင့်မှာ ပြုံးချင်တဲ့ အခြေအနေ၊ အကြောင်းအရာလည်း မရှိဘူး။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို ဘာကြောင့်မှန်း မသိ ပြုံးမိသွားတယ်ဆိုရင် သင့်ကို စိတ်ဝင်စားနေတဲ့သူက သင့်အကြောင်းကို တွေးနေလို့ ဖြစ်ပါတယ်။
ပြောရရင် သင့်သူငယ်ချင်းက အရမ်းဝမ်းနည်းနေတဲ့အချိန် ဒါမှမဟုတ် သင် ပျော်လို့ ပြုံးလို့ မသင့်လျော်တဲ့အခြေအနေတစ်ခု ရှိနေတဲ့အခါမှာ သင် ထိန်းလို့ မရလိုက်ပဲ ရုတ်တရက် ပြုံးမိလိုက်တာမျိုးပေါ့။
အဲ့ဒါက သူ သင့်အကြောင်း စဉ်းစားနေလို့ တယ်လီပသီအရ သင့်ကို လာသက်ရောက်သွားတာပါ။နောက်ပြီး သင့်ကို သူတွေ့တဲ့အခါ ပြုံးသွားတဲ့သူ့ကို ကြည့်ပြီး သူ သင့်ကို ဘာပြောချင်လဲဆိုတာကို သိနေသလိုမျိုးလည်း ဖြစ်တတ်ပါသေးတယ်။
(၂) ရုတ်တရက် ခံစားချက် ပြောင်းသွားတာအခြေအနေက သင့်အတွက် ပျော်ရွှင်ဝမ်းသာနေရသလို ရယ်စရာ မောစရာတွေ ရှိနေတဲ့ အခါမှာ ရုတ်တရက် ဘာကြောင့်ရယ်ဆိုတာ မသိလိုက်ပဲ ဝမ်းနည်းလာသလို ခံစားချက် ဝင်လာတာမျိုးပါ။
သင့်မှာ စိတ်လက်ကြည်လင်နေတဲ့ ပျော်စရာ အချိန် ဖြစ်နေရက်နဲ့ ပြုံးလည်း မပြုံးချင်တော့သလို တွေဝေသွားသလို ဖြစ်သွားတတ်ပါတယ်။ ဒါက သူသင့်ကို အရမ်းကို တွေးနေတာကို သင့်မသိစိတ်က သင့်ကို ပုံစံတစ်မျိုးနဲ့ အသိပေးနေတာပဲ ဖြစ်ပါတယ် …။
(၃) မသိစိတ်ကြောင့် သူ့နဲ့နီးစပ်နေတာ သို့ ဘာရယ်ကြောင့်မဟုတ် သူနဲ့ နီးစပ်လာတာတစ်ယောက်ကို တစ်ယောက် ဘာကြောင့်များ ဘယ်လို ချစ်မိသွားတာလဲဆိုတာ တွေးကြည့်ရင် အံ့သြစရာပါ။
တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ဘယ်လို တဖြည်းဖြည်း နီးစပ်သွားလဲတောင် မတွေးမိလိုက်ကြတာ ရှိပါတယ်။တကယ်တော့ မသိစိတ်ကြောင့် ပိုပို နီးစပ်သွားတာပါ။ မသိစိတ်ကြောင့် မချိန်းထားပဲ ဆုံမိတာမျိုး၊
မသိကြပေမဲ့ တူညီတဲ့နေရာမှာ တူတူ ရှိနေခဲ့ဖူးတာမျိုး၊ အင်္ကျ ီတူသွားတာမျိုးတွေ ဖြစ်သွားရတာပါ။သင်နဲ့ သူက တွေ့ကြရဖို့ ကံရှိနေလို့ကို အခုလို မသိစိတ်က သင်တို့ကို အတူရှိအောင် ဆွဲခေါ်နေခြင်း ဖြစ်ပါတယ်။သူ့ဘက်ကနေ သင့်အကြောင်းကိုပဲ တွေးနေတဲ့အခါ သင့်ဆီမှာ ဖြစ်ပေါ်လာမယ့် အရာများ…
(၄) မျက်ခမ်းလှုပ်တာမျက်စိနဲ့ ပတ်သတ်တဲ့ အလာဂျီရှိတာမျိုး ဒါမှမဟုတ် ကျန်းမာရေးအခြေအနေကြောင့်လည်း ဒါက ဖြစ်တတ်ပါတယ်။ဒါပေမဲ့ အဲ့လိုတွေနဲ့ မပတ်သတ်ပဲ ရုတ်တရက် လှုပ်တာမျိုးကတော့ သူ သင့်အကြောင်း တွေးနေလို့ဆိုတာ အသေအချာပါပဲ။
လူတွေက တစ်ခြားတစ်ယောက်အကြောင်းကို သဘောကျနေတာ မဟုတ်လည်း တွေးတတ်ကြပါတယ်။ သင့်ကို ကောင်းတဲ့အမြင်နဲ့ တွေးနိုင်သလို မကောင်းတဲ့အမြင်နဲ့လည်း တွေးကြမှာပါ။ဒါပေမဲ့ သင့်ကို သဘောကျနေတဲ့သူက တွေးနေတယ်ဆိုရင်တော့ ဘယ်ဘက်မျက်လုံးမှာ လက္ခဏာပြတတ်ပြီ၊
း ညာဘက်ဆိုရင်တော့ သင့်နဲ့ ပတ်သတ်ပြီး တစ်ယောက်ယောက် အဆင်မပြေ မပျော်ရွှင်ဖြစ်နေတာပါတဲ့။ယောင်္ကျားလေးတွေမှာဆိုရင် ညာဘက်က သူတို့ကို ချီးမွှမ်းခံနေရကြောင်း ပြောတာဖြစ်ပြီး ဘယ်ဘက်ကတော့ သူတို့ကို မကောင်းပြောနေကြောင်း ပြတာ ဖြစ်ပါတယ်။
(၅) စိတ်၏စေရာစိတ်ဆိုတာကလည်း အတော်ကို ထူးခြားဆန်းကြယ်ပါတယ်။ နေမကောင်းဖြစ်တဲ့သူတွေကိုဆို စိတ်ဓာတ်မကျလိုက်နဲ့နော်။ စိတ်တင်းထားနော်ဆိုပြီး ပြောလေ့ရှိပါတယ်။ဒါက စိတ်စွမ်းအားက ၊
ဘယ်လောက် လူ့ခန္ဓာအပေါ်သက်ရောက်လဲ အရေးပါသလဲဆိုတာ ပြနေတဲ့ သက်သေ တစ်ခုပါပဲ။ဒါကြောင့်တစ်ယောက်ယောက်နဲ့ စိတ်ချင်းဆက်သွယ်တယ် စိတ်ချင်းသိတယ်ဆိုတာလည်း စိတ်စွမ်းအားကြောင့် ပါပဲ။
Credit