Local News

ဌာပနာ အခိုးခံရတဲ့ ပုဂံဘုရားငါးဆူမှ ကြောက်မက်ဖွယ် ကျိန်စာများ

ယခု သတင်းကို Kyaw Swa Minစာမျက်နှာ မှတစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်ပုဂံကဘုရားတွေဒီတလောအဖေါက်ခံရတယ်။

ဖေါက်တဲ့လူနားမလည်တာလားတော့မသိဘူး၊ ပုဂံခေတ်ရှေးဟောင်းပစ္စည်းတွေတော့မရသွားပါဘူး၊ဘုရားတွေက၂၀၀၅ ခုနှစ်ပါတ်ဝန်းကျင်က၊

အထွဋ်တင်ပြုပြင်ထားတဲ့ စေတီပုထိုးအသစ်တွေ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်ဌာပနာထည့်လှုထားတဲ့ ပြုပြင်မွမ်းမံအလှုရှင်တွေစိတ်မချမ်းမသာဖြစ်ရပါတယ်။

ခရီးသွားတွေမရှိခြောက်ကပ်နေတဲ့အချိန်၊ ညမထွက်ရအမိန့်ကိုအခွင့်ကောင်းယူသွားတဲ့ လူလွန်မသားတွေပဲ။ပုဂံခေတ်က ကျိန်စာတခုမှာ သူ့ရဲ့ဘုရားကို၊ပျက်စီးအောင်ကြိုးပမ်းသူကိုပုဂံနဲ့ ညောင်ဦးကြားမဟာပထဝီ မြေကြီးရဲ့မြေမှုံတမှုံ ကိုတနှစ်နှုန်းနဲ့မဟာအဝီစိမှာကျပါစေလို့ ကျိန်ဆိုထားခဲ့ဖူးတယ်၊

ပုဂံမြို့ဟောင်းနဲ့ညောင်ဦးက၃မိုင်ဝေးတယ်။အလျှား၃မိုင်xမြေထု ၇၉၁၇မိုင်ဆိုတဲ့ ကိန်းဂဏန်းပေါ်ကမြေမှုံတမှုံတနှစ်နဲ့ ၊နှစ်အရေအတွက်ဟာမဟာကုဋေပေါင်းများစွာငရဲခမှာမရေမတွက်နိုင်ဘူး။ အလွန်ကြောက်ဖို့ကောင်းတယ်။ကျိန်စာအများစုမှာတော့ ဖျက်ဆီးသူဟာ ၊

အရိမေတ္တယျဘုရားရှင်ကို ဖူးခွင့်မရပါစေနဲ့လို့ကျိန်ဆိုတယ်။ အဓိပ္ပါယ်ကဒီဘဒ္ဒကမ္ဘာကြီးရဲ့နောက်ဆုံးသောဘုရားရှင်ပြီးတောင်သံသရာဝဋ်ဆင်းရဲကမကျွတ်ပါစေနဲ့ဆုတောင်းတာပဲ။

ပထမကျိန်စာထက် ကြောက်စရာကောင်းတယ်။ ဘယ်ကမ္ဘာအထိ အပယ် သံသရာလည်ကြရမယ်မသိ ။မောင်မင်းကြီးသားများ ယာမတန်ခိုးလား ကိုဗစ်တန်ခိုးလားတော့မသိဘူး မကြောက်မရွံ့ သတ္တိကောင်းကြပါပေတယ်။

Credit Original