Local News

ဂျပန်သတင်းထောက်ပြန်လွှတ်ဖို့ ဂျပန်အစိုးရတောင်းဆို

ရန်ကုန်မြို့ မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးဖို ဂျပန်အစိုးရက ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးဖို ဂျပန်အစိုးရက ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံထဲမှာရောက်နေတဲ့ ဂျပန်နိုင်ငံသားတွေ ဘေးကင်းလုံခြုံရေးအတွက် ကျနော်တို့အစွမ်းကုန်လုပ်ကိုင်နေတဲ့အချိန်မှာ အဖမ်းခံထားတဲ့ ဂျပန်သတင်းထောက်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ကျနော်တို့ ဆက်တိုက်တောင်းဆိုသွားမှာပါ။

ခုလိုဖမ်းဆီးထားရတဲ့အကြောင်းရင်းကို ရှင်းပြဖို့၊ သူ့ကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ဂျပန်အစိုးရက တောင်းဆိုထားပါတယ် ။

လို့ ဂျပန်အစိုးရအတွင်းဝန်ချုပ် Katsunobu Kato ကသတင်းထောက်တွေကို ဒီကနေ့တနင်္လာနေ့မှာပဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။အဖမ်းခံထားရသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မစ္စတာ Kato ကပြောဆိုမသွားပါဘူး။

ဒါပေမယ့်လည်း ဂျပန်သတင်းဌာနတွေကတော့ မြန်မာနိုင်ငံမှာ အဖမ်းခံထားသူဟာ Nikkei စီးပွါးရေးသတင်းစာက သတင်းထောက်ဟောင်းတဦးဖြစ်သူ။Yuki Kitazumi ဖြစ်ပြီး လက်ရှိမှာ အလွတ်တန်းသတင်းထောက်အဖြစ် ရန်ကုန်မှာ အခြေစိုက်လုပ်ကိုင်နေသူဖြစ်တယ်လို့ပြောကြပါတယ်။Kitazumi ကိုသူ့အိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီ မျက်မြင်တွေ့သူတွေကို ကိုးကားပြီး ဂျပန် NHK ရုပ်သံဌာနက ပြောပါတယ်။

စစ်အာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေကို သတင်းရေးသားဖော်ပြနေတဲ့ Kitazumi ဟာ ဖေဖော်ဝါရီလနှောင်းပိုင်းတုန်းကလည်း ခေတ္တ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးဆန္ဒပြပြည်သူတွေအပေါ် သွေးထက်သံယို အကြမ်းဖက်နှိမ်နှင်းနေတာကို ဂျပန်နိုင်ငံက ဝေဖန်ပြစ်တင်နေပေမယ့် စစ်ဗိုလ်ချုပ်တွေကိုအရေးယူဒဏ်ခတ်နေတဲ့ ။

အမေရိကန်နဲ့ အခြားကမ္ဘာ့နိုင်ငံတွေလို ပြင်းပြင်းထန်ထန်တုန့်ပြန်တာမျိုးမဟုတ်ပဲ သိမ်မွေ့စွာ ချည်းကပ်နေတာဖြစ်ပါတယ်။

Credit

“မြန်မာနိုင်ငံထဲမှာရောက်နေတဲ့ ဂျပန်နိုင်ငံသားတွေ ဘေးကင်းလုံခြုံရေးအတွက် ကျနော်တို့အစွမ်းကုန်လုပ်ကိုင်နေတဲ့အချိန်မှာ အဖမ်းခံထားတဲ့ ဂျပန်သတင်းထောက်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ကျနော်တို့ ဆက်တိုက်တောင်းဆိုသွားမှာပါ။

ခုလိုဖမ်းဆီးထားရတဲ့အကြောင်းရင်းကို ရှင်းပြဖို့၊ သူ့ကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ဂျပန်အစိုးရက တောင်းဆိုထားပါတယ်။

လို့ ဂျပန်အစိုးရအတွင်းဝန်ချုပ် Katsunobu Kato ကသတင်းထောက်တွေကို ဒီကနေ့တနင်္လာနေ့မှာပဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဖမ်းခံထားရသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မစ္စတာ Kato ကပြောဆိုမသွားပါဘူး။ ဒါပေမယ့်လည်း ဂျပန်သတင်းဌာနတွေကတော့ မြန်မာနိုင်ငံမှာ အဖမ်းခံထားသူဟာ၊Nikkei စီးပွါးရေးသတင်းစာက သတင်းထောက်ဟောင်းတဦးဖြစ်သူ Yuki Kitazumi ဖြစ်ပြီး လက်ရှိမှာ အလွတ်တန်းသတင်းထောက်အဖြစ် ရန်ကုန်မှာ အခြေစိုက်လုပ်ကိုင်နေသူဖြစ်တယ်လို့ပြောကြပါတယ်။

Kitazumi ကိုသူ့အိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီ မျက်မြင်တွေ့သူတွေကို ကိုးကားပြီး ဂျပန် NHK ရုပ်သံဌာနက ပြောပါတယ်။

စစ်အာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေကို သတင်းရေးသားဖော်ပြနေတဲ့ Kitazumi ဟာ ဖေဖော်ဝါရီလနှောင်းပိုင်းတုန်းကလည်း ခေတ္တ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးဆန္ဒပြပြည်သူတွေအပေါ် သွေးထက်သံယို အကြမ်းဖက်နှိမ်နှင်းနေတာကို ဂျပန်နိုင်ငံက ဝေဖန်ပြစ်တင်နေပေမယ့် ၊

စစ်ဗိုလ်ချုပ်တွေကိုအရေးယူဒဏ်ခတ်နေတဲ့ အမေရိကန်နဲ့ အခြားကမ္ဘာ့နိုင်ငံတွေလို ပြင်းပြင်းထန်ထန်တုန့်ပြန်တာမျိုးမဟုတ်ပဲ သိမ်မွေ့စွာ ချည်းကပ်နေတာဖြစ်ပါတယ်။

Credit